Author's Profile Photo

Noble

8/04/2024

သင်္ကြန်ပိတ်ရက်ရှည်မှာ ဘာတွေလုပ်ကြမလဲ???

3 mins read
Life Style
Health
သင်္ကြန်ပိတ်ရက်ရှည်မှာ ဘာတွေလုပ်ကြမလဲ???'s photo

ဘာလိုလိုနဲ့ သင်္ကြန်ပိတ်ရက်ရှည် ရောက်လာပြန်ပြီ?။

တစ်နှစ်တာရဲ့ အရှည်ဆုံးပိတ်ရက်ဖြစ်တဲ့ ဒီအားလပ်ရက်တွေကို ဘယ်လိုကုန်ဆုံးမယ်ဆိုတာ စဉ်းစားပြီးကြပြီလား? ဒီလို ပိတ်ရက်ရှည်ဆိုတာ အလုပ်ကနေ ခဏ break လုပ်ပြီး စိတ်ပြေလက်ပျောက်နဲ့ အနားယူဖို့ အကောင်းဆုံးအချိန်ပါ။ ဒီနှ စ်အိမ်တွင်းအောင်းကြမယ့်သူတွေအတွက် အိမ်မှာနေရင်းနဲ့ သင်္ကြန်ပိတ်ရက်ကို အကျိုးရှိရှိ ဖြတ်သန်းနိုင်မယ့် နည်းလမ်းလေးတွေ ပြောပြချင်ပါတယ်။

(၁) အိပ်ရေးဝဝအိပ်ပါ ?

ပိတ်ရက်တွေမှာ အိပ်ချိန်အပြည့်ရအောင် အိပ်ပါ။ မဖြေချင်တဲ့ ဖုန်း call တွေ ကို ခဏမေ့ထားပြီး အစောကြီး အလုပ်သွားစရာမလိုတဲ့ မနက်ကို အသုံးချတဲ့အနေနဲ့ အိပ်ရေးဝအောင် အိပ်လိုက်ပါ။ ကိုယ့်ရဲ့ အားလပ်ရက်ကို အပြည့်အဝ အနားယူပြီး အားဖြည့်ထားပါ။ အိပ်ရေးဝပြီး ခေါင်းကြည်နေရင် စိတ်လည်း လန်းဆန်းပြီး အကောင်းမြင်တဲ့စိတ်လေးနဲ့ ကျေနပ်ဖွယ်ကောင်းနေပါလိမ့်မယ်။ ဒါပေမယ့် တနေကုန် အိပ်ရာထဲမှာပဲ အချိန်ကုန်ဆုံးတာမျိုးတော့ မဖြစ်ပါစေနဲ့။

(၂) ကိုယ့်နေရာ အခန်းကို ပြောင်းလဲကြည့်ပါ

အားလပ်ရက် အချိန်ရတုန်း ကိုယ့်နေရာလေးက်ို ပုံစံ တစ်မျိုးပြောင်းကြည့်ပါ။ ကိုယ့်စားပွဲ ၊ အိပ်ရာ ၊ နေရာအခင်းအကျင်း စတာတွေကို နဂိုထက် ပိုသပ်ရပ်အောင် အမြင်ဆန်းအောင် နေရာချကြည့်ပါ။ အဝတ်ဗီဒိုထဲက မဝတ်ဖြစ်သေးတဲ့ အဝတ်အသစ်တွေ မဝတ်တော့တဲ့ အဝတ်အဟောင်းတွေ ခွဲထုတ်ပြီး ရှင်းမယ်။ မှန်တင်ခုံပေါ်က ဒိတ်လွန်နေတဲ့ အလှကုန်တွေ ပစ်မယ်။ သပ်သပ်ရပ်ရပ်စီမယ်။ ဒါမျိုးတွေလုပ်တာဟာ ကိုယ့်စိတ်ကို အပြောင်းအလဲဖြစ်စေသလို စိတ်သစ်လူသစ်နဲ့ လန်းဆန်းစေပါတယ်။

(၃) အသစ်တစ်ခု သင်ယူကြည့်ပါ

သင်ကြိုက်တဲ့ အသစ်တစ်ခု စလုပ်ကြည့်ပါ။ ဥပမာ- ရေကူးသင်တာ၊ တူရိယာတစ်ခုခု တီးဖို့ သင်တာ၊ ပန်းချီဆွဲတာ ၊ ချည်ထိုးတာ၊ ယောဂကျင့်တာ၊ ဘာသာစကားအသစ်တစ်ခု သင်ကြည့်တာ ဒါမှမဟုတ် ကိုယ်လုံးဝ မချက်ဘူးသေးတဲ့ ဟင်းတစ်ခုချက်ကြည့်တာမျိုး လုပ်ကြည့်ပါ။ ခုလို စိတ်ပေါ့ပါးနေတဲ့ နားရက်မှာ ဒီလို လုပ်ကြည့်ဖို့ အကောင်းဆုံးပါ​။ အခုဆိုရင် အိမ်ကနေ အလွယ်တကူ တတ်လို့ရတဲ့ free course တွေမှ အများကြီးပါ။ facebook , youtube , google စတာတွေကနေ ကိုယ်စိတ်ဝင်စားတဲ့ အရာတစ်ခုကို ရှာကြည့်ပြီး လေ့လာကြည့်ပါ။ သင်နေရင်း လေ့လာရင်းနဲ့ ကိုယ်တကယ်စိတ်ဝင်စားပြီး ကိုယ့်ရဲ့ passion ကို ရှာတွေ့သွားနိုင်တယ်။ ပိတ်ရက်မှာ ပျင်းဖို့မကောင်းတော့ပဲ အချိန်ကိုလဲ တကယ် အကျိုးရှိရှိ အသုံးချရာရောက်ပါတယ်။

(၄) ကိုယ့်ချစ်တဲ့သူတွေကို အချိန်ပေးပါ ?‍?‍?‍?

ပုံမှန်ရက်တွေမှာ အလုပ်တွေနဲ့ လုံးပမ်းနေတာကြောင့် မိသားစု သူငယ်ချင်း ချစ်သူနဲ့ စကားသေချာ မပြောဖြစ်ဘူး၊ ဂရုစိုက်ဖို့ မေ့နေတယ်ဆိုရင် ခုချိန်မှာ သီးသန့်အချိန်လေးပေးပါ။ အဝေးရောက်နေတယ်ဆိုလဲ ဖုန်းဆက်ပြီး အချိန်ပေး စကားပြောပါ သူပြောတာကိုလဲ နားထောင်ပေးပါ။ လိုတာလေးတွေ ဖြည့်ဆည်းပေးပါ။ လက်ဆောင်လေးတွေ ပို့ပေးပါ။ အတူရှိတယ်ဆိုရင် စကားဝိုင်းဖွဲ့ပြောတာမျိုး မုန့်တစ်ခုခုလုပ်စားတာမျိုး တီဗီအစီအစဉ်တစ်ခု အတူတူကြည့်တာမျိုး အတူတူ လမ်းထွက်လျှောက်တာမျိုး လုပ်ကြည့်ပါ​။ တကယ် စိတ်အပန်းပြေပြီး အမှတ်ရစရာ အားလပ်ရက်လေးဖြစ်ပါလိမ့်မယ်။

(၅) ကျန်းမာရေးနဲ့ ကိုက်ညီအောင် နေကြည့်ပါ

အလုပ်သွားရတဲ့ရက်တွေမှာ ကျန်းမာရေးအတွက် မသင့်တော်တာတွေ လုပ်မိနေတယ်ဆိုရင် ဒီအားလပ်ရက်မှာ အလေ့အကျင့်ကောင်းလေးတွေကို စကြည့်ပါ။ ဥပမာ တနေ့ရေ ၃ လီတာ ပြည့်အောင် သောက်တာမျိုး အားကစားတစ်ခုခု ဒါမှမဟုတ် ယောဂကျင့်တာကို တနေ့ကို ၁ နာရီလောက်လုပ်ကြည့်တာမျိုး၊ အပြင်စာမစားပဲ အိမ်မှာချက်တဲ့ Healthy food တွေလုပ်စားမယ် အဲ့လိုလေးတွေ လုပ်ကြည့်ရင် ပိတ်ရက်မှာ ကျန်းမာရေးလဲ ညီညွတ်မယ်၊ ခန္ဓာကိုယ်လဲ ပေါ့ပါးမယ် ၊ ကိုယ့်အတွက် အဆင်ပြေရင် ရှေ့လျှောက်လဲ ဆက်ပြီး ပုံမှန်လုပ်သွားလို့ရတယ်ပေါ့နော်။

(၆) ဝါသနာအတွက် အချိန်ပေးပါ

စာအုပ်ဖတ်ရတာ ကြိုက်တဲ့သူအတွက် အားလပ်ရက်ဟာ စာဖတ်ဖို့ အကောင်းဆုံးအချိန်ပါ။ အလုပ်အကြောင်း စဉ်းစားစရာမလိုတဲ့ အချိန်မှာ စာအုပ်လေးတစ်အုပ်နဲ့ အေးဆေး အချိန်ဖြုန်းရတာ ဘယ်လောက်ကောင်းလဲ။ တကယ်လို့ ကိုယ်က စာဖတ်ရတာ မကြိုက်ဘူးဆိုရင်လဲ Youtube ကနေ ကိုယ့်အတွက် အကျိုးရှိမယ့် , Entertain ဖြစ်မယ့် video တွေ ကြည့်လို့ရတယ်။ ခုနောက်ပိုင်းဆိုရင် youtube မှာ အသံထွက်စာဖတ်ပြတဲ့ video တွေ ၊ podcasts တွေ ဒါလေးတွေ နားထောင်ပြီးလဲ စိတ်အပန်းဖြေရင်း ဗဟုသုတရှာလို့ရတယ်။ ဒါမှမဟုတ် ချည်ထိုးတာ ၊ ယောဂကျင့်တာ၊ ဟင်းချက်တာ၊ ပန်းချီဆွဲတာ စသဖြင့် ကိုယ်ဝါသနာပါတဲ့ အလုပ်လေးလုပ်နေရတာဟာ စိတ်တကယ် အေးချမ်းစေပါတယ်။

(၇) ကိုယ့်ကိုကိုယ် ရှာဖွေပါ ?

စိတ်ပေါ့ပါးနေတဲ့ အချိန် အားပြည့်နေတဲ့အချ်ိန်မှာ အတွေးကောင်း ၊ စိတ်ကူးကောင်းလေး တွေ ပေါ်လာန်ိုင်တယ်။ ဒီအချိန်မှာ ကိုယ့်အကြောင်းကိုယ် တွေးကြည့်ပါ။ ကိုယ့်ရဲ့ လက်ရှိ အလုပ် ၊ မိသားစု ၊ အချစ်ရေး၊ ပညာရေး အကုန်ပေါ့။ ခုထိ ကိုယ့်ဘဝကိုယ် ကျေနပ်လား၊ ဘာတွေ ပြုပြင်ပြောင်းလဲချင်လဲ၊ ဘယ်လိုအကြောင်းအရာတွေကြောင့် စိတ်ခုနေလဲ၊ ပြောမယ်ဆိုရင် ကိုယ့်အကြောင်း ရှုပ်ထွေးနေတာတွေ အကုန် ရှင်းထုတ်ကြည့်ပါ​။ လိုအပ်မယ်ဆို စာရွက်တစ်ရွက်မှာ ချရေးကြည့်ပါ​။ တခါတလေ ချရေးတော့မှ ပိုမြင်လာတာတွေ ရှိတယ်။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေ မကျေနပ်ချက်တွေ အကုန်ပါမယ်ပေါ့။ ပြီးရင် ဘာလို့ မကျေနပ်တာလဲ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ရှာပြီး ဖြေရှင်းကြည့်ပါ။ နဂိုထက် ပိုပြီး စိတ်ကြည်လင်လာလိမ့်မယ်။ ကိုယ့်ကိုကိုယ်လဲ ယုံကြည်မှုရှိလာမယ် ၊ ရှေ့ဆက်ရမယ့် လမ်းကြောင်းလဲ ပွင့်လာပါလိမ့်မယ်။


(၈) တခြားသူကို ကူညီပါ

အားလပ်ရက်မှာ အကူအညီလိုနေတဲ့သူတစ်ယောက်ကို တတ်နိုင်သလောက် အကူအညီပေးကြည့်ပါ။ ဥပမာ Facebook မှာ အကြံဉာဏ်တောင်းနေတဲ့ တစ်ယောက်ကို ကိုယ်သိသလောက် ပြောပြလိုက်တာမျိုး၊ အဖွဲ့အစည်းတစ်ခုခု ပရဟိတတစ်ခုခုမှာ volunteer လုပ်တာမျိုး ၊ အလှူတစ်ခုခုလုပ်တာမျိုး၊ ကိုယ့်အိမ်နားက ကလေးတွေကို စာသင်ပေးတာမျိုး လုပ်ကြည့်ပါ။ ကိုယ့်စိတ်ထဲ ပျော်လာပြီး ဘဝက တန်ဖိုးရှိလာသလို ခံစားရပါလိမ့်မယ်။ ကိုယ့်ရဲ့ အားလပ်ချိန်ဟာ ပျော်ဖို့လဲ ကောင်းလာပါလိမ့်မယ်။


(၉) နောက် ၆ လအတွက် plan ဆွဲကြည့်ပါ ?️

၆ လဆိုတဲ့ အချိန်ဟာ တစ်စုံတစ်ခု ဖြစ်ဖို့ လုံလောက်တဲ့အချိန်ပါ။ ၆ လကြာတဲ့ အချိန်မှာ သင်ဟာ English စာ level တစ်ခုမြှင့်ချင်လား၊ သင့်ရဲ့ business ရဲ့ goal အသေးလေးတစ်ခု ရောက်ချင်လား၊ အခုထက် ကျစ်လျစ်လှပတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်ချင်လား၊ သင့်ရဲ့ personal development အတွက် skill တစ်ခုတက်မြောက်ချင်လား၊ ငွေဘယ်လောက်စုမိချင်တာလဲ၊ ဘာမဆို သင်လုပ်နိုင်ပါတယ်။ အဲ့တော့ အခုလို အချိန်ရနေတုန်း နောက် ၆ လအတွက် ကိုယ်ဖြစ်ချင်တာကို ချရေးကြည့်ပြီး plan စလုပ်ကြည့်ပါ။ ဖြေးဖြေးချင်းနဲ့ goal အသေးလေးတွေကနေ goal အကြီးကြီးဖြစ်လာဖို့ တွန်းအားပေးပါလိမ့်မယ်။

? အခုဆိုရင် သင်္ကြန်ပိတ်ရက်ကို ပျင်းဖို့မကောင်းပဲ အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲဆိုတာ နည်းလမ်းကောင်းလေးတွေ ရသွားပြီထင်ပါတယ်။ ဒီနည်းလမ်းတွေထဲက တစ်ချက်လောက်ပဲ လုပ်ကြည့်မယ်ဆိုရင်တောင် ကိုယ့်အတွက် တကယ်အကျိုးရှိပါလိမ့်မယ်။ သင်ရော ဘယ်အချက်ကို လုပ်ကြည့်ဖို့ စိတ်ဝင်စားလဲဆိုတာ ပြောခဲ့ဦးနော်။

ပိတ်ရက်အပြီးမှာ ပြန်ဆုံကြမယ်နော် ?

Pharmacist Noble

#HowToSpendThingyanHolidays
#HaveAGreatHolidays
#PharmacistNoble
#ContentWriter


Keep Reading

ဒေါင်လိုက်ဒရာမာ (Vertical Drama)အချိန်ဆွဲတာကိုကုစားမယ် ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ဓာတ်ကျနေတဲ့အခါစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း