Author's Profile Photo

Noble

8/04/2024

Vitamin D အကြောင်း ပြောကြရအောင်

1 min read
Life Style
Health
Vitamin D အကြောင်း ပြောကြရအောင်'s photo


Vitamin D ကတော့ အားလုံးသိပြီးသား နာမည်ကြီး ဇာတ်လိုက်ကျော် ဗီတာမင်တွေထဲက တစ်ခုပေါ့။ ဗီတာမင် D ကို လိုအပ်လို့ ဆေးညွှန်းနဲ့ သောက်ကြတာလဲ ရှိသလို တချို့ကလဲ ကိုယ့်သဘောနဲ့ကိုယ် ဖြည့်စွက်စာ အနေနဲ့ သောက်ကြပါတယ်။ ဒီနေ့တော့ Vitamin D အကြောင်းလေး ပြောကြရအောင်။

?ဗီတာမင်ဒီက ဘာကောင်းကျိုးတွေရနိုင်သလဲ?
ဗီတာမင် D က အဓိကအားဖြင့်တော့ သွားနဲ့ အရိုးကျန်းမာရေးအတွက် အလွန်အကျိုးပြုပါတယ်။ ဒါ့အပြင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကိုအထောက်အပြုခြင်းအပါအဝင် တခြားသော ကောင်းကျိုးတွေ အများကြီးရှိပါသေးတယ်။

?ဗီတာမင်ဒီ က တကယ်လိုအပ်သလား?
ဗီတာမင်ဒီ လိုအပ်ချက်ဟာ အသက်အရွယ် ၊ ကျန်းမာရေးအနေအထား အစားအသောက် နေထိုင်တာတွေနဲ့ သက်ဆိုင်နေတာကြောင့် လူတစ်ဥိီးနဲ့ တစ်ဦး ကွဲပြားနိုင်ပါတယ်။ တချို့လူတွေမှာတော့ နေရောင်ခြည်နဲ့ အစားအစာက ရတဲ့ ဗီတာမင်ဒီဟာ လုံလောက်တာကြောင့် အပြင်ကနေ ထပ်မံဖြည့်စွက်စရာ မလိုပေမယ့် တချို့သော ဗီတာမင်ဒီ ချ်ို့တဲ့သူတွေမှာတော့ ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် အရိုးနှင့် သက်ဆိုင်တဲ့ ရောဂါတွေ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

? ဒါဆို ဗီတာမင် D သောက်ချင်တယ် သောက်ရမလား??
တနေ့တာ သင့်တော်တဲ့ ပမာဏဆို သောက်လို့ရပါတယ်။
အသက်အရွယ်အလိုက် ဗီတာမင်ဒီ လိုအပ်ချက်ကတော့
မွေးစမှ တစ်နှစ် = 400 IU
၁ နှစ်မှ ၁၃ နှစ် = 600 IU
၁၄ နှစ်မှ ၁၈ နှစ် = 600 IU
၁၉ နှစ်မှ ၇၀ နှစ် = 600 IU
၇၁ နှစ်နှင့် အထက် = 800 IU
ကိုယ်၀န်ဆောင်နှင့် နို့တိုက်မိခင် = 600 IU တို့ပဲဖြစ်ပါတယ်။

?ဗီတာမင်ဒီသောက်လို့ အန္တရာယ်ရှိနိုင်လား ဆိုးကျိုးရှိနိုင်လား??
ရှိနိုင်ပါတယ်။ အထူးသဖြင့် လိုတာထက်ပိုပြီး ပမာဏများများသောက်သုံးမိရင်ပေါ့။ ယခု covid 19 ကာလမှာ လူတော်တော်များများဟာ ဆရာဝန်ညွှန်ကြားချက်မပါပဲ Vitamin D ကို ပမာဏများစွာ နေ့စဉ်သောက်သုံးနေကြတာကိုတွေ့ရပါတယ်။ ဒါဟာ ရေရှည်မှာ vitamin D toxicity ဖြစ်စေနိုင်တာကြောင့် အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် vitamin D ကို သောက်ချင်တယ်ဆိုရင် နေ့စဉ်တကယ်လိုအပ်တဲ့ပမာဏဖြစ်တဲ့ 400–800 IU (10–20 mcg) လောက်ပဲ သောက်သုံးသင့်ပါတယ်။ ယခုဆိုရင် ဈေးကွက်ထဲမှာ Vitamin D 1000 IU ပါဝင်တဲ့ brand အမျိုးမျိုးကို အလွယ်တကူဝယ်ယူနိုင်ပြီး ထိုပမာဏဟာ တနေ့တာအတွက် သင့်တော်လုံလောက်ပါတယ်။ ဗီတာမင်ဒီ ပမာဏ 4000 IU ထက်ပိုမိုသောက်သုံးခြင်းဟာ ရေရှည်အတွက် ဆိုးကျိုးများနိုင်ကြောင်း သုတေသနတော်တော်များများက တွေ့ရှိထားပါတယ်။

?ဒါဆို ဈေးကွက်ထဲက vitamin D ပမာဏအများအပြားပါဝင်တဲ့ ဆေးတွေကရော ဘယ်လိုလူတွေအတွက်လဲ??
အထူးသဖြင့် အကြောင်းကြောင်းကြောင့် Vitamin D ချို့တဲ့ပြီး high dose လိုအပ်သူများအတွက်ပါ။ ထိုသူများဟာ မသောက်ခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးစစ်သင့်ပါတယ်။ သွေးတွင်းမှာရှိတဲ့ ဗီတာမင်ဒီ ပမာဏကို ဆန်းစစ်ပြီး လိုအပ်မှသာ ပမာဏများများ သောက်သုံးသင့်ပါတယ်။

?ဗီတာမင်ဒီကို ဆေးအနေနဲ့ မသောက်ချင်ရင် တခြားဘယ်ကရနိုင်မလဲ??
ဗီတာမင်ဒီ ဟာ နေရောင်ခြည်ကနေ ရနိုင်တဲ့အပြင် အစားအစာများ အထူးသဖြင့် အသား အဆီထူငါး၊ အသည်း၊ ဥအမျိုးမျိုး၊ အစေ့အဆံနဲ့ ပဲနို့ ကနေလဲ ရနိုင်ပါသေးတယ်။

?ဗီတာမင်ဒီဟာ ကိုဗစ်ကာကွယ်ကုသနိုင်သလား?
ယခုအချိန်ထိ လေ့လာတွေ့ရှိချက်များအရ ဗီတာမင်ဒီဟာ ကိုဗစ်ကာကွယ်ရာမှာ ကုသရမှာ အသုံးဝင်ပါတယ်ဆိုတဲ့ ရလဒ်မတွေ့ရှိသေးပါဘူး။

ဒါကြောင့် အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် တန်ဆေး လွန်ဘေးဆိုသလို သင့်တော်တဲ့ ဗီတာမင်ဒီ ပမာဏကိုသာ နေ့စဉ်သောက်သုံးပြီး ကျန်းမာအောင်နေကြပါလို့?

Pharmacist Noble

#VitaminD
#MedicalContent
#PharmacistNoble
#FreelanceContentWriter

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)