Author's Profile Photo

SarPhat Author

10/04/2024

ကျေးဇူးတင်ပါတယ်

1 min read
Life Style
Personal Development
General Knowledge
ကျေးဇူးတင်ပါတယ်'s photo

ဒီစကားလေးကို လူတိုင်းကြားဖူးကြမယ်ဆိုတာ သေချာပါတယ်။
ဒါပေမဲ့ လူတိုင်းတော့ ပြောဘူးမယ်လို့ ကျွန်တော်ကတော့ မထင်ပါဘူး။

ကျွန်တော့်အထင်ဖြစ်လို့ မှားတယ်၊မှန်တယ် ဆိုတာကို ငြင်းနေမှာမဟုတ်သလို
သက်သေပြနေမှာလည်း မဟုတ်ပါဘူး။

ဒီ “ ကျေးဇူးတင်ပါတယ် “ ဆိုတဲ့ စကားလုံးလေး က တန်ဖိုးလည်း
အလွန်ရှိတဲ့စကားလေးမို့လို့ ကျွန်တော်ကတော့ လက်ကိုင်ထားပြီး သုံးဖြစ်ပါတယ်။

ကျွန်တော် ပစ္စည်းအလေးကြီးသယ်ပြီး အဝင်တံခါးကို ကိုယ်တိုင်မဖွင့်နိုင်တဲ့အချိန်
တာဝန်ကျ ဝန်ထမ်းလေးက တံခါးဖွင့်ပေးတဲ့အခါ “ ကျေးဇူးတင်ပါတယ် “ လို့
ပြုံးပြီးပြောတယ်။

ကျွန်တော် အငှားကား ငှားစီးတဲ့အခါ ကားတံခါး ကူဖွင့်ပေးတဲ့
ကားဒရိုင်ဘာကြီးကိုလည်း “ ကျေးဇူးတင်ပါတယ်” လို့ပြောတယ်။

ကျွန်တော်ဈေးဝယ်တဲ့အခါ ပိုပိုသာသာထည့်ပေးတဲ့
အဒေါ်ကြီးကိုလည်း “ ကျေးဇူးတင်ပါတယ်” လို့ပြောတယ်။

ကျွန်တော်စာအုပ်သွား၀ယ်တဲ့အခါ စာအုပ်ကူရှာပေးတဲ့
စာအုပ်ဆိုင်က ၀န်ထမ်းလေးကိုလည်း "ကျေးဇူးတင်ပါတယ်" လို့ ပြောတယ်။

ဆိုတော့ ကျွန်တော့်အတွက် ကောင်းကျိုးဖြစ်စေသူ မှန်သမျှကို
ကျွန်တော်ကတော့ “ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်တာကြည့်ပါပဲ။

တကယ်တော့ တံခါးဖွင့်ပေးတဲ့ဝန်ထမ်းလေး၊
အငှားကား မောင်းတဲ့ ကားဒရိုင်ဘာကြီး၊ ဈေးရောင်းတဲ့ဈေးသည် အဒေါ်ကြီး၊
စာအုပ်ဆိုင်က ၀န်ထမ်းလေး “သူတို့က သူတို့အလုပ်ကိုလုပ်နေတာပဲ၊
ကျေးဇူးတင်စရာမလိုဘူးလေ” လို့ တွေးကောင်း တွေးနိုင်ပါတယ်။

ဟုတ်ပါတယ် သူတို့က သူတို့အလုပ်ကို သူတို့လုပ်ကြတာပါ။
ကျွန်တော် ကျေးဇူးတင်တယ် ဆိုတာက သူတို့အလုပ်ကိုလုပ်နေတာကိုမဟုတ်ပါဘူး။
သူတို့အလုပ်လေးမှာ ထပ်ထည့်ထားတဲ့ ကောင်းမွန်တဲ့ စေတနာလေးကိုပါ။
အဲ့ဒီစေတနာလေးကို အသိမှတ်ပြုလို့ နှုတ်ကနေထုက်ပြောလိုက်တာပါ။

မပြောလည်း ဘာမှမဖြစ်ပါဘူးလို့ စောဒကတက်နိုင်ပါတယ်။
မှန်ပါတယ်။ မပြောလည်း ရပါတယ်။ ဒါပေမဲ့ မပြောလိုက်တဲ့အတွက်
ပြောလိုက်ရင် ရလာမယ့် အကျိုးကျေးဇူးလေးတွေ မရနိုင်တော့ဘူးပေါ့ဗျာ။

ဘာအကျိုးကျေးဇူးလည်း လို့ ကျွန်တော့်ကို မေးမယ်ဆိုရင်တော့။
ကိုယ်တိုင် “ ကျေးဇူးတင်ပါတယ် “ လို့ပြောကြည့်ပေါ့ဗျာ။
တကယ် ကျေးဇူးတင်တဲ့စိတ်နဲ့ ပြုံးပြီးပြောတာတော့ ဖြစ်ပါစေနော်။

မောင်ရှင်းသန့်(ရွှေညာမြေ)

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၅-၈) စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုး