Tapathi (တပသီ)

ကျွန်မတို့အမျိုးသမီးတွေဟာ..
အမျိုးသားတစ်ဦးလို ခွန်အားမျိုးရှိချင်မှရှိလိမ့်မယ်။
အမျိုးသားတစ်ဦးကဲ့သို့ စွမ်းဆောင်ရည်မျိုးရှိချင်မှရှိလိမ့်မယ်။
သို့ပေမဲ့...
ကျွန်မတို့ရဲ့ထက်သန်တဲ့ယုံကြည်ချက်နဲ့လုပ်ဆောင်ချက်တွေဟာ ကမ္ဘာကြီးကိုလည်း ပြောင်းလဲစေနိုင်ခဲ့ပါတယ်။
အမျိုးသမီးတွေ ဖြစ်တည်လာခြင်းဟာ ခွဲခြားဆက်ဆံခံရပြီး အိမ်မှုကိစ္စတွေနဲ့ပဲ အချိန်ကုန်စေဖို့မဟုတ်သလို ပုခတ်လွှဲတဲ့လက်တိုင်းဟာလည်း လောကကြီးကို တစ်ထောင့်တစ်နေရာကနေ အလှဆင်ပေးနေကြပါတယ်။
စစ်ပွဲတိုင်းရဲ့ နောက်ကွယ်မှာ အနမ်းတစ်ပွင့်နဲ့လွမ်းတစ်ခွင့်ကို ပိုက်ကာ ပန်းတစ်ပွင့်နဲ့အောင်လံလွှင့်စေတာ အမျိုးသမီးတွေပါ။
ရဲရင့်ထက်မြက်တဲ့အမျိုးသားတွေကို မွေးဖွားပေးခဲ့တာဟာလည်း မိခင်ဆိုတဲ့ အမျိုးသမီးတွေပါ။
ခွန်အားအရ မညီမျှတဲ့ အမျိုးသမီးတွေကိုတောင် စာရေးတတ်၊ စာဖတ်တတ်မှာကို သမိုင်းတစ်လျှောက် တားမြစ်ခဲ့ရတဲ့အထိ ကျွန်မတို့ရဲ့နူးညံ့တဲ့သတ္တိတွေကို စိုးရွံ့ခဲ့လေသလားရှင်။
#Tapathi
Keep Reading