Author's Profile Photo

Noble

8/04/2024

အပူတွေ အေးသွားတဲ့အခါ ……

1 min read
Life Style
Health
အပူတွေ အေးသွားတဲ့အခါ ……'s photo

'ပူတယ်ဟေး…….. ပူတယ်’

ဒီရက်ပိုင်း အကြားရဆုံးက ပူတယ်၊ အိုက်တယ်၊ ချွေးတအားထွက်တယ်၊ နောက်ပြီး မူးတယ်၊ ရင်တုန်တယ်၊ အားမရှိဘူးဆိုတာတွေပါ ကြားလာရပြီ ဆိုတော့ အပူရှပ် တာ တွေလဲ ဖြစ်လာနိုင်ပြီမို့ သတိထားသင့်ပါပြီ။ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့သူတွေ၊ နာတာရှည် ရောဂါအခံရှိတဲ့သူတွေ၊ ကလေးငယ်တွေ၊ အဝလွန်တဲ့ လူငယ်တွေ၊ နေပူထဲမှာ လုပ်ရတဲ့ သူတွေအနေနဲ့ ဒီအပူချိန်ကို အထူးသတိပြုရမှာပါ။

အရမ်းပူတဲ့ အခါမှာ ခန္ဓာကိုယ်ကနေ ချွေးတွေ ထွက်လာတယ်ဆိုတာက Homoeostasis လို့ခေါ်တဲ့ ဖြစ်စဉ်ကြောင့်ပါ။ ဒီဖြစ်စဉ်ဟာ ခန္ဓာကိုယ်ကို အေးအောင် အပူချိန်တွေ လျှော့ပေးပြီး အပူ အအေး မျှတအောင် လုပ်ပေးပါတယ်။ ဒါပေမယ့် တချို့ အခြေအနေတွေမှာ ချွေးထွက်ရုံနဲ့ မထိန်းချုပ်နိုင်တော့တာတွေ ရှိပါတယ်။ ဒီအချိန်မှာ ခန္ဓာကိုယ်ရဲ့ အပူချိန်တွေ အဆမတန်တက်လာနိုင်ပြီး ဦးနှောက်သွေးကြောပြတ်တာတွေ ကိုယ်တွင်းအင်္ဂါတွေ ထိခိုက်တဲ့ အထိ ဖြစ်နိုင်ပါတယ်။ ဒါကို အပူရှပ်တယ်၊ အပူကြောင့် လေသင်တုန်းဖြတ်တယ် စသဖြင့် ခေါ်ကြပါတယ်။

ခုလို ပူတဲ့အချိန်မှာ ကျန်းမာရေးအတွက် စိုးရိမ်စရာတွေလဲ များတာမို့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေကို ပြောပြချင်ပါတယ်။

☀️ ချွေးစုပ်တဲ့ ချည်ထည် ၊ ပွပွယောင်းယောင်းနဲ့ အရောင်ဖျော့တဲ့ အင်္ကျီလေးတွေ ဝတ်ပေးပါ။

☀️ ရေများများသောက်ပေးပါ။ လိုအပ်ရင် ဓါတ်ဆားရေ လဲ သောက်လို့ရပါတယ်။

☀️ အရည်ရွှမ်းတဲ့ ဖရဲသီး၊ လိမ္မော်သီးလို အသီးလေးတွေ စားပေးပါ​။

☀️ ဖြစ်နိုင်မယ်ဆိုရင် အရိပ်ထဲမှာ ၊ လေအေးတိုက်တဲ့နေရာမှာ နေပေးပါ။

☀️ နေပူထဲ ထွက်ဖို့ လိုလာပြီဆိုရင်လဲ ဦးထုပ် ၊ ထီး စတဲ့ အကာကွယ်လေးတွေ ယူပေးပါ​။

☀️နေပြင်းတဲ့နေရာမှာ လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေ ရှောင်ပါ။

☀️ နေပူထဲကနေ အေးတဲ့ နေရာကို ဝင်တဲ့အခါ သတိထားပေးပါ၊ အပြင်က ပြန်လာရင် ရေချိုးတာ ရေခဲရေသောက်တာတွေ ရှောင်ပေးပါ။

☀️ ဒီရက်ပိုင်း အငန်တို့ အချိုတို့လျှော့စားပေးပါ။ (အထူးသဖြင့် ဆီးချို၊ သွေးတိုး ရှိတဲ့သူတွေ သတိထားပေးပါ)

☀️ လက်သုတ်ချဉ် ၊ ဗိုက်နာနိုင်တဲ့ ဝမ်းလျှောနိုင်တဲ့ အစားအစာလေးတွေ ရှောင်ပေးပါ။

☀️ အရက်ကို လျှော့သောက်ပေးပါ​။

တကယ်လို့ ခန္ဓာကိုယ်အပူချိန်အရမ်းတက်လာတယ် , အဖျား ၁၀၃ ကျော်လာပြီ၊ ချွေးမထွက်ပဲနဲ့ အသားတွေပူပြီး နီနေမယ်၊ နှလုံးခုန်နှုန်းတွေ မြန်နေမယ်၊ ခေါင်းတွေထိုးပြီးကိုက်နေမယ်၊ ခေါင်းမူးမယ်၊ အော့အန်မယ်၊ သတိလစ်မယ် စတဲ့ လက္ခဏာတွေ ဖြစ်ပြီဆိုရင် Heat Stroke ဖြစ်နိုင်တယ်။ အသက်အန္တရယ် စိုးရိမ်ရတာကြောင့် နီးစပ်ရာ ဆေးခန်းကို သွားသင့်ပါတယ်။

Pharmacist Noble

#DangersOfHeatStroke
#PrecautionsOfHeatStroke
#TipsForThisWeather
#PharmacistNoble
#FreelanceContentWriter

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးတော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များဖတ်နိုင်သမျှ များများဖတ်ပေးပါမက္ကဇင်ဂေါ်ကီ နှင့် ခရီးသည်တစ်ဦးဆင်းရဲသားလေး ဂျက်လန်ဒန်ဘာလို့ မုန်းကြတာလဲရပ်တန့်ရမယ့်အချိန်စိတ်ဓာတ်ကျနေတဲ့အခါမရိုးတရိုးရှောင်တာက ကြောက်ခြင်းမဟုတ်