Author's Profile Photo

SarPhat Author

8/04/2024

မှုခင်းဝတ္ထုရှည် (၁၄)

11 mins read
Art
18 Again
မှုခင်းဝတ္ထုရှည် (၁၄)'s photo

Spyware: 14

ပါဝင်သောအခန်းများ - ၃၁၊ ၃၂

၃၁

ဖုန်းဆိုင်အတွင်းသို့ ဝင်လိုက်ကြပြီးနောက်တွင် ဖုန်းဆိုင်၏ ကောင်တာများ၊ ဆိုင်ဘောင်ချာများအား အကုန်လှန်လှော ရှာဖွေကြသည်။ ပြီးနောက် ကောင်တာ၏ နောက်ဘက်တွင် တံခါးပေါက် တခုကို တွေ့ရသောကြောင့် ဦးအောင်ကျော်နှင့် လှဦးတို့ နှစ်ယောက်သား သတိထားပြီး ဝင်သွားကြသည်။ ဆိုင်ခန်းပိုင်ရှင် အဒေါ်ကြီးကတော့ ဆိုင် အတွင်းထဲသို့ ဝင်လိုက်မလာပေ။

အခန်းတွင်းသို့ ဝင်လိုက်သည့်အခါ ကွန်ပြူတာတလုံး တွေ့ရှိရသည်။ ကွန်ပြူတာ ထားသည့်ဘေးဘက်တွင် မတ်တပ်ရပ် ဘီရိုတလုံး တွေ့ရသည်။ ထိုဘီရိုကို ဖွင့်ကြည့်သည့်အခါ သေ့ာများ ခတ်ထားသည်။ ဦးအောင်ကျော်က ဘီရိုတွေဘက် အာရုံရောက်နေဆဲတွင် လှဦးက နောက်ထဲသို့ ထပ်မံရှာဖွေရင်း ဝင်သွားသည့်အခါ အခန်းကလေး တခန်းကို ထပ်မံတွေ့ရပြန်သည်။ ထိုအခန်းအသေးကလေးထဲသို့ လှဦး ဝင်သွားသည်။ ခဏအကြာ လှဦးက သူ့ဆရာဦးအောင်ကျော်ကို လှမ်းခေါ်သည်။

"ဆရာ၊ ဒီမှာ လာကြည့်ပါအုံး"

ခေါ်သံကြောင့် ဦးအောင်ကျော် အခန်းအတွင်းသို့ ဝင်သွားသည်။ လှဦးက နံရံမှာကပ်ထားသော ဓာတ်ပုံများချိတ်ထားသည့် နေရာက မီးကို ခလုတ်နှိပ်ကာ ဖွင့်လိုက်သည်။ ထိုအခါတွင် သေဆုံးသူများ၏ ဓာတ်ပုံများကို တွေ့ရသည်။ နောက်ပြီး ထိုဓာတ်ပုံများ၏ ဘေးတွင် ထပ်မံတွေ့ရသည်မှာ ချမ်းချမ်း၏ ဓာတ်ပုံနှင့် ချမ်းချမ်း၏ မှတ်တမ်းတချို့ဖြစ်သည်။ ဦးအောင်ကျော်က နံရံအနားသို့ကပ်ကာ ကြည့်လိုက်သည်။

===========

၃၂

ချမ်းချမ်း၏ နာမည်အရင်းသည် ချမ်းမြေ့ကြည် ဖြစ်ပြီး မိဘမဲ့ကလေးတဦး ဖြစ်သည်။ ချမ်းချမ်းသည် ကျောင်းတွင် လူချစ်လူခင်လည်း ပေါသည်။ တောင်ပေါ်ဒေသက မိဘမဲ့ကလေးများ ပြုစုစောင့်ရှောက်ရေးကျောင်းသို့ ချမ်းမြေ့ကြည် ရောက်ရှိလာရသည်မှာ မိဘများက အသက်မပြည့်သေးဘဲ အိမ်ထောင်ပြုကြပြီး ကလေးတယောက်ရလာသည့်အခါ ချမ်းချမ်း၏ ဖခင်ဖြစ်သူသည် လူဆင်းရဲတဦး ဖြစ်သောကြောင့် မိဘများက သဘောမတူကြကာ ချမ်းချမ်းကို သူ၏အမေနှင့် အတူနေစေပြီး အိမ်ထောင်ခွဲလိုက်ကြတော့သည်။

ချမ်းချမ်း၏ အဖေသည်လည်း အိမ်ထောင်ကွဲရသောကြောင့် စိတ်ဖိစီးမှုများ ဖြစ်ကာ မူးယစ်ဆေးဝါး၏ သားကောင်ဖြစ်သွားကာ နောက်ဆုံးတွင် သေပွဲ ဝင်ခဲ့ရတော့သည်။ ချမ်းချမ်း၏ အမေသည်လည်း ကလေးတဖက်နှင့် ပြုစုစောင့်ရှောက်ရသည်မှာ ဒုက္ခများလှသည်။ ချမ်းချမ်း၏ မိခင်ဘက်မှ မိဘများက ကလေးကို မပြုစုမစောင့်ရှောက် ချင်ကြသောကြောင့် ချမ်းချမ်း၏အမေကို ယောက်ျားတယောက်နှင့် ပေးစားလိုက်ကြသည်။ ချမ်းချမ်းကိုတော့ ဘိုးဘွားများက ခေါ်ထားလိုက်ကြသည်။ ထို့နောက် ကလေးကို မချစ်မနှစ်သက်ကြသောကြောင့် မိဘမဲ့ကျောင်းကို ပို့လိုက်ကြသည်။ ချမ်းချမ်း၏ မိခင်ဖြစ်သူလည်း ထိုသတင်းကို ကြားသိရသောအခါ အရူးတပိုင်း မိန်းမရိုင်း ဖြစ်ခဲ့ရတော့သည်။ ဤသည်က ချမ်းချမ်းမိဘမဲ့ကျောင်းသို့ ရောက်ရသော အကြောင်းပင်ဖြစ်ပေသည်။

===========

ချမ်းချမ်းသည် မိဘမဲ့ကျောင်းတွင် စာအတော်ဆုံးကျောင်းသူ တဦးဖြစ်လာသည်။ ဆရာ၊ ဆရာမများကလည်း စာတော်သောကလေး ဖြစ်သောကြောင့် သေသေချာချာဂရုစိုက်ကြသည်။ ချမ်းချမ်း အသက်ရှစ်နှစ်သို့ ရောက်သောအခါ သင်္ချာဆရာ ဦးဇော်ကြီးက ဂရုတစိုက်ဖြင့် အခြားဆရာ၊ ဆရာမများထက် ပို၍ချစ်ခင်သည်။

ကိုဦးသည်လည်း ချမ်းချမ်းနှင့်နည်းတူ မိဘမဲ့ ကျောင်းသားတဦး ဖြစ်သည်။ သူသည် စာညံ့သည်။ သူစာညံ့သော်လည်း စာတော်သူများနှင့် ဆရာ၊ ဆရာမများ၏ အလိုလိုက်ခြင်းကို ခံရသော ကျောင်းသူ၊ ကျောင်းသားများကိုတော့ သူငယ်ချင်းထက်ပိုသော ညီအကို မောင်နှမ ချစ်ခြင်းဖြင့် ချစ်သည်၊၊ ခင်သည်။

ချမ်းချမ်းက ထိုအရွယ်တုန်းက အနည်းငယ် မောက်မာသည်ဟု ထင်ရသည်။ ကိုဦးက ချမ်းချမ်းကို အမြဲလိုလို အရိပ်တကြည့်ကြည့် ကြည့်နေရသည်။ သည်လိုနှင့် ချမ်းချမ်းတယောက် ဆယ်နှစ်အရွယ်သို့ ရောက်လာသောအချိန်တွင် ကိုဦးက ချမ်းချမ်းကို ကလေးအရွယ်မို့ စိတ်ကစားလာသည်။ ချမ်းချမ်းအနားသို့ နည်းအမျိုးမျိုး ချဉ်းကပ်သောလည်း ချမ်းချမ်းက ကိုဦးကို ရှိတယ်လို့တောင် မသိ၊ သတိမထားမိပေ။

ဦးဇော်ကြီး၏ စာသင်ချိန်တွင်ဖြစ်သည်။

"ကဲ..... ဆရာရေးထားတဲ့ ပုစ္ဆာကို တွက်ပြီး ဆရာ့ဆီမှာ စာအုပ်လာထပ်ပါ။"

ကျောင်းသားများက သင်္ချာကို ငုံ့ကာ တွက်ချက် ရေးသားနေကြသည်။ ခဏအကြာ ချမ်းချမ်းက တွက်ချက်၍ပြီးသွားသောကြောင့် စာအုပ် သွားထပ်သည်။ ကိုဦးကလည်း ချမ်းချမ်းထသွားသောကြောင့် သင်္ချာကို အမြန်တွက်ကာ စာအုပ်သွားထပ်သည်။

"သမီး၊ ဒီည ဆရာ့အခန်းကို လာခဲ့။ သမီးကို အခန်းသစ်တွေ ဆက်သင်ပေးမယ်"

"ဟုတ်ကဲ့ ဆရာ"

ကိုဦး စာအုပ်လာထပ်သည့်အခါ ချမ်းချမ်းက သူ့ထိုင်ခုံ ရှိရာဆီသို့ လှည့်ထွက်သွားသည်။ ကိုဦးက ဆရာနှင့် ချမ်းချမ်းတို့ ပြောလိုက်သည်ကို အနည်းငယ်ကြားလိုက်သည်။

သည်လိုနှင့် ညအချိန်ရောက်သောအခါ ကိုဦးသည် ယောက်ျားလေးအဆောင်မှ ထွက်လာကာ အမျိုးသမီးအဆောင်နှင့် မလှမ်းမကမ်းတွင် ချမ်းချမ်း၏ အခြေအနေကို လာရောက် စောင့်ကြည့်နေသည်။ ညက တဖြည်းဖြည်းနှင့် မှောင်ရိပ်ကြီးစိုးလာသည်။ ပုရစ်အော်သံများလည်း ကြားရသည်။ ခြင်များလည်း ကိုက်လှပြီ။ လူခြေလည်း တိတ်နေသည်။

ခဏအကြာတွင် ချမ်းချမ်း ထွက်လာလေသည်။ ဂါဝန်ဝဲဝဲလေး နှင့် ချစ်စရာ ကောင်းလှသည်။ ချမ်းချမ်း၏ လက်ထဲတွင် စာအုပ်တချို့ ပိုက်လာသည်ကို ကိုဦးတွေ့ရသည်။ ချမ်းချမ်း၏ နောက်သို့ ကိုဦး လိုက်ချောင်းသည်။ ဆရာ၏ အခန်းသို့ရောက်သော် စာသင်ကြ၏။ နာရီတော်တော်ကြာကြာအထိ စာသင်ပြီးသော် ချမ်းချမ်းသည် ကိုယ့်အခန်းကိုယ် ပြန်နားတော့သည်။

ကျောင်းအတန်းတင်စာမေးပွဲ နီးလာသည်အထိ အစဉ်အမြဲ ညတိုင်း ချမ်းချမ်းက ဆရာဇော်ကြီးအခန်းတွင် စာသင်ကြားရသည်။ စာမွေးပွဲဖြေရန် ရက်အနည်းငယ်သာ လိုတော့သည့်အခါ ဆရာဇော်ကြီးက အရက်အနည်းငယ် သောက်ထားသည်ကို ကိုဦးတွေ့လိုက်ရသည်။

"ဟင်.....၊ ဆရာက ဘာတွေသောက်နေတာပါလိမ့်။"

ကိုဦးက ချောင်းနေရင်း တွေ့လိုက်ရသည်။ ချမ်းချမ်း ထုံးစံအတိုင်း ညဘက်တွင် စာလာသင်မြဲ သင်သည်။ သည်တညတွင်တော့ ဆရာက စာသင်ရင်း ချမ်းချမ်းကို နင်းခိုင်း၊ နှိပ်ခိုင်းသည်ကို တွေ့ရသည်။ ကိုဦးက ချောင်းကြည့်ရင်း ဆရာဖြစ်သူ၏ အမူအရာကို အကဲခတ်မိလိုက်သည်။ မျက်လုံးကနီနီ၊ လမ်းလျှောက်ပုံက မူမမှန်၊ စကားပြောသည်က လေးလေးပင်ပင်။ ချမ်းချမ်းကတောင် သူ၏ ဆရာကို ဤသို့ပြောသေးသည်။

"ဆရာ၊ ဒီနေ့ ဘာဖြစ်နေတာလဲဟင်၊ ဆရာစာသင်တာ သွက်သွက်လက်လက်လည်း မရှိဘူး။ ပြီးတော့ ဆရာ့ဆီက ချဉ်စုပ်စုပ် အနံ့ရတယ်နော်။"

"အဲ့ဒါတွေ ဂရုမစိုက်နဲ့၊ စာမေးပွဲမှာ ဖြေနိုင်အောင်သာလုပ်။ စာမေးပွဲပြီးရင်၊ ရန်ကုန်က ဆရာ့အိမ်ကို သမီးကိုအလည် ခေါ်သွားမယ်။"

"ဟင့်အင်း။ သမီးမလိုက်ချင်ဘူး။"

"ဘာဖြစ်လို့လဲ။ ဟိုမှာ ဒီထက်တောင် ပျော်စရာပိုကောင်းတယ်။ မလိုက်လို့မရဘူး။ နင့်ကိုငါ မွေးစားမှာ။ နင် လိုက်ကို လိုက်ခဲ့ရမယ်။"

ဆရာလုပ်သူက အတင်းအကြပ် ပြောလာတော့ ချမ်းချမ်းက ဘာပြောရမှန်းမသိ၊ ပြီးတော့ ဆရာက တခါမှ မပြောဖူးတဲ့ နင်နဲ့ငါ ဆိုသော အသုံးအနှုန်းကို သုံးသောကြောင့် ချမ်းချမ်းက ကလေးပီပီ ကြောက်စိတ်ဝင်ခဲ့သည်။ နှိပ်နေသည်ကို ရပ်လိုက်ပြီး ဆရာ့ကို စကားဆက်ပြောလိုက်သည်။

"သမီးသွားနားတော့မယ် ဆရာ။"

ဆရာဖြစ်သူက ဘာမှမပြောသေးခင် ဖွင့်ထားသော စာအုပ်များကို ပိတ်သိမ်းလိုက်သည်။

"စာမေးပွဲ ဖြေပြီးရင် နင့်ကိုငါ သမီးအဖြစ် မွေးစားမှာနော်။ အဲ့ဒါကို နင်မှတ်ထား။"

ချမ်းချမ်းက စာအုပ်များ ကောက်ကိုင်ကာ ထိုင်ရာမှ ထပြီး အခန်းအပြင်သို့ လေးကန်သော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့တော့သည်ကို ကိုဦး မြင်တွေ့လိုက်ရသည်။

==========

ချမ်းချမ်းတယောက် မပျော်မရွှင် တမှိုင်မှိုင်တတွေတွေ ဖြစ်၍ နေပေသည်။ ဆရာဇော်ကြီးဆီသို့လည်း စာသွားမသင်တော့၊ စာထဲတွင်လည်း စိတ်မရှိတော့ပေ။

သည်လိုနှင့် စာမေးပွဲရက်သို့ ရောက်ရှိလာခဲ့တော့သည်။ ဆရာဇော်ကြီးက ချမ်းချမ်းတို့ရှိသော အမျိုးသမီးအဆောင်ဘက်သို့ ရောက်ရှိနေပြီး ကလေးမလေး တယောက်အား ချမ်းချမ်းကို အခေါ်လွှတ်လိုက်သည်။ တော်တော်ကြာကြာ စောင့်နေရပြီးသည့်နောက် ချမ်းချမ်း ထွက်လာသည်။

"နင် ညတိုင်းငါ့ဆီ စာလာလုပ်ပါလို့ ပြောထားရက်နဲ့ ဘာလို့မလာတာလဲ။"

ချမ်းချမ်းက မျက်နှာငယ်လေးနှင့် ကြည့်ပြီး ပြန်ပြောသည်။

"သမီး၊ နေမကောင်းလို့ပါဆရာ။"

"ဘယ်နားက နေမကောင်းတာလဲ၊ မှန်းစမ်း....."

ဆရာလုပ်သူက ချမ်းချမ်း၏ နဖူးကိုစမ်းမည်အပြု ချမ်းချမ်းက နောက်သို့ အနည်းငယ် ဆုတ်လိုက်သည်။

"နင်ငါ့ကို ရှောင်နေတာမို့လား။ ရှောင်နေလည်းအပိုဘဲ။ စာမေးပွဲပြီးရင် နင့်ကိုငါ မွေးစားလို့ရပြီ။ အဲ့ဒါလာပြောတာ။"

"သမီး မလိုက်လို့မရဘူးလားဟင်။"

ငိုမဲ့မဲ့မျက်နှာလေးနှင့် ချမ်းချမ်းက မေးလိုက်သည်။

"မရဘူး၊ ငါက နင်မဟုတ်ရင် တခြားဘယ်မိန်းကလေးမှ မခေါ်ဘူး။ နင့်ကိုပဲ‌ရအောင် ခေါ်မှာ။"

"သမီး မလိုက်ချင်ဘူး။"

"အပိုစကားတွေ ပြောမနေနဲ့ သွား စာသွားလုပ်တော့"

ထိုသို့ပြောပြီး ဆရာလုပ်သူက လှည့်ထွက်သွားလေသည်။ ချမ်းချမ်းတယောက် မျက်ရည်စများနှင့် ကျန်ရစ်ခဲ့ရသည်။

ခဏအကြာတွင် ကိုဦးက ထိုအကြောင်းအရာကို သိသောကြောင့် အမျိုးသမီးအဆောင်မှ ကောင်မလေးတယောက် ထွက်လာသောအခါ တိုးတိုးတိတ်တိတ်ခေါ်ပြီး ပြောပြသည်။

နောက်တနေ့တွင်တော့ ပြဿနာအကြီးကြီး တက်တော့သည်။ ဆရာဇော်ကြီးအရက်သောက်သော ကိစ္စ တကျောင်းလုံးသိသွားခြင်းကြောင့် ဖြစ်သည်။ထိုကိစ္စကို ချမ်းချမ်းလည်း သိနေသည်။ ထို့ကြောင့် ဆရာဇော်ကြီးက ချမ်းချမ်းကို လာခေါ်သည်။ သို့ပေမယ့် ချမ်းချမ်း ကျောင်းတွင် မရှိတော့ပေ။ ဒီအကြောင်းကို ကိုဦးလည်းမသိရ။

ကိုဦးက ဆရာဇော်ကြီးအကြောင်းကို အတန်အသင့်စုံစမ်းသည်။ ဆရာဇော်ကြီးက အင်မတန်အနေဆိတ်သူ ဖြစ်သည်။ သူ့အကြောင်း ဂဃနဏ ကိုဦးမသိရ။ မှတ်ပုံတင်ကအစ ရှာဖွေ၍ မရပေ။ ကိုဦးလည်း ကြံရာမရသည့်အဆုံး ချမ်းချမ်းကို မရှာတော့ဘဲ ဆရာဇော်ကြီးနောက်သို့သာ ထပ်ကြပ်မကွာ လိုက်တော့သည်။

==========

ကျောင်းနှင့်အတော်အလှမ်းဝေးသော တောကြီးထဲ ဆရာဇော်ကြီး တယောက်ထဲ အဖော်မပါ သူရှာဖွေနေပါတယ်။ သို့ပေမယ့် ချမ်းချမ်းရဲ့ အရိပ်အရောင်ကိုတော့ မတွေ့ရသေးပေ။ ကိုဦးကလည်း ထပ်ကြပ်မကွာ မလှမ်းမကမ်းမှနေ၍ တိတ်တဆိတ် လိုက်လာသည်။ ကျောင်းထဲက ဆရာ၊ ဆရာမများနှင့် ချမ်းချမ်း၏ သူငယ်ချင်းများကလည်း လိုက်လံ ရှာဖွေနေကြသည်။

တောကြီးထဲတွင် သစ်ပင်အကြီးကြီးတပင် အနားသို့အရောက် ဆရာဇော်ကြီး၏ ခြေလှမ်းများက ရပ်တန့်သွားသည်။ ထို့ကြောင့် ကိုဦးကလည်း ခြေသံလုံလုံဖြင့် ပုန်းကွယ်လိုက်သည်။ ပြီးနောက် ဆရာဖြစ်သူက ဘာလုပ်မည်နည်း ဆိုသည်ကို အကဲခတ်နေသည်။

"နင် ပုန်းနေတယ်ဆိုတာ ငါသိတယ်နော်။ နင်အခု ထွက်လာခဲ့။ နင်ထွက်လာရင် ငါ နင့်ကို ဘာမှမလုပ်ဘူး။ နင်မထွက်လာရင်တော့ နင့်ကို ငါ တခုခုလုပ်ရလိမ့်မယ်"

ဆရာလုပ်သူက ထိုသို့ ပြောနေသည်ကို ကိုဦးကြားလိုက်ရသည်။ သို့ပေမယ့် သူ ဘယ်ကိုကြည့်ပြီး ပြောနေတာပါလိမ့်ဟု ရှာဖွေကြည့်ရှုနေသည်။

"ထွက်မလာသေးဘူးလား။ ငါလာပြီနော်.....။"

ဆရာလုက်သူက ထိုသို့ပြောပြီး သစ်ပင်ကြီးအနားသို့ တဖြည်းဖြည်း တိုးကပ်သွားသည်။ သစ်ပင်ကြီးအနားသို့ ရောက်သွားသော် သစ်ပင်၏တဘက်မှ ချမ်းချမ်း၏ တုန်ယင်နေသော အသံကို ကြားရသည်။

"သမီးကို မဖမ်းပါနဲ့။ သမီးမှာ ဘာအပြစ်ရှိလို့လဲ"

"ဟားဟားဟား၊ နင်အခုတော့ ဘာတတ်နိုင်သေးလဲဟမ်၊ နင့်ကိုငါ မိပြီ။ ဟားဟားဟားဟား"

ဆရာလုပ်သူက ကြောက်စရာကောင်းသော ရယ်သံနှင့် စကားပြောသည်။ သစ်ပင်၏ တဘက်တွင် ချမ်းချမ်း ရှိနေသည်ကို ကိုဦးမြင်တွေ့လိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စကပ်အစက အပြင်ဘက် အနည်းငယ် ထွက်နေသောကြောင့် ဖြစ်သည်။

"ဆရာ၊ သမီးကို ဘာလို့ အကြပ်ကိုင်ပြီး လိုက်ဖမ်းရတာလဲ။ သူများကလေးတွေ မွေးစားဖို့ အခေါ်ခံရရင် အသာတကြည်ခေါ်တာ။ ဆရာ့ကျမှ သမီးကို ဘာလို့....."

"အေး၊ ငါကလည်း ‌နင့်ကို မွေးစားမလို့ပေါ့ဟ။ သမီးအဖြစ်တော့ မဟုတ်ဘူး။ မွေးပြီးတော့ စားမှာ ဟားဟားဟားဟား"

ထိုသို့ပြောပြီး ဆရာလုပ်သူက သစ်ပင်အနားထပ်မံ တိုးကပ်သွားပြီး သစ်ပင်ကို ဖြည်းဖြည်းခြင်း ပတ်ကြည့်နေသည်။ ကိုဦးကလည်း ဘာဆက်ဖြစ်မည်ကို ကြည့်နေသည်။ ကိုဦးဘက်က မမြင်ရတော့သောကြောင့် တခြားတဘက်သို့ အသံမကြားရအောင် အသာအယာ နေရာပြောင်းသည်။ ထိုအခါတွင် ကိုဦးမြင်ရသောအခါ ချမ်းချမ်း၏ လက်ထဲတွင် ကျောက်ခဲတလုံးကိုင်ပြီး ဆောင့်

မိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း (5) ဇာတ်သိမ်းမိုင်နိမ်းအစ် ( စ် ) ဂျော့ ( အခန်းဆက်ဝတ္တုရှည်)အရမ်းလွမ်းတယ်အဖေမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 4 )မျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewမိုင်နိမ်းအစ် (စ်) ဂျော့ အပိုင်း ( 3 )Elio (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )

Unlock to read this premium article with 10 points.