မောင်ဘုန်းမြင့်[သဘာဝ]

ဒုက္ခ + ဆန္ဒ = ဒုက္ခနှစ်ဆ
ကျွန်တော်တို့ဟာ တစ်ခါတလေ မူလရှိနေတဲ့ ဒုက္ခအပေါ်မှာ 'ဆန္ဒ' တွေ ထပ်ဆင့်ပေါင်းစပ်လိုက်မိလို့ ဒုက္ခကို နှစ်ဆတိုးစေတတ်ကြပါတယ်။
ဥပမာအားဖြင့် -
ဗိုက်ဆာနေတာက 'မူလဒုက္ခ' (Physical Pain) ဖြစ်ပါတယ်။ အသက်ရှည်နေသမျှ ကြုံရမဲ့ 'ဒုက္ခ' ဖြစ်တယ်။ အဲဒီဆာလောင်မှု (ဒုက္ခ) ကို ဖြေဖျောက်ဖို့ အစာစားတဲ့အခါမှာ "ငန်လိုက်တာ၊ ပေါ့လိုက်တာ၊ စားမကောင်းလိုက်တာ" ဆိုတဲ့ ကိုယ့်ရဲ့ 'ဆန္ဒ' တွေ ပါဝင်လာတဲ့အခါ စိတ်မကျေနပ်မှုဆိုတဲ့ 'နောက်ထပ်ဒုက္ခ' တစ်ခု ထပ်တိုးလာရပြန်ပါတယ်။
တကယ်လို့... မူလဒုက္ခကို ဆန္ဒနဲ့ မပေါင်းဘဲ ဖြေရှင်းနိုင်လိုက်ရင် ဒုက္ခဟာ တစ်ခုတည်းနဲ့ ပြီးသွားနိုင်ပါတယ်။ ဒုက္ခတစ်ခုတည်းနဲ့ပြီးသွားအောင် အတူတူကြိုးစားကြပါစို့လား...။
- မောင်ဘုန်းမြင့် [သဘာဝ]
[လေ့လာမှတ်သားမိသော အတွေးအမြင်တစ်ခု]
Keep Reading