Author's Profile Photo

Myu Hnin Si

18/02/2026

လောကဓံကဗျာ-၁

1 min read
Life Style
Personal Development
Poetry
လောကဓံကဗျာ-၁'s photo

မိုးသက်မုန်တိုင်းတစ်ခုလို
လေပြေလေသွေးတစ်ခုလို
ဆူနာမီလှိုင်းလုံးကြီးလို
သွေးအေးသွားလိုက်
သွေးပူလာလိုက်နဲ့ပဲ
ကျင်လည်ကာ
အေးချမ်းမှုဟူသော
အရာကား
ရှာလို့မတွေ့၍
ငြိမ်းချမ်းမှုသည်
ဤကမ္ဘာတွင်မရှိဟု
ကောက်ချက်ချကာ
တည်ငြိမ်အေးချမ်းတဲ့
ပင်လယ်ပြင်လို ပြုမူနေထိုင်မည့်အစား
လှိုင်းလုံး၊လှိုင်းကြမ်းတွေလိုမျိုး
နေထိုင်မိရာမှ
ထိုလူသည် ဘဝ၏
သက်တမ်းတစ်လျှောက်လုံး
ဖန်ကွဲစတွေပြည့်နှက်နေတဲ့
လမ်းကိုသာ လျှောက်လှမ်း၍
သေသည်အထိ ပူလောင်စွာ
ဖြတ်သန်းခဲ့ရသည်။
မသေခင် အချိန်အတွင်း
အမှန်တရားကို မမြင်
နောင်တရမည့်အစား
လောကကြီးက မကောင်းဘူးဟု
အပြစ်ပုံ၍ နောင်တဟူသောအရာကား
ထိုလူ၏ နှလုံးသားတစ်နေရာတွင်
စူးစိုက်၍ ပူပင်သောကများစွာနှင့်သာ
အေးချမ်းမှုကို ရှာမတွေ့ပဲ
မျက်လုံးတစ်စုံ မှိတ်ခဲ့ရသည်။ ။



-မြူနှင်းဆီ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေး❝ မသိမှု ဝတ်ရုံကြီး ❞စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းဖတ်နိုင်သမျှ များများဖတ်ပေးပါပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)