Author's Profile Photo

KAUNG SAN

10/04/2024

အရက်လေးသောက်ပြီးအိပ်တဲ့ညတွေကအိပ်လို့ပိုကောင်းလား

1 min read
Life Style
Health
General Knowledge
အရက်လေးသောက်ပြီးအိပ်တဲ့ညတွေကအိပ်လို့ပိုကောင်းလား's photo

ကျွန်တော်အပါအဝင် လူတော်တော်များများက alcoholလေး ဝင်သွားရင် ပိုပြီးအိပ်လို့ကောင်းတယ်လို့ တစ်ခါလောက်တော့ ထင်ဖူးကြမှာပါ။

အရက်သောက်တာက မြန်မြန်အိပ်ပျော်စေသလားဆိုရင် ဟုတ်ပါတယ်
အရက်သောက်ပြီးခါစအချိန်မှာ ကျွန်တော်တို့ကို အိပ်ချင်စေတယ် မြန်မြန်အိပ်ပျော်စေတယ်။
ဒါပေမဲ့ အရက်သောက်အိပ်တဲ့အခါ ကျွန်တော်တို့က ကောင်းမွန်တဲ့အိပ်စက်ခြင်းကိုတော့ မရနိုင်ပါဘူး။

သောက်ပြီးခါစအချိန်မှာ အိပ်ချင်စေတဲ့ အကျိုးသက်ရောက်မှုရှိပေမဲ့ ခန္ဓာကိုယ်ထဲမှာ alcoholကို ဖြိုခွဲလိုက်တဲ့အခါ အိပ်ငိုက်စေတဲ့ အကျိုးသက်ရောက်မှုက ပျောက်သွားပြီး
ကျွန်တော်တို့ရဲ့ အိပ်ချိန်စက်ဝန်း (sleep cycle)ကိုနှောင့်ယှက်ပါတော့တယ်

ပထမဆုံးအနေနဲ့ REM(rapid eye movement) sleepကို လျော့သွားစေပါတယ်။ REM sleepဆိုတာ sleep cycle မှာပါတဲ့ အနှစ်ခြိုက်ဆုံးအိပ်ပျော်နေတဲ့အချိန်ပဲဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် ကျွန်တော်တို့ အိပ်မက်တွေ မက်နေတဲ့ အချိန်လည်းဖြစ်ပါတယ်။ REM sleepလျော့သွားတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက်မအိပ်ရတဲ့အတွက် အိပ်ရေးမဝတော့ပါဘူး။

အိပ်ပျော်သွားပြီးမှ ခဏခဏ ပြန်နိုးလိုက် ပြန်အိပ်ပျော်လိုက် ဖြစ်တတ်တဲ့ fragmented sleep ကလည်း အရက်သောက်အိပ်တဲ့ညတွေမှာ ဖြစ်တတ်တဲ့ ဆိုးကျိုးတွေထဲကတစ်ခုပါပဲ။

အရက်သောက်အိပ်တဲ့အခါ ညဦးပိုင်းမှာ အိပ်ပျော်သွားတယ်ဆိုပေမဲ့ အိပ်ချိန်အတွင်းပြန်နိုးလာနိုင်ချေများပါတယ်။ နိုးလာရင်လည်းပြန်အိပ်ပျော်ဖို့ခက်ခဲပါတယ်။

အရင်ကတည်းက အိပ်ချိန်မမှန်တဲ့သူ ၊ ညဘက်အိပ်မပျော်တဲ့သူမျိုးတွေဆိုရင် sleep pattern တွေပြောင်းလဲကုန်ပြီး အရက်ကြောင့် sleep disorder ကို ပိုဆိုးစေမှာဖြစ်ပါတယ်။

အဲ့တော့ဗျာ အရက်သောက်အိပ်တဲ့အခါမှာကောင်းမွန်သောအိပ်စက်ခြင်းကိုလုံးဝရနိုင်မှာမဟုတ်တဲ့အပြင် အိပ်ယာထဲမှာအိပ်နေရင်း အချိန်အများကြီး ကုန်သွားမယ်ဆိုရင်တောင် Quality sleep မရတဲ့အတွက် နောက်တစ်နေ့မနက် နိုးတဲ့အခါမှာ အားပြည့်တက်ကြွနေမယ့်အစား ပင်ပန်းနွမ်းနယ်ပြီး နုံးချည့်နေမှာပဲဖြစ်ပါတယ်ဗျ။

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်း