Reviews by Benevolent

မြန်မာနိုင်ငံမှာ ဝတ္ထုဇာတ်လမ်း ရေးသားဖတ်ရှုမှုဟာ ပဒေသရာဇ်ခေတ်မှာ အစဉ်အဆက် ရှိခဲ့ကြတယ်။ လှိုင်ထိပ်ခေါင်တင်ရဲ့ ဝိဇယကာရီ၊ ဣန္ဒာဝံသ နန်းတွင်းဇာတ်ကြီးတွေက မန္တလေးခေတ် အမျိုးသမီးတွေရဲ့ ထင်ရှားတဲ့ လက်ရာတွေ ဖြစ်ပါတယ်။အနောက်တိုင်း ဝတ္ထုပုံစံကတော့ အင်္ဂလိပ်ခေတ်မှာ ၁၉ဝ၄ က စပြီး ပေါ်ထွက်လာပြီး မြန်မာအမျိုးသမီးတယောက်ရေးတဲ့ ဝတ္ထု အနေနဲ့ ၁၉ဝ၉ မှာ မအေးခင်ရဲ့ ချစ်ရိုးအမှန် က စတင်ခဲ့တယ်လို့ဆိုကြတယ်။
မအေးခင်ရဲ့ လက်ရာဟာ အင်္ဂလိပ်စာရေးဆရာမ ဂျိန်းအော်စတင်လိုပဲ အချစ်ရဲ့ ဆန်းပြားတဲ့ သဘာဝကို ဖွဲ့တတ်တယ်လို့ ဥပဒေပညာရှင် ဒေါက်တာဘဟန်က ဝေဖန်ပေမယ့် ဒီဝတ္ထုက ရှားပါးလွန်းလို့ ဖတ်ဖူးသူ နည်းပါတယ်။
မအေးခင်က စာအများအပြား မရေးခဲ့ပေမယ့် သူ့ခြေရာနင်းမယ့် အမျိုးသမီးတွေ ၁၉၁ဝ ကျော်မှာ ထွက်လာပါတယ်။ သူရိယမှာ ဝတ္ထုတိုတွေ ရေးတဲ့ မစန်းနဲ့ K.L.K တို့ပါ။ မစန်းက ပထမဆုံး မြန်မာသတင်းစာဆရာမ အင်ဒီပင်းဒင့်ဒေ
Unlock to read this premium article with 100 points.