SarPhat Author

ကဲ… ကိုယ်က UI/UX အကြောင်းတော့ နားလည်သွားပြီ။ ဒါဆို ဟန်နာတို့ ဒီဇိုင်းတွေကို ဘယ်ကနေစစဥ်းစားပြီးဆွဲကြမလဲ?
ကိုယ့် ဒီဇိုင်းတွေကို အသုံးချမှာ ကိုယ်ကိုယ်တိုင်မဟုတ်ဘဲ Users တွေဖြစ်နေတဲ့အတွက် UX Process (Or) Design Thinking Process ကနေ စစဥ်းစားပြီးဆွဲရမှာဖြစ်ပါတယ်။ ?✨
?? စိတ်ကူးနဲ့မဟုတ်ဘဲ လက်တွေ့ Users တွေ တကယ်ကြိုက်နှစ်သက်တဲ့ Experience ကို ဖန်တီးထုတ်လုပ်တဲ့အခါ Roadmap တစ်ခုအနေနဲ့ အထောက်အကူပေးမဲ့ ဒီ Process မှာ Empathize, Define, Ideate, Prototype, Test ဆိုတဲ့ အဆင့် (၅) ပါဝင်ပါတယ်။
(1) Empathize - User နေရာကနေ ပါဝင်ခံစားပြီး Research လုပ်ခြင်းအဆင့်။ ??
Users တွေရဲ့ Needs ကို အဓိကထားပြီး Motivations နဲ့ Behaviors တွေက အစ Desires, Challenges, Frastruations, Pain Points တွေအထိ အသေးစိတ် နားလည်အောင်လုပ်ပါ။
ဒါတွေကို နားလည်ဖို့အတွက် Users တွေနဲ့ တွေ့ဆုံပြီး Interviews လုပ်ရမယ်။ Survey တွေကောက်ပြီး Research လုပ်ပါရမယ်။
Research လုပ်တဲ့အခါမှာ Qualitative ရော Quantitative ရော နှစ်မျိုးစလုံးလုပ်ပြီး User Personas တွေကို တည်ဆောက်ရပါမယ်။
(2) Define - Users တွေရဲ့ လိုအပ်ချက်နဲ့ ပြဿနာတွေကို ဖော်ထုတ်သောအဆင့်။ ??
Empathize အဆင့်မှာ တည်ဆောက်ထားတဲ့ User Personas တွေရဲ့ Data ကိုကြည့်ပြီး App ကနေ ဖြေရှင်းပေးရမဲ့ ပြဿနာတွေကို ဖော်ထုတ်ပါ။
အဲ့ဒီ ပြဿနာတွေကို အရေးပါမှု အဆင့်ပေါ်မူတည်ပြီး ဦးစားပေးသတ်မှတ်ပေးပါ။
Users တွေရဲ့ စိတ်ခံစားမှုအရ လိုအပ်ချက်ရော၊ လက်တွေ့ အသုံးချ လိုအပ်ချက်တွေရောပါ ထည့်စဥ်းစားပေးဖို့လည်း မေ့လို့မဖြစ်ပါဘူး။
ဒီလို ဘာပြဿနာတွေလဲဆိုတာ ဖော်ထုတ်ပြီးသွားရင်တော့ Users တွေရဲ့ လိုအပ်ချက်ကို ရှင်းလင်းစွာ ဖော်ပြတဲ့ User Needs Statement ထုတ်ပြီး အဖြေအတွက် Ideate အဆင့်ကို ဆက်သွားလို့ရပါပြီ။
(3) Ideate - Users တွေအတွက် အဖြေကို ဖန်တီးရေးဆွဲတဲ့ အဆင့်။ ??
အဖြေအိုင်ဒီယာတွေထုတ်တဲ့ Ideate အဆင့်မှာတော့ Define ကနေ ရလာတဲ့ ပြဿနာကို ပြေလည်နိုင်မယ့် ဖြစ်နိုင်ချေတွေကို Brainstorming လုပ်ရပါမယ်။
ဘက်ပေါင်းစုံကနေ ဖြန့်ကျက် တွေးတောစဥ်းစားပြီး အိုင်ဒီယာထွက်တာနဲ့ Wireframe ကို စဆွဲရမှာပေါ့နော်။
(4) Prototype - Application ရဲ့ ရှေးပြေးပုံစံ တည်ဆောက်တဲ့ အဆင့်။ ?️?️
Ideate မှာ ထွက်လာတဲ့ အိုင်ဒီယာဒီဇိုင်းက လူတိုင်းအတွက်အလုပ်ဖြစ်ပါ့မလား မသိနိုင်တဲ့အတွက် Prototype အဆင့်က လိုအပ်ပါတယ်။
ဆွဲထားတဲ့ Wireframe ကို အရောင်လေးတွေထည့်၊ ခလုပ်တွေ၊ စာတွေထည့်ပြီး သုံးလို့ရတဲ့ အခြေအနေထိ Low-Fidelity Prototype ကို လက်တွေ့ဖန်တီးပါ။
UX Process ဆိုတာက Users တွေနဲ့ Clients ပေါ်မူတည်ပြီး အကြိမ်ကြိမ် ပြောင်းလဲဆန်းသစ်မှုတွေလုပ်ရတဲ့ Process ဖြစ်တာကြောင့် ဒီအဆင့်မှာ Final Design Solution နဲ့ နီးကပ်လာတဲ့အထိ ဒီဇိုင်းကို ထပ်ခါထပ်ခါပြောင်းနေရမှာပါ။
(5) Test: Users တွေကနေ အဖြေကို စမ်းသပ်သုံးကြည့်တဲ့အဆင့်။ ??
ကိုယ်က ကိုယ့် Application ကို Users တွေဆီ ပြမယ်။ Users တွေက Feedback တွေပြန်ပေးမယ်။
ကိုယ်က သူတို့လိုက်လုပ်ရမယ့် Task တစ်ခုကို ထုတ်ပေးမယ်။ သူတို့က Prototype သုံးပြီး Task ပြီးအောင်လုပ်လိမ့်မယ်။
ဒီအဆင့်မှာ သူတို့ ပေးတဲ့ Feedback တွေနဲ့ Application သုံးတဲ့ ပုံစံတွေကို စောင့်ကြည့်လေ့လာပြီး Final အတွက် ပြင်စရာရှိတာပြင်ရမယ်။
?? ဟန်နာ အခုပြောပြထားတဲ့ UX Process ထဲက အဆင့်တွေက Generally အသုံးပြုလေ့ရှိတဲ့ အဆင့်တွေဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပို ရှပ်ထွေးတဲ့ အသေးစိတ်အဆင့်တွေ ထပ်ရှိနိုင်ပါတယ်။
?? ရှေ့ဆက်သွားနေရင်း နောက်ပြန်ရောက်သွားလေ့ရှိတဲ့ အတည်တကျမရှိ Design Thinking Process ကြီးကို အောင်မြင်သွားပြီဆိုရင်တော့ Final Application ကြီးကို Lunch လုပ်ဖို့ ရယ်ဒီပါပဲနော်။
Keep Reading