Author's Profile Photo

မြူ

26/12/2025

အမျိုးသမီးတစ်ယောက်အတွက် Motivation & Mindset

2 mins read
Life Style
18 Again
Self Improvement
အမျိုးသမီးတစ်ယောက်အတွက် Motivation & Mindset's photo

အမျိုးသမီးတစ်ယောက်အတွက် Motivation & Mindset

ယနေ့ခေတ်မှာ အမျိုးသမီးအများစုဟာ မိသားစု၊ အလုပ်အကိုင်၊ ပညာရေး၊ လူမှုရေး… မည်သည့်နေရာကပဲဖြစ်ဖြစ် တာဝန်ကိစ္စအမျိုးမျိုးကို တစ်ပြိုင်နက်တည်း သယ်ဆောင်နေရသူများဖြစ်ကြသည်။ အထူးသဖြင့် နည်းပညာမြန်ဆန်ပြီးပြိုင်ဆိုင်မှုများ တိုးတက်လာသည့်ခေတ်မီလောကထဲမှာ အမျိုးသမီးတွေဟာ ယခင်နှစ်များထက် ပိုမိုတက်ကြွလာပြီး လုပ်ငန်းခွင်တစ်လွှားတွင် အသိအမှတ်ပြုခံရသော အောင်မြင်သူများအဖြစ် ရပ်တည်နေကြသည်။
အမျိုးသားများနှင့် တန်းတူအခွင့်အရေး ရရှိလာခြင်းကြောင့် အမျိုးသမီးများသည် စီးပွားရေးနယ်ပယ်တွင်ပင် ဦးဆောင်သူ၊ စီမံခန့်ခွဲသူ၊ စီးပွားရေးပညာရှင်များအဖြစ် ထင်ရှားလာကြသည်။

သို့သော်လည်း လောကထဲမှာ တိုးတက်လာသောအခွင့်အရေးနှင့်အမျှ စိန်ခေါ်မှုတွေပါ တိုးလာနေသည်။ တစ်ချိန်တည်းမှာ အမျိုးသမီးများဟာ မိသားစုတာဝန်၊ သွန်သင်ပေးမှု၊ လူမှုရေးတာဝန်နှင့် သဘာဝအားဖြင့် ဖြစ်ပေါ်တတ်သော စိတ်ခံစားချက်နုနယ်မှုတို့ကြောင့် လူတစ်ယောက်အဖြစ် “စိတ်ဓာတ်ကျခြင်း”၊ “ယုံကြည်မှုလျော့နည်းခြင်း” ကဲ့သို့သောအခက်အခဲများကို မကြာခဏကြုံတွေ့မိသည်။

ဒါကြောင့် ယနေ့ခေတ်အမျိုးသမီးတစ်ယောက်အတွက် Motivation နှင့်Mindset
ဟာ ဘဝတိုးတက်မှုအတွက် အဓိက အုတ်မြစ်တစ်ခုဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်အတွက် Motivation နဲ့ Mindset ဆိုတာ ဘဝအမောတွေကို ဖြတ်ကျော်စေနိုင်တဲ့စွမ်းအား ၊ အိမ်မက်တွေကိုအကောင်အထည်ဖော်နိုင်တဲ့ စွမ်းရည် ပဲဖြစ်ပါတယ်။


အမျိုးသမီးတွေအနေနဲ့ ဘယ်လို Motivation နဲ့ Mindset ရှိသင့်သလဲ?

Build Self-Confidence

ဒါကအဓိကအချက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။ တည်ဆောက်ပါ။ ကိုယ့်အမှားတွေကိုသိပါ။ အမှားကနေအမှန်ပြင်နိုင်ဖို့ကြိုးစားပါ။ကိုယ့်ကိုယ်ကိုလက်ခံပါ။ ကျရှုံးတာဖြစ်ဖြစ် အောင်မြင်တာဖြစ်ဖြစ်လက်ခံတတ်ပါစေ။ ကိုယ့်ရဲ့အောင်မြင်မှုတွေကို ဂုဏ်ယူပါ။ အဲ့ဒီအောင်မြင်မှုက သေးငယ်တဲ့အရာတွေဆိုတောင် ဂုဏ်ယူပါ။


Develop Emotional Resilience

ကိုယ့်ရဲ့စိတ်ခံစားချက် (Emotional) တွေကိုထိန်းချုပ်တတ်ပါစေ။
ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းနဲ့ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်တဲ့နည်းလမ်းတွေ သုံးချတတ်ပါစေ။
စိန်ခေါ်မှုတွေကိုမရှောင်ကြဉ်ပဲ ရင်ဆိုင်လိုက်ပါ။


Be Independent

ကိုယ့်ရဲ့ဘဝကို control လုပ်နိုင်ပါစေ။ ငွေကြေး ၊စိတ်ခံစားမှု၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အထိ။
ဆုံးဖြတ်ချက် ကိုယ်တိုင်ချမှတ်ပြီး အဲ့အပေါ်မှာ ယုံကြည်မှုရှိပါ။
အသက်မွေးဝမ်းကြောင်းနဲ့ လိုအပ်တဲ့ဘဝကျွမ်းကျင်မှုတွေကို သင်ယူထားပါ။


Set Boundaries


ကိုယ့်ကိုယ်ကိုယ် နယ်နိမိတ်သတ်မှတ်ဖို့လိုမယ်။ ကိုယ်ကလဲ သူများစည်းကိုသွားမကျာ်မိစေပါနဲ့။ ကိုယ့်စည်းကိုလာကျော်တဲ့သူရှိရင်လဲ ချက်ချင်းတုံ့ပြန်နိုင်ပါစေ။
အားမနာပါနဲ့။
အဆင်မပြေမယ့်အရာတွေတောင်းဆိုခံရချိန်မှာ အားမနာပဲ No လို့ပြောနိုင်ပါစေ။
ကိုယ့်ကိုလေးစားပြီး အားဖြည့်ပေးတတ်တဲ့လူတွေနဲ့ပဲ နီးစပ်ပါ။

Never Stop Learning

သင်ယူမှုတွေမရပ်လိုက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ်တိုးတက်ဖို့အတွက် အမြဲကြိုးစားအားထုတ်ပါ။
အတွေ့အကြုံအသစ်တွေ သင်ယူမှုအသစ်တွေ ကျရှုံးမှုအသစ်တွေ အောင်မြင်မှုအသစ်တွေ အတွက် စိတ်ကိုဖွင့်လှစ်ထားပါ။
မအောင်မြင်မှုတွေကနေ သင်ခန်းစာယူပြီး နောက်တစ်ဆင့် တက်နိုင်အောင်ကြိုးစားပါ။
အရာရာကို လေ့လာသင်ယူနေပါ။


Take Care of Your Body and Mind

ကိုယ့်ရဲ့စိတ်နဲ့ ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။
အမျိုးသမီးတစ်ယောက်က လှနေဖို့လိုသလို စိတ်ဓာတ်ပိုင်းလဲ သန်မာနေရမယ်။
ကိုယ့်စိတ်ကို တည်ငြိမ်စေမယ့် အရာတွေကို လုပ်ပါ။
ကိုယ်ဝါသနာပါတဲ့အရာတွေအတွက် အချိန်ပေးပါ။


Stand Up for Yourself and Others

ကိုယ့်အတွက်တင်မဟုတ်ပဲ အခြားသူတွေအတွက်ပါရပ်တည်နိုင်အောင်ကြိုးစားပါ။
အခြားမိန်းကလေးတွေကို အားဖြည့်ထောက်ပံ့ပေးပါ။
မတရားတဲ့အမှုအခင်းတွေကို မကြောက်ဘဲ ပြောဆိုနိုင်ပါစေ။
ဘယ်လိုကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရသည်ဖြစ်စေ မကြောက်ရွံ့ပါနဲ့။ ဖြေရှင်းပါ။


အမျိုးသမီးတွေဆိုတာ ပန်းလေးလိုနူးညံ့ပြီး ဆူးတွေလိုအန္တရာယ်ရှိပြီး သန်မာတဲ့သူတွေပါ။ ဒါကြောင့် သန်မာတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ဖို့အတွက် ခံနိုင်ရည်ရှိဖို့မလိုပါဘူး။ လဲကျပြီးတဲ့အခါ ပြန်ထနိုင်ဖို့ပဲလိုပါတယ်။



-မြူ

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်