Author's Profile Photo

မြ (စံကားဝါမြေ)

14/07/2025

အရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)

1 min read
Book Review
Education
18 Again
အရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)'s photo

ဒီနေ့ လူငယ်တွေကြားမှာ သျှမ်းသျှမ်းတောက် ရေပန်းစားနေတဲ့ အသက်(၁၇)နှစ်အရွယ် လူငယ်စာရေးဆရာလေးတစ်ယောက်ရဲ့ အသစ်ဆက်ဆက် စာအုပ်လေးကို ကျွန်မဖတ်ပြီးချိန်မှာ ကျွန်မရဲ့ ခံစားချက်လေးတွေနဲ့ ဉာဏ်မီသလောက်တွေးခေါ်ပြီး Book Review လေး ရေးသွားပါမယ်ရှင်။

ဆိုတော့ လူငယ်တွေကြားမှာ သျှမ်းသျှမ်းတောက် ရေပန်းစားနေတဲ့ အသက်(၁၇)နှစ်အရွယ် လူငယ်စာရေးဆရာလေးတစ်ယောက်က စာဖတ်သူလေးတွေရဲ့ပါးစပ်ဖျားမှာ စွဲနေတဲ့ "ဆရာအက္ခရာ" ပဲ ဖြစ်ပါတယ်ရှင်။

ဆရာအက္ခရာရဲ့ "အရင်ကတော့.... ဒါပေမဲ့ အခုတော့" စာအုပ်လေးကို ဖတ်ရှုပြီးချိန်မှာ ကျွန်မကိုယ်ကျွန်မ ပြန်လည်သုံးသပ်မိပါတယ်။ ဘာတွေပြန်ပြီး သုံးသပ်မိလဲဆိုတော့ ကျွန်မ ယခင်က ဘဝ‌တလျှောက် ဖြတ်သန်းခဲ့ရပုံတွေနဲ့ ယခုလက်ရှိ နေထိုင်ပြောဆိုဆက်ဆံနေပုံတွေအပြင် ဆရာပြောသလို ရွေးချယ်စရာလမ်းများနေတဲ့ အနာဂတ်အကြောင်းတွေရော အစုံပေါ့ရှင်။

ဒီလို ပြန်တွေးမိတဲ့အချိန်မှာ ဆရာရေးထားတာတွေနဲ့ ကျွန်မတို့လို လူငယ်တွေ ကြုံတွေ့ရတတ်တဲ့ အခက်အခဲတွေက အံဝင်ခွင်ကျ ကွက်တိကို ဖြစ်ဖူး၊ ကြုံဖူး၊ ကြုံဆုံနေရဆဲတွေပါရှင်။

ဒီလိုမျိုး အခက်အခဲတွေကို ရင်ဆိုင်ကြတဲ့အခါ နည်းလမ်းများစွာရှိတဲ့အထဲက ဘယ်လို၊ ဘယ်ပုံ၊ ဘယ်နည်းနဲ့ ဖြေရှင်းသင့်တယ်။ ရှောင်ပြေးတာတို့၊ မသမာတဲ့ နည်းလမ်းတွေနဲ့ မဖြေရှင်းသင့်တာတွေအပြင် လူငယ်တွေ ပညာသင်ကြားနေစဉ် ငွေနောက်မလိုက်မိဖို့ အစရှိတဲ့ တကယ့်လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ရင်ထဲကနေ ထပ်တူညီစွာနဲ့ ခံစားဖတ်ရှုရမှာပဲ ဖြစ်ပါတယ်ရှင်။

ဒါ့အပြင် ဆရာ့ရဲ့ ခံယူချက်တွေထဲကမှ "တတ်ချင်ရင် ကလိ" ဆိုတဲ့ စကားလေးကို အတော်သဘောကျမိပါတယ်ရှင်။ ကျွန်မဆိုရင် Video Editing ပိုင်းကို ခေါက်ထားတာ ကြာခဲ့ပါပြီ။ လုပ်တတ်ချင်ပေမယ့် idea ပေါ်မလာတာနဲ့ နားထားတာပေါ့ရှင်။ သို့သော် ဆရာ့ရဲ့ "တတ်ချင်ရင် ကလိ" ဆိုတဲ့ စာလေးကို ဖတ်ပြီးသွားတာနဲ့ ကျွန်မ အကုန်လျှောက်ကလိတော့တာပါပဲရှင်။ နောက်ပိုင်းမှာလည်း မည်သည့်အရာမဆို "တတ်ချင်ရင် ကလိ" ဆိုတဲ့အတိုင်း စူးစမ်းလေ့လာပြီး သင်ယူသွားပါမယ်ရှင်။

ဆရာ့စကားထဲက အကြိုက်ဆုံးလေး တစ်ခုကတော့....

*အရာရာတိုင်း အကောင်းဆုံးဖြစ်ဖို့ မလိုပါဘူး။
အကောင်း‌ဆုံးလုပ်ဖို့ပဲ လိုတာပါ။*

လူတွေက အကောင်းဆုံးဆိုတာတွေကိုပဲ လိုချင်တပ်မက်ကြတာ အမှန်ပါ။ အဲ့ဒီလို အကောင်းဆုံးဆိုတာကို ရဖို့အတွက် ကိုယ်တိုင်ကြိုးစားမှသာ ရနိုင်မှာပါ။ မကြိုးစားဘဲ အကောင်းဆုံးလိုချင်ပါတယ်လို့ ကြွေးကြော်နေရုံနဲ့တော့ ဘာမှဖြစ်မလာပါဘူးရှင်။

ဒါ့အပြင် ဆရာအက္ခရာဟာဆိုရင် အသက် (၁၇)နှစ်ပဲ ရှိသေးပေမဲ့ ဘဝအတွေ့အကြုံ ရင့်ကျက်ပြီး ဘတ်စုံထူးချွန်သူတစ်ဦးပါ။ ကျွန်မက ဆရာအက္ခနဲ့ ခင်မင်ရင်းနှီးလို့ မြှောက်ပင့်ပြောဆိုနေခြင်းမျိုး မဟုတ်ရပါ။ စာပေပညာတွင်သာမက အနုပညာဂီတဘက်မှာလည်း တစ်ဖက်ကမ်းလွန် ထူးချွန်သူပါ။ နည်းပညာပိုင်းမှာလည်း ဆရာအက္ခရာလုပ်တာဆိုရင် ပြောစရာ၊ ပြန်ပြင်စရာ မလိုလောက်အောင်ထိကို စိတ်ကူးကောင်းသူပါရှင်။

နောက်ဆုံးအနေနဲ့ ဆရာ့အတွက် ဆုတောင်းစကားလေး လက်ဆောင်ပါးပါရစေဆရာ။ ဆရာ ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်ထက်မြက်ပြီး ဆရာ့ရည်မှန်းချက်တွေ ပြည့်ဝနိုင်ပါစေ။ စာဖတ်သူလေးတွေအတွက်လည်း တန်ဖိုးရှိ၊ ခွန်အားတွေ ပေးစွမ်းနိုင်တဲ့ စာပေကောင်းတွေ အများကြီး ရေး‌သားပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဆရာ။

# ဆရာအက္ခရာရဲ့ "အရင်ကတော့.... ဒါပေမဲ့ အခုတော့" စာအုပ်လေး မှာယူလိုပါက

Facebook Page Messenger
https://www.facebook.com/share/p/14DgVsLMKZq/

Phone - 09401667545

စာဖတ်သူများအားလုံးကို ချစ်ခင်လေးစား ကျေးဇူးတင်လျက်.....

✍️ မြ (စံကားဝါမြေ)

#SarPhat
#Mya_Kyaukpadaung
14.7.2025(Monday)

Keep Reading

အကျိုးရှိမယ့်စာအုပ်ပဲဖတ်ပါ တော်လ်စတွိုင်း နောက်ဆုံးနေ့ရက်များသည်းခြေကြိုက် စာအုပ် ၆ အုပ်နားစရာရှိတာ နားပါ ချေးများစေ့စပ်တဲ့သူဖတ်နိုင်သမျှ များများဖတ်ပေးပါအရင်ကတော့.... ဒါပေမဲ့ အခုတော့ (Book Review)စိတ်ဓာတ်ကျနေတဲ့အခါဆင်းရဲသားလေး ဂျက်လန်ဒန်Book Review