SarPhat Author
“ပညာရှိ ဇီးကွက်”???
တစ်ခါက တောအုပ်ထဲမှာ ဉာဏ်ပညာနဲ့ ပြည့်စံုတဲ့ ပညာရှိ ဇီးကွက်တစ်ကောင် ရှိသတဲ့။
ဉာဏ်အမြော်အမြင်ကြီးတာကြောင့် နေရာစံုက သားရဲတိရစ္ဆာန်အမျိုးမျိုးက အကြံဉာဏ်တောင်းခံဖို့ ဇီးကွက်ကြီးထံ လာရောက်ကြတယ်။
တစ်နေ့တော့ စိုးရိမ်ပူပန်လွန်းနေတဲ့ ရှဉ့်လေးတစ်ကောင်က ရောက်လာမယ့်မုန်တိုင်းကြောင့် စိုးရိမ်လွန်ပြီး စိတ်ဒုက္ခရောက်နေကြောင်း ပြေပြအကူအညီတောင်းသတဲ့။
ဇီးကွက်ကြီးက တည်ငြိမ်စွာနဲ့ “ မျက်လံုးတွေကိုမှိတ်ထားပြီး သေချာနားထောင်ကြည့်ပါ” လို့ပြောတော့ ရှဉ့်လေးက ပြောတဲ့အတိုင်း လိုက်လုပ်တယ်။
အဲဒီအခါ သစ်ရွက်လေးတွေ လှုပ်ခတ်သံနဲ့ အဝေးက မိုးခြိမ်းသံသဲ့သဲ့လေးကို ကြားလိုက်တဲ့အခါ စိတ်ငြိမ်သက်သွားတာကို ခံစားရပါတော့တယ်။
ကျွန်တော်တို့ဟာ မရောက်သေးတဲ့ အနာဂတ်ကိုကြိုတွေးပြီး စိုးရိမ်ပူပန်စိတ်တွေနဲ့ ကိုယ့်ကိုယ်ကို နှိပ်စက်နေတတ်ကြတယ်။
တကယ်တော့ ကျွန်တော်တို့ အမှန်တကယ်ပိုင်ဆိုင်တာဟာ လက်ရှိအချိန်ဘဲဖြစ်တယ်။
ဒါကြောင့် အနာဂတ်ကို တွေးပူလာပြီဆိုရင် မျက်လံုးလေးတွေကိုမှိတ်ပြီး သေချာနားထောင်ကြည့်ပါ။ ကိုယ့်ခန္ဓာ ဘယ်လိုအလုပ်လုပ်နေလဲဆိုတာ ခံစားကြည့်ပါ။
အဝေးရောက်နေတဲ့စိတ်ကို လက်ရှိကာလကို ပြန်ဆွဲခေါ်နိုင်ပြီး စိတ်ရဲ့ငြိမ်သက်ခြင်းကို ခံစားနိုင်ဖို့ ရည်ရွယ်လျက် ရေးသားဖော်ပြလိုက်ပါတယ်ရှင်။
၈.၄.၂၀၂၄
သုတအိမ်
စိတ်ခွန်အားဖြည့် နားခိုရာ ပံုပြင်ကမ္ဘာ
Keep Reading