Author's Profile Photo

SarPhat Author

7/04/2024

အရက်ဆိုင်

1 min read
Life Style
General Knowledge
Poetry
အရက်ဆိုင်'s photo

သူတပါး မိသားစုကို
ဒုက္ခ၊သောကတွေပေး

လောဘ၊ဒေါသ အလီလီတွေနဲ့
"အရက်"ကိုရောင်းလို့
ရလာခဲ့တဲ့ ငွေနွမ်း

ထိုပိုက်ဆံ‌တွေနဲ့ "စာ"သင်ခဲ့ရတော့
ပညာဉာဏ်က...နည်း
ကံက...မွဲ
ပန်းတိုင်တွေ...လွဲ
အရာရာဟာ မမြဲ...

လမ်းတွေပျောက်...ဆဲ

ကမ်းမမြင် လမ်းမမြင်
အမှောင်လွင်ပြင်မှာ
ကိုယ်တိုင် ရုန်းထွက်နိုင်မှ
ကိုယ်တိုင် လမ်းဖောက်နိုင်မှ
နောင်လာနောက်သားတွေ

အောင်မြင်မယ့်ကိန်း၊
ထွန်းပေါက်မယ့်ကိန်း၊
လူရာ၀င်မယ့်ကိန်း။

မောင်ပို

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်အဆုံးသည်......အသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်