SarPhat Author
Spyware: 19 [Final]
၄၁
ဦးနိုင်ကြီး၏ အိမ်ရှေ့သို့ ဦးအောင်ကျော်တို့ မောင်းနှင်လာသော ကားလေးရောက်ရှိလာသည်။
"လှဦး၊ ကောင်မလေးပေးထားတဲ့ လိပ်စာ မှန်ရဲ့လား။"
ဦးအောင်ကျော်က သူ့တပည့်ကို ပြောလိုက်သည်။ သူ့တပည့်လည်း ကားပေါ်ငိုက်နေရာမှ မျက်လုံးပြူးကြောင်ကြောင်နှင့် ဘေးဘီဝဲယာ ကြည့်ရှုလိုက်သည်။ ချမ်းချမ်းပို့ထားသော ဖုန်းမက်ဆေ့ခ်ျကိုလည်း ပြန်ကြည့်လိုက်သည်။
"ဟုတ်တယ်ဆရာ။ ဒီနေရာဘဲ။"
"ဟုတ်တယ်ဆို ဆင်းမယ်လေ။"
"ဟုတ်ကဲ့ဆရာ။"
နှစ်ယောက်သား ကားပေါ်က ဆင်းကြတော့သည်။ မကြာသေးခင်က မိုးအကြီးအကျယ် ရွာသွန်းထားသောကြောင့် နေရာတိုင်းလိုလို စိုစွတ်နေသည်။ ဦးနိုင်ကြီး၏ တိုက်အပေါက်ရှေ့သို့အရောက် တံခါးပေါက်ကလေး ဖွင့်ထားသည်ကို တွေ့ရသည်။ သတိဝီရိယဖြင့် ဦးအောင်ကျော်တို့ ဆရာတပည့် ချဉ်းကပ်ကြသည်။
×××××
"ကဲ..... အဖြေကမှားတဲ့အတွက် ငါပြောထားတဲ့အတိုင်း မင်းလုပ်ရမယ်။"
ကိုဦး၏မေးခွန်းကိုမဖြေနိုင်သောကြောင့် ချမ်းချမ်း အခက်ကြုံလေသည်။ စိတ်ထဲတွင် ဦးအောင်ကျော်တို့ မြန်မြန်သာ ပေါ်လာစေချင်တော့သည်။ ကိုဦးက သေတ္တာပုံးအနားသို့သွားကာ ချမ်းချမ်းကို ခေါ်လိုက်သည်။
"လာ..... ဒီအထဲမှာ မင်းကြိုက်တာရွေး"
ချမ်းချမ်းက ဦးနိုင်ကြီးကို ပြန်ကြည့်သည်။ ဦးနိုင်ကြီးက စိုးရိမ်ထိတ်လန့်နေသော မျက်နှာအမူအရာဖြစ်နေသည်။
"အချိန်မဆွဲနဲ့၊ လာ....."
ကိုဦးက ချမ်းချမ်းကို လက်ဆွဲကာ ခေါ်လိုက်သည်။ ချမ်းချမ်းသည်။ ထိုင်နေရာမှ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်ကာ မဝံ့မရဲ ပါသွားရတော့သည်။ သေတ္တာပုံးကြီးအနားသို့ ရောက်သည့်အခါ ငုံ့၍ကြည့်လိုက်မိသည်။ သံဖြတ်လွှကအစ ကြွေပြားဖြတ်စက်များပါ တွေ့ရသည်။ အနည်းဆုံး ဖြတ်စက်များ ငါးခုထက်မက ရှိသည်။ ချမ်းချမ်းက မည်သည့်အရာကို ကောက်ကိုင်ရမည်မသိ ချီတုန်ချတုန် ဖြစ်နေသည်။ ကိုဦးက စိတ်မရှည်တော့သဖြင့် တခုချင်းစီ ကောက်ကိုင်ကာ ရှင်းပြတော့သည်။
"ဒါက သံဖြတ်လွှ၊ ယောက်ျားလေးအားနဲ့ဆိုရင်တောင် အနည်းဆုံး နာရီနဲ့ကို ကြာတယ်။ ဒါကတော့ သစ်သားတို့ အထပ်သားတို့ ဖြတ်တဲ့ဟာပေါ့။ သူကတော့ ကိုင်တတ်ရင် မကြာပါဘူး။ ဒီကောင်ကတော့ သံဖြတ်တဲ့စက်ပေါ့။ သူကတော့ အားလုံးထဲမှာ အကောင်းဆုံးလို့ ပြောရမယ်။ သံထည်အထူကြီးတွေတောင်မှ ခဏလေးနဲ့ ဖြတ်လို့ရတယ်။ မင်းကြိုက်တာရွေးမလား။ ငါ ရွေးပေးရမလား။ ငါ ကြည့်ချင်နေပြီ။ အချိန်မဆွဲနဲ့တော့ မြန်မြန်လုပ်။"
ကိုဦးက ထိုသို့ပြောပြီးနောက် မဝံ့မရဲဖြစ်နေသော ချမ်းချမ်းကို ခဏကြည့်နေသည်။ စက္ကန့်ပိုင်းခန့်ကြာသောအခါ စိတ်မရှည်တော့သဖြင့် သေတ္တာပုံးထဲ လက်ထည့်ကာ ရွေးချယ်ပေးလိုက်တော့၏။
"ရော့.....၊ ဒါနဲ့ဆို အဆင်ပြေမှာပါ။ သူလည်းခဏပဲ အောင့်ခံရမှာ.....။"
ကိုဦးရွေးချယ်ပေးလိုက်သည်က သံဖြတ်သည့် စက်။ ရေချိုးခန်းအတွင်း၌ ရှိသော ပလက်ပေါက်ကို တပ်လိုက်သည်။ ပြီးနောက် ခလုတ်ကိုဖွင့်ပြလိုက်သည်။
"ဝှီး....."
ဖြတ်စက်မှ အသံနှင့်အတူ ကိုဦး၏ကိုင်ထားသောလက်တို့သည် တုန်ခါမှု ဖြစ်ပေါ်သွားသည်ကို ချမ်းချမ်းမြင်လိုက်ရပြီး ကြောက်စိတ်၊ စိုးရိမ်စိတ်တို့ ဖြစ်ပေါ်လာသည်။
"ရော့..... စောနကငါဖွင့်ပြသလို ခလုတ်နှိပ်ပြီး ဖြတ်မယ့်နေရာပေါ်သာ တင်လိုက်။ မင်းရဲ့ ရေစိုနေတဲ့အဝတ်အစားလည်း ခြောက်လောက်ပြီဆိုတော့ အခုဝတ်ထားတဲ့အဝတ်အစား သွေးပေသွားလည်း ကိစ္စမရှိပါဘူး။ ဘာမှ ကြောက်မနေနဲ့။ ငါတယောက်လုံးရှိတယ်။"
ကိုဦးက ထိုသို့ပြောပြီး ချမ်းချမ်းထံသို့ ဖြတ်စက်ကို လှမ်းပေးလိုက်သည်။ ကေဘယ်လ်ကြိုးများနှင့် ချည်နှောင်ထားခံရသော ချမ်းချမ်း၏ လက်တို့သည် မလှုပ်မယှက်ဖြင့် ပေါင်တွင်ကပ်နေသည်။ ထိုအခါ ကိုဦးက လက်ကိုဆွဲယူလိုက်ပြီး လက်ထဲ ထည့်ပေးလိုက်သည်။ စက်၏အလေးချိန်ကြောင့် လက်ထဲရောက်လာသောစက်သည် ချမ်းချမ်း၏ လက်တို့ကို အောက်သို့ဆန့်တန်းသွားအောင် လုပ်လိုက်သည်။
"လေးတယ်။ ပြီးတော့ တုန်တယ်၊ ခါတယ်။"
ကိုဦးက ချမ်းချမ်းကို ပြောလိုက်သည်။ ချမ်းချမ်းက ပို၍ ကြောက်ရွံ့ထိတ်လန့်သွားသည်။ ကိုဦးက ဦးနိုင်ကြီး၏ ခြေထောက်နှစ်ချောင်းကို ဆွဲဆန့်လိုက်သည်။ ဦးနိုင်ကြီးက ရုတ်တရက် ဖြစ်သွားသောကြောင့် ထိတ်လန့်နေရသည်။ ချမ်းချမ်းက ကိုဦးကို ကြည့်လိုက်သည်။ ကိုဦးက စက်ကို မေးငေါ့ပြသည်။ ချမ်းချမ်းက ဦးနိုင်ကြီးကို ကြည့်ပြန်သည်။ ဦးနိုင်ကြီးသည် မျက်လုံးမှိတ်ကာ တခုခုကို အာရုံပြုနေသည်။ ချမ်းချမ်းက ဖြတ်စက်၏ ခလုတ်ကို နှိပ်ကာဖွင့်လိုက်သည်။
"ဝှီး......"
စက်၏မြည်သံ အဟုန်နဲ့အတူ ကိုဦး၏ စကားအော်ပြောသံကိုလည်း ကြားလိုက်ရသည်။
"ကြောက်အားလန့်အားနဲ့ ဖွင့်ပြီး မလွှတ်ချလိုက်နဲ့နော်။ ကိုယ်ကိုင်ထားတဲ့စက်က ကိုယ့်ဆီပြန်လာပြီး အကုန်တစဆီ စုတ်ပြတ်သက်သွားလိမ့်မယ်။"
ချမ်းချမ်းသည် ပို၍ကြောက်လန့်သွားသည်။ စက်၏ တုန်ခါအားကြောင့် ကြောက်လန့်သည့် စိတ်တို့သည် ပို၍ ထိတ်လန့်ရတော့သည်။ နဖူးပေါ်တွင်လည်း ချွေးစက်တချို့ သီးလာသည်။ ကိုဦးက ဦးနိုင်ကြီး၏ ခြေထောက်ကို နင်းထားသည်။ ချမ်းချမ်းမှာ စက်ကိုကိုင်ကာ ကိုဦး၏ ဘေးတွင် ရပ်နေလိုက်သည်။
"အောက်ကို ထိုင်ချလိုက် ပြီးရင် ကိုယ်ဖြတ်မယ့်နေရာပေါ် တင်ပြီး ဆွဲလိုက်တော့။"
ကိုဦးက ချမ်းချမ်းကို ညွှန်ကြားလိုက်သည်။ ချမ်းချမ်းအောက်သို့ ဆောင့်ကြောင့် ထိုင်ချလိုက်သည်။ ဦးနိုင်ကြီးက မျက်လုံးကို စုံမှိတ်ထားသည်။ ဒူးဆစ်ကို ဖြတ်ရန်ရာထားလိုက်သည်။ ဖြတ်ရန်အတွက် စိတ်ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဖြတ်စက်ကို ဒူးဆစ်ပေါ် နောက်တကြိမ် အသေအချာတင်လိုက်သည့်အချိန်တွင် မီးမှောင်သွားလေသည်။ စက်သံသည်လည်း ငြိမ်သွားပြီး ရေချိုးခန်းထဲရှိ လူသံများသည်လည်း စက္ကန့်ပိုင်းမျှ တိတ်ဆိတ်သွားသည်။ ပြီးနောက် ကိုဦးက ဖုန်းမီးကိုဖွင့်ကာ စကားပြောလေသည်။
"ဒီမှာခဏ နေကြအုံး။ ဘာဖြစ်သလဲဆိုတာ သွားကြည့်လိုက်အုံးမယ်။ ဒီတအိမ်ထဲပျက်တာလား။ အကုန်ပျက်တာလားဆိုတာ။ ကောင်းခန်းရောက်ရင် မီးပျက်တယ်ဆိုတာ ဒါမျိုးနေမှာ။"
ကိုဦးက ဖုန်းမီးကိုကိုင်ကာ အခန်းအပြင်သို့ ထွက်ခွါသွားတော့၏။ ချမ်းချမ်းသည်လည်း ကိုဦးထွက်သွားပြီးနောက်တွင် ဖြတ်စက်ကို အသာချကာ ပလပ်ကိုစွဲဖြုတ်လိုက်သည်။ တုတ်နှောင်ခံထားရသော လက်တို့ဖြင့် ဦးနိုင်ကြီး၏ ပါးစပ်မှတိတ်တို့ကို အသာအယာဆွဲခွါ လိုက်သည်။
"သမီး အန်ကယ်လ်တို့ မလွတ်နိုင်တော့ဘူးလား။"
ဦးနိုင်ကြီးက ပါးစပ်မှတိတ်ကို ခွါလိုက်ပြီးသောအခါ တုန်ရီတိုးညှင်းစွာဖြင့် ချမ်းချမ်းကို မေးလိုက်သည်။
"သမီးတို့ မကြာခင်လွတ်တော့မှာပါ အန်ကယ်လ်။ လာကယ်တဲ့သူတွေ ရောက်နေလောက်ပါပြီ။"
ချမ်းချမ်းက ထိုသို့ပြောပြီးနောက် ဖုန်းမီးအရောင်ကို တွေ့လိုက်၍ ဟန်မပျက် ပြန်ထိုင်နေလိုက်သည်။ ဖုန်းမီးကိုင်ဆောင်လာသော လူသည်အခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်လာသည်။ ပြီးနောက် မီးပြန်လာသည်။ အမှောင်မှ ရုတ်တရက် လင်းသွားသောကြောင့် မျက်လုံးများ ခေတ္တမှိတ်လိုက်သည်။ ကိုဦးက ဘာမှမပြောဘဲ ကြောင်တောင်ကြီး မတ်တပ်ရပ်နေသည်။ ချမ်းချမ်းနှင့် ဦးနိုင်ကြီးတို့ ထိတ်လန့်ကြောက်ရွံ့နေကြသည်။ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်၍ကြည့်ကြသည်။ ကိုဦးက ရပ်မြဲအတိုင်း ရပ်နေစဲပင်ဖြစ်သည်။ ဦးနိုင်ကြီးနှင့် ချမ်းချမ်းတို့သည် ကြောင်ပြီးကြည့်နေကြသည်။
"သမီး ဘာမှမကြောက်နဲ့တော့ ဒီကောင့်ကို ဦးတို့ လူသတ်မှုနဲ့ ဖမ်းလိုက်ပြီ။"
ကိုဦး၏နောက်မှ ထွက်ပေါ်လာသော အသံနှင့်အတူ ဦးအောင်ကျော်ကို မြင်တွေ့လိုက်ရသည်။ ချမ်းချမ်း မျက်နှာဝင်းပ ပြုံးရွှင်သွားသည်။ ကိုဦးကို လက်ပြန်အနေအထားနှင့် လက်ထိပ်ခတ်ထားသည်။ ဦးအောင်ကျော်က ချမ်းချမ်းထံ လာပြီး သေတ္တာပုံးထဲမှ ကပ်ကြေးတလက်ကို ယူလိုက်ကာ ချမ်းချမ်းလက်တွင် တုတ်နှောင်ထားသော ကေဘယ်လ်ကြိုးကို ဖြတ်ထုတ်လိုက်သည်။ ချမ်းချမ်းက လွတ်မြောက်သွားသည့်အခါ ဦးနိုင်ကြီးကို တုတ်နှောင်ထားသည်များကို ဖြတ်တောက်ပေးသည်။
"ကဲ.....၊ အခု မင်းပြောရမယ့်အလှည့်။ ပြောစမ်း မင်းလုပ်ခဲ့တဲ့ အပြစ်မရှိတဲ့ လူတွေအကြောင်း။"
ဦးအောင်ကျော်က ကိုဦးကို မေးလေသည်။ ကိုဦးက ပြုံးလိုက်ပြီး ပြန်ဖြေသည်။
"အပြစ်ရှိလို့ လုပ်ခဲ့တာပေါ့ဗျာ။ အပြစ်မရှိဘဲ ကျုပ်ဆိုတဲ့ကောင်က လုံးဝ မလုပ်ဘူး။ ကျုပ်လုပ်ခဲ့တဲ့အထဲ ခဗျားသားတောင် ပါသေးတယ်။ ခဗျားသားက ကေတီဗီက ဆော်လေးနဲ့ ဖြစ်နေတာ ဟိုကဆော်က သူ့ကို ချူစားနေတာ သူကမသိရှာဘူး။ ပိုက်ဆံလိုတော့ သူနဲ့ခင်ခဲ့ဖူးတဲ့ ဒီမှာ ကျုပ်ဖမ်းထားတဲ့ ချမ်းချမ်းဆီကနေ ငွေနှစ်သိန်းတောင် သွားချေးသေးတာ။ ချမ်းချမ်းကလည်း လူတကာခင်ဖို့ကောင်းတဲ့ ပုံစံလေး။ လူတကာကို ကူလည်း ကူညီတတ်တယ်လေ။ သူက တပတ်အတွင်း ရအောင်ကူညီပေးမယ်လို့ ပြောတာကို ခဗျားသားက မရဘူးတဲ့လေ၊ အခုဆိုအခုတဲ့ ဒီတော့ ကျုပ်လည်း ဒီကောင့်ကို ပညာပေးချင်လာတာနဲ့ အခွင့်ကောင်းကို စောင့်ပြီး လုပ်ပစ်လိုက်တာ။ ခဗျားသားအပြစ်ရှိတာပေါ့။ အပြစ်ရှိလို့ ကျုပ်အပြစ်ပေးရတာ။"
"မင်းသတ်ခဲ့တဲ့ ငါ့သားကဲ့ အပြစ်က ကြီးကြီးမားမားမှ မဟုတ်တာကွာ။ ဒါဆို အခုဖမ်းထားတဲ့ ဦးနိုင်ကြီးနဲ့ ချမ်းချမ်းတို့ကရော ဘာအပြစ်တွေရှိလို့ အပြစ်ပေးတာလဲ။"
ဦးအောင်ကျော်က ထပ်မေးလိုက်သည်။
"ဒီဘဲကြီးက ကျုပ်ကို အလုပ်မရှိအကိုင်မရှိလို့ ထင်တာရယ်။ ကောင်မလေးကို ကျနော်နဲ့ ခင်တာမင်တာ သူငယ်ချင်းတွေလို တွဲသွားတွဲလာ လုပ်တာမကြိုက်တာရယ်။ အမြင်တွေ စောင်းနေတာရယ်။ ချမ်းချမ်းကတော့ ကျနော် ငယ်ငယ်လေးထဲက ကြိတ်ကြွေခဲ့ရတဲ့ ကောင်မလေးမို့ သူ့ကိုအပြစ်မပေးချင်ပါဘူး။ ဒါပေမယ့်လည
Unlock to read this premium article with 10 points.