Tain Hlwar Nge
အဆိုးဆုံးအခြေအနေအတွက် ကြိုတွေးထားသလို
အကောင်းဆုံးရလာနိုင်တဲ့ အခြေအနေအတွက်လည်း တွေးပျော်ပါ။
လူတွေက အဆိုးဆုံးအခြေအနေကို ကြိုတွေးပြီးပြင်ဆင်ထားဆိုတာနဲ့ အကောင်းဆုံးတွေကိုတွေးဖို့ပါ မေ့သွားတတ်ကြတယ်။
(ကိုယ်အပါအဝင်ပေါ့)
အဲ့တော့ ဒါများဖြစ်မလာခဲ့ရင်၊ဒီကိစ္စများပျက်သွားခဲ့ရင်၊လွဲချော်သွားခဲ့ရင်ဆိုပြီး စတဲ့ Negative တွေပဲ ဆက်တိုက်တွေးမိသွားတော့
ဘာဖြစ်သွားသလဲဆိုရင် ကိုယ်ပဲစိတ်ပင်ပန်းလာတယ်၊
စိတ်တွေကမလုံမခြုံဖြစ်လာတယ်
ပြောရမယ်ဆိုရင် ဘာမှမလုပ်ခင်ကတည်းက ကိုယ့်Energyတစ်ဝက်လောက်ကုန်သွားတယ်ဆိုတဲ့သဘောပေါ့။
တကယ့်တကယ်လည်း အဲ့ဒီကိစ္စကို ထဲထဲဝင်ဝင်လုပ်ရော စိတ်ကပင်ပန်းထားပြီးသားဖြစ်နေတော့
ကိစ္စက အောင်မြင်သင့်သလောက်မအောင်မြင်၊
ပြီးမြောက်သင့်သလောက် မပြီးမြောက်ဖြစ်နေတတ်တယ်။
ဒါ့ကြောင့်ပဲ နောက်ကိစ္စတွေကျ စိုးရိမ်စိတ်နဲ့ ပိုပြီး Negative တွေတွေး၊
ပိုးပြီး စိတ်မလုံခြုံဖြစ်နဲ့ သံသရာလည်နေတော့တာပါပဲ။
တကယ်က အဆိုးဆုံးတွေဖြစ်လာရင် ငါဘယ်လိုဖြေရှင်းလိုက်မယ်ဆိုပြီး စနစ်တကျ ကြိုတွေးထားသင့်သလို
ကောင်းမွန်တဲ့အခြေအနေအတိုင်း ပြီးဆုံးသွားခဲ့ရင် ငါဘယ်လိုပျော်ရမယ်၊ ငါဘယ်လိုအောင်ပွဲခံရမယ်၊ငါချစ်ရတဲ့လူတချို့ကို ဝမ်းသာအောင်မျှဝေမယ်ဆိုတဲ့
အကောင်းဆုံးအခြေအနေအတွက်ပါ တွေးပျော်ဖို့လိုပါတယ်။
လူတွေဟာ မျှော်လင့်ချက်ရှိမှ ပိုတက်ကြွကြတာမလို့ ရှေ့ရေးကိုကြိုတွေးပြီး ရှေ့ဆက်ချင်စိတ်ရှိဖို့လည်း လိုသေးတယ်မဟုတ်လား။
ဒါ့ကြောင့် ကျမအပါအဝင်ချစ်ရသူတစ်စုကိုမှာချင်တာက
အဆိုးဆုံးအတွက် ကြိုတွေးပြင်ဆင်ထားဖို့လိုသလို
အကောင်းဆုံးအတွက် တွေးပြီး ပျော်ကြည့်ဖို့ကိုလည်းမမေ့ပါနဲ့။
#ngalngal #ငယ်သွေးမြိုင် (7/4/2024)
Keep Reading