သျှင်လွန်း
ကိုယ့်အကြောင်း
ကိုယ့်ထက်ပိုသိသူများကြားထဲ
ငါဟာနာမည်ကြီးထမင်းငတ်
စနောက်ခြင်းဆိုတဲ့အသုံးနှုန်းတွေဟာ
ရင်ဝကိုတည့်တည့်လာမှန်တယ်
ဒီလိုပါပဲ...
နှလုံးသားထဲကို
နာကျင်မှုတစ်ခုဦးတည်လာတဲ့အခါ
နောက်ကျောဘက်က
ဓားသွားကလည်း
အလိုလျောက်ချိန်ရွယ်ပြီးသား။
#သျှင်လွန်း
(10:00PM)
Keep Reading