မြသွန်း(တောင်ဒဂုံ)
?ယနေ့အချိန်အထိ ကမ္ဘာတစ်လွှားမှာနာမည်ကျော်ကြားပြီး အောင်မြင်မှုတွေကိုပိုင်ဆိုင်ထားတဲ့ KFCကြက်ကြော်ဆိုင်ဟာဆိုရင် လူအများရဲ့အသည်းစွဲဖြစ်နေပါပြီ။ အခုလိုကမ္ဘာကျော်ထိပ်တန်း KFCစားသောက်ဆိုင်ကြီးကို တည်ထောင်ခဲ့သူကတော့ တစ်ခြားသူမဟုတ်ပါဘူး။ KFC logoထဲက အဘိုးကြီးပဲဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာ သူဖြတ်သန်းခဲ့ရတဲ့ဘဝအကြောင်းနဲ့ ခက်ခဲရုန်းကန်မှုတွေကို ပြောပြပေးသွားမှာပါ။ သူ့ရဲ့နာမည်ကတော့ Colonel Sanders လို့ခေါ်ပါတယ်။ သူအသက်(၅)နှစ်အရွယ်မှာ ဖခင်ဖြစ်သူကိုဆုံးရှုံးလိုက်ရတယ်၊ အသက်(၁၆)နှစ်အရွယ်မှာ ကျောင်းကနေထွက်လိုက်ပါတယ်။
?ကျောင်းကထွက်ပြီးအလုပ် လုပ်ပေမယ့် အသက်(၁၇)နှစ်အရွယ်မှာ အလုပ်(၄)ခုကနေတောင်ပြုတ်ပြီးနေပါပြီ။ ဒီလိုနဲ့(၁၈)နှစ်မှာ အိမ်ထောင်ပြုပြီးတော့ ရထားလက်မှတ်အရောင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ (၁၉)နှစ်အရွယ်မှာ သမီးလေးမွေးဖွားပြီး ဖခင်တစ်ဦးဖြစ်လာပါတော့တယ်။ ဒါမယ့် အသက်(၂၀)လည်းရောက်ရော မိန်းမနဲ့ကွဲပြီး သမီးဖြစ်သူလည်းမိန်းမနဲ့အတူပါသွားခဲ့ပါတယ်။ အသက်(၂၂)နှစ်အရွယ်မှာ ဥပဒေကျောင်းတက်ဖို့ ဝင်ခွင့်လျှောက်တယ်၊ ပယ်ချခံရတယ်၊ အာမခံကုမ္ပဏီမှာအလုပ်လုပ်တယ်၊ နောက်တော့ အလုပ်ပြုတ်ပြန်တယ်၊ အသေးစား စားသောက်ဆိုင်လေးမှာ စားဖိုမှူးအလုပ်နဲ့ ပန်းကန်ဆေးအလုပ်ကို တွဲလုပ်ခဲ့ပြန်ပါတယ်။ နောက်တော့ စစ်တပ်ထဲကိုဝင်သွားခဲ့ပါတယ်။
?ဒီလိုနဲ့အသက်(၆၅)နှစ်အရွယ်မှာ ပင်စင်ယူလိုက်ပါတယ်။ ပင်စင်ယူတဲ့ပထမဦးဆုံးနေ့မှာပဲ အစိုးရဆီက $105ဒေါ်လာကိုရရှိခဲ့ပါတယ်။ ဒါမယ့် အဲ့လောက်ပိုက်ဆံလေးနဲ့လတိုင်းလတိုင်း သူဘယ်လိုသုံးရမလဲဆိုပြီး စဉ်းစားရင်း စဉ်းစားရင်းသူ့ကိုယ်သူစိတ်ပျက်လာခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံးကို ပြန်တွေးကြည့်ရင်လည်း ဆုံးရှုံးမှုတွေနဲ့ချည်း ပြည့်နှက်နေတာကြောင့် သူကအသက်ရှင်ဖို့တောင်မထိုက်တန်ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုအဆုံးစီရင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ သစ်ပင်လေးအောက်မှာထိုင်ပြီး သေတမ်းစာရေးနေခဲ့ပါတယ်။ အဲ့လိုရေးနေတုန်း အဖိုးတန်တဲ့အတွေးတစ်ခုက သူ့ခေါင်းထဲကိုရောက်သွားခဲ့ပါတယ်။
?အရွယ်ကောင်းချိန်တစ်ချိန်လုံးမှာ အရှုံးတွေနဲ့ပဲထိပ်တိုက်တွေ့ခဲ့ရပေမယ့် အဲ့ထဲကမှရှားရှားပါးပါး သူဝါသနာပါခဲ့တဲ့ဟင်းချက်အလုပ်ကတော့ သူ့ကိုပျော်ရွှင်မှုတွေပေးခဲ့တာပဲဆိုပြီး သူတွေးမိသွားပါတယ်။ တကယ်တော့ သူ့ဘဝမှာ သူမလုပ်ရသေးတဲ့အရာတွေအများကြီးရှိနေခဲ့တာပါ။ ဒါကိုသေချာေလးသိသွားတဲ့ Sandersတစ်ယောက် $87ဒေါ်လာကိုချေးယူပြီး ဒယ်အိုးတစ်ခုနဲ့လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူလိုက်ပါတယ်။ သူစဉ်းစားမိတဲ့ menuကတော့ အားလုံးသိကြတဲ့အတိုင်း ကြက်ကြော်ပါပဲ။ သူဟာ အရသာရှိတဲ့ကြက်သားတွေကိုကြော်ပြီး အိမ်နီးချင်းတွေဆီလိုက်လံရောင်းချခဲ့ပြီးတော့ ဆိုင်လေးတစ်ဆိုင်ဖွင့်ဖို့လိုင်စင်တောင်လျှောက်လိုက်ပါတယ်။ အဲ့လိုလျှောက်တော့ အကြိမ်ပေါင်း1009ကြိမ်အထိ ပယ်ချခံခဲ့ရပြီးတော့ နောက်ဆုံး1010အကြိမ်မှသာ လိုင်စင်ကိုရရှိသွားခဲ့တာပါ။
?အဲ့မှာပဲစတင်ဖွင့်လှစ်ခဲ့တဲ့ KFCကြက်ကြော်ဆိုင်ကြီးဟာဆိုရင် ဒီကနေ့အချိန်အထိနိုင်ငံပေါင်းများစွာမှာ ဆိုင်ခွဲပေါင်းများစွာနဲ့အတူ အောင်မြင်လာပါတော့တယ်။ သေချာပြန်ပြီးစဉ်းစားကြည့်ရင် သူအဆုံးစီရင်ဖို့ကြိုးစားခဲ့တာ အသက်65နှစ်အရွယ်၊ ဒီအသက်ရွယ်မှာပဲ အသိတရာရပြီး "တစ်"ကနေပြန်စလိုက်တာ နောက်ဆုံးအသက်88နှစ်အရွယ်ရောက်တော့ မီလီယံနာသန်းကြွယ်သူဌေးကြီးဖြစ်သွားခဲ့ပါတယ်။ Sandersရဲ့ story လေးကနေ ကျွန်မတို့အားလုံးသိလိုက်ရတာက တစ်ခုခုကိုစတင်ဖို့အတွက် ဘယ်တော့မှနောက်မကျသေးဘူးဆိုတာပါပဲ။ ဘယ်တော့မှ အရှုံးမပေးလိုက်ပါနဲ့။ ကိုယ်ရဲ့အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်လိုက်ပါ။
?ဘယ်နှကြိမ်ပဲပယ်ချခံရခံရ ကိစ္စမရှိပါဘူး။ အရေးကြီးတာက ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ထားပြီးကြိုးစားလိုက်ပြီဆိုတာနဲ့ အောင်မြင်မှုကသူ့အလိုလို ပါလာပါလိမ့်မယ်။ နောက်တစ်ခု စိတ်ရှည်ဖို့လည်းလိုပါတယ်။ ၁၀ပယ်ချခံရတာလား၊ အကြိမ်၁၀၀လောက်ပယ်ချခံရတာလား၊ နောက်ဆုံး၁၀၀၀လောက်ပယ်ချခံနေရရင်တောင်မှ Sanders လိုလက်မလျှော့ဘဲ အဆုံးထိကြိုးစားရင်တော့ ပန်းတိုင်ကိုတစ်နေ့အရောက်လှမ်းနိုင်မှာပါ။ ထပ်ပြောပါမယ်... သင့်ရဲ့အိပ်မက်နောက်ကိုလိုက်ဖို့ ဘယ်တော့မှနောက်မကျသွားပါဘူး။ ဒါကြောင့် ဘယ်တော့မှအားမငယ်လိုက်ပါနဲ့။ Sanders လို အသက်(၆၀)ကျော်အဘိုးကြီးတောင် လုပ်နိုင်သေးတာပဲ။ မိတ်ဆွေတို့က ဘာကိုစောင့်နေကြတာလဲရှင်...
Keep Reading