Reviews by Benevolent
ရုရှားစာရေးဆရာ မက္ကဇင်ဂေါ်ကီ ပြောချင်တာတွေ အများကြီးပြောထားတဲ့ စာအုပ်တအုပ်လို့ ပြောလို့ရတယ်။မက္ကဇင်ဂေါ်ကီ (Maxim Gorky) ရဲ့ ပထမဆုံး ဝတ္ထု (1899 ) မူရင်းဝတ္ထုဖြစ်တဲ့ 'FOMA GORDEYEV'ကို ဆရာကြီးမြသန်းတင့်က 'မှောင်မိုက်မှာငို' ဆိုတဲ့ ခေါင်းစည်းနဲ့ ဘာသာပြန်ထားတဲ့ စာအုပ်ကလေးကို ဖတ်ဖြစ်ခဲ့တယ်။ ဆရာမြစာအုပ်နာမည်ပေးထားပုံက ထူးခြားသလောက် ဇာတ်ကောင်ရဲ့ နောက်ဆုံးလျှောက်လှမ်းသွားခြင်းနဲ့ လည်း ထပ်တူကြနေတယ်။ရုရှားပြည်ကြီးပျက်နေချိန် တည်တံ့တာ ၊ ခိုင်မြဲတာ ဆိုလို့ ဘာမှမရှိတော့ဘူး။ လူတွေက အမှောင်ကြီးကျပြီး မမြင်မကန်း ရမ်းသန်းသွားလာနေကြရတယ်။ ဂူကြီးထဲမှာ ပိတ်မိပြီး မွန်းကျပ်နေသလို၊ တစ်ယောက်ကို တစ်ယောက်လိမ်၊ ညစ်ပတ်ကာ လူပီသတဲ့ စဉ်းစားခွင့် ၊လုပ်ခွင့်တွေက အပုပ်နံထွက်နေတဲ့ အချိန်ကာလပေါ့။အလိမ်ညာ ကုန်သည်ပေါက်စ၊ ကုန်သည်အကြီးစား၊ နိုင်ငံရေးသမား ကုန်သည် ၊ ပြည့်တန်ဆာ များ၊အရက်အလွန်သောက်သူများနဲ့ ကိုယ့်ပိုင်ဝါဒဖြန့်သူများ၊ စိတ်ကယောင်ချောက်ချားဖြစ်သူများနဲ့ သာ တိုင်းပြည်ကို ခေါင်းမြီးခြုံထားတယ်။ လူ့မနောတွေကို စာရေးဆရာက လှလှပပရေးပြထားတယ်။နောက်တချက်က ရုရှားပြည်ဗော်လဂါမြစ်ရိုးတလျှောက် ကြည့်လိုက်တိုင်း ဟင်းလင်းပြင်၊ လွတ်လပ်မှု၊ တောက်ပခြင်း၊ စိမ်းစိုသော မြက်ခင်းပြင်၊ တလွင်လွင် ပြာနေတဲ့ ကောင်းကင်ကြီး နဲ့ ကမ်းပါးများ အလှ ပသာဒ နဲ့ ဟဒယ ကို ရွှင်းလန်းစေတဲ့ ရှုခင်းများ တခုပြီးတခု လှစ်ဟပြထားတဲ့ အလှတွေကိုလည်း ခံစားရမယ်။
▪️ ဇာတ်ကွက်
ဗော်လဂါမြစ်ကို အမှီပြုနေတဲ့ ရုရှားကုန်သည်အသိုင်းအဝိုင်းကို အဓိကအခြေပြုရေးထားတယ်။ရေစီးသန်တဲ့ ဗော်လဂါမြစ်ရိုးတွင် ကံ၊ ဉာဏ်၊ ဝီရိယ တို့ဖြင့် နေချင်းညချင်း ချမ်းသာလာတဲ့ လှေထိုးသမားတစ်ဦးနဲ့ အစပျိုးထားတယ်။ထိုလူက ကာယဗလနှင့် အများရဲ့ကြည်ညိုလေးစားမှုခံရတဲ့ သင်္ဘောပိုင်ရှင်၊ အရင်းရှင် ဂေါ်ဒီယက်( Gordeyev )ဘဲဖြစ်တယ်။သား ယောင်္ကျာလေး အရမ်းလိုချင်တဲ့လူ၊နောက်ဆုံး ရခဲ့တော့လည်းဉာဏ်ရည်ဉာဏ်သွေး အားနည်းတဲ့ ဖိုးမာ(Forma)ဆိုတဲ့သားတစ်ယောက်၊ သူက ဇာတ်လမ်းကိုအဓိကပုံဖော်ထားတယ်။ဇာတ်လမ်းအကျဉ်းက ကုန်သည်ပွဲစားကြီးတစ်ယောက်ရဲ့ သား ဖိုးမာ ဆိုတဲ့ ကောင်လေးတစ်ယောက် လောကအမှန်တရားကို လိုက်ရှာ၊လိုက်တွေးတဲ့ ပုံစံမျိုးပါပဲ။စကားပြောခန်း ဒိုင်ယာလော့တွေ၊ဥပမာတွေနဲ့ အရမ်းမြိုင်ပါတယ်။လက်ကမချချင်အောင် စွဲဆောင်နိုင်တယ်။
ငွေနှင့်အာဏာ ၊ အာဏာနဲ့ငွေ ၊ မည်သူက တန်ခိုးကြီးပါသလဲ။ဇာဘုရင်ကအရည်အချင်းမရှိတော့ ဇာတိရုပ်ကို ဖုံးချင်လို့ လုပ်ကွက်အတွက် လူလည် ကုန်သည်ပွဲစားလူတန်းစားအားကိုးနဲ့ လမ်းတွေမှာတောင်းစားသူမရှိအောင် လူအိုရုံတွေ၊ အသင်းရုံတွေဆောက်၊ သူတောင်းစားတွေ ပပျောက်အောင် ၊ လူဆင်းရဲတွေ ပပျောက်အောင် ဆုတ်ဖြဲထားတဲ့ တိုင်းပြည်ကို ဖာထေးချုပ်လုပ်ဖို့ ကြိုးစားတယ်။တကယ့်တော့တိုင်းပြည်ကြီးက ခြတွေ၊ လောက်တွေ တရွရွ တတ်နေတယ်။အမှိုက်ပုံကြီးသာဖြစ်လာတယ်။ တိုင်းပြည်ကို အုပ်စီး နေတဲ့ လူလည်ကုန်သည်ပွဲစားတွေရဲ့ တုပ်နှောင်ထားခြင်းသာခံခဲ့ရတယ်။
ကာလတီဗေးရှင်း ဆိုပြီး စာမတတ် ပေမတတ် ကုန်သည်ပွဲစားတွေက တိုင်းပြည်ကို ဝယ်ဖို့ကြိုးစားလာကြတယ်၊ တိုင်းပြည်သာယာအောင် ပညာရေး၊ စီးပွားရေး ၊ယဉ်ကျေးမှု၊ ကြီးမားတဲ့စစ်တပ် စတဲ့ ဟာတွေကို ဇာဘုရင်ရဲ့ တိုက်တွန်းမှုနဲ့အတူ ခွန်အားတွေ၊ ငွေတွေ ကို စိုက်ထုတ်ပေးခဲ့ကြတယ်။ဒါကြောင့် ကာလတီဗေးရှင်ကို ကြိုက်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုကာ ကျုပ်တို့မြစ်၊ ကျုပ်တို့တိုင်းပြည်ကြီးကို ဒီအခြေနေရောက်အောင် လုပ်လာတဲ့အတွက် ဘာညာဆိုပြီး ပါတီထောင်ကာ အာဏာယူဖို့ ကြိုးစားလာကြတယ်။တိုင်းပြည်ကို မျက်နှာဖုံးစွပ်ကယ်တယ်ပေးချင်သူတွေ ဖြစ်လာတယ်၊ဘာအကျင့်သိက္ခာမှ မရှိတဲ့ဒီလူတွေဟာ ရွှေပုံကြီး နဲ့ ငွေစက္ကူထပ်တွေသာကိုးကွယ်နေတဲ့ လူအတ္တတွေပါပဲ။
▪️ဇာတ်ကောင်စရိုက်
ဇာတ်လမ်းထဲမှာ ပါဝင်လာရတဲ့ဇာတ်ကောင်တစ်ယောက်ခြင်းစီဟာ ဘဝဒဿနတွေ၊ ကိုယ့်ပိုင် အယူအဆတွေကို တစ်ယောက်တစ်မျိုးစီဖော်ထုတ်သွားကြတယ်။ ဇာတ်ကောင်တွေဟာ ကိုယ့်အတွေးကိုကိုယ် အဟုတ်ကြီးမှတ်ပြီး သူတို့ဘဝတွေကို ဖြတ်သန်းနေကြသလို တစ်ပါးသူတွေကိုလည်း သူတို့အတွေးတွေကို မျှဝေ ပေးခြင်းအားဖြင့် ဝါဒဖြန့်နေကြလို့မြင်တယ်။အဲ့အချိန် ဘဝအကြောင်းကို အစေ့အစပ်နားမလည်သေးတဲ့လူတစ်ယောက်ဟာ ဘဝကိုအများကြီးဖြတ်သန်းခဲ့ဖူးပြီးတဲ့ လူတွေဆီက အတွေးအမြင်တွေလိုက်လံစုံစမ်းနေမှု၊ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ဟိုလူပြောတာလည်းဟုတ်သလိုလို ဒီလူထင်တာလည်းမှန်သလိုလို ဟိုလူမြင်တာလည်း သဘာဝကျသလိုလိုနဲ့ ဟိုလိုလို ဒီလိုလို ဖြစ်သွားအောင် သူတို့အမြင်တွေကိုချပြပြီး အဓိကဇာတ်ကောင်သာမက စာဖတ်သူကိုပါ ဇဝေဇဝါဖြစ်စေအောင်လှုံ့ဆော်မှုတွေလုပ်တယ်။တကယ့်ကိုလေးလေးနက်နက်တွေးမှ လေးလေးနက်နက်မြင်နိုင်မဲ့အရာတွေ ပါဝင်နေသယောင်ပေါ့။
▫️ဂေါ်ဒီယက်
ကြီးမားတောင့်တင်းတဲ့ ခန္ဓာကိုယ်၊ မုတ်ဆိတ်မွေးတို့ဖြင့် ဖုံးအုပ်ထားတဲ့ မျက်နှာရှိပြီး တလက်လက်တောက်ပနေတဲ့ မျက်လုံးများကြောင့် သားက ပုံပြင်ထဲက ပင်လယ်ဓားပြကြီးတယောက်နဲ့ အမြဲတူတယ်ထင်လေ့ရှိတယ်။လူထူးလူဆန်းတယောက် သူ့ခန္ဓာကိုယ်ထဲတွင် လူ့စိတ်သုံးမျိုး ကိန်းဝပ် နေလေ့ရှိတယ်။ လောဘ ဇောအထွတ်အထိပ် ရောက်လာချိန်တွင် ဖုတ်သဘက်ဝင်သလို စီးပွားရေးကို ရမ္မက်ကြီးစွာ ၊ အကြင်နာမဲ့လာတတ်သူဖြစ်ပြီးတခါတစ်လေရေခဲတုံးကြီးလို ပစ္စည်းများ ဆုံးရှုံးချိန်တွင် မနှမြော၊မတုံ့လှုပ်သူတစ်ယောက်လည်းဖြစ်တယ်။ ကိုယ်လက်အင်္ဂါချို့တဲ့နေသူများကိုသာ ပေးကမ်းစွန့်ကြဲလေ့ရှိသူလည်းဖြစ်တယ်။ နောက်ဆုံးတမျိုးက အရက်နံ့တထောင်းထောင်းသောက်စားမူးယစ်သောင်းကျန်းတတ်ပုံက ထမင်းမေ့ဟင်းမေ့ ရက်သတ္တပတ်ကြာတတ်တယ်။ငယ်စဉ်က ကြိုးစားခဲ့သလောက် အရွယ်ရောက်တော့မကောင်းမှု
Unlock to read this premium article with 100 points.