Raven Linn
ကျောင်းသွားတိုင်း Ferry အတူစီးနေကျ
အမတစ်ယောက်နဲ့ စကားပြောရင်း
Conversation တစ်ခုကို ရောက်သွားတော့
သူက ရင်ဖွင့်တဲ့အနေနဲ့ ညည်းညူပြပါတယ်။
သူ့ရဲ့ Bluetooth နားကြပ်လေး တစ်ဘက်က
ကားစီးရင်း ဘယ်ပြုတ်ကျသွားမှန်း မသိဘူး တဲ့။
နှစ်ဘက်လုံး ပျောက်သွားတာ မဟုတ်ဘဲ
တစ်ဘက်က ကျန်နေခဲ့သေးတော့
အသစ်တစ်စုံ ဝယ်လိုက်ဖို့ကို ကျန်နေသေးတဲ့
နားကြပ်တစ်ဘက်ကို အားနာ/နှမြောမိတဲ့
စိတ်ကြောင့် ပြန်တွေ့ကောင်း တွေ့နိုးနဲ့
ဒီနေ့တစ်ရက်တော့ Ferry ပေါ် ထပ်ရှာကြည့်ဦးမယ် တဲ့လေ။
ဒီလိုနဲ့ ညနေ အိမ်ပြန်ချိန်
ferry ပေါ်က ဆင်းတော့
ကျွန်တော်က စကားဦးသန်းပြီး
"ပြန်တွေ့လား အမ" လို့ မေးတော့
မျက်နှာငယ်လေးနဲ့ ပြန်ဖြေရှာတယ်
"မတွေ့ပါဘူးဟယ်၊ အသစ်ဝယ်ရတော့မယ်"
တဲ့လေ။
သူ့ မျက်နှာကြည့်ရုံနဲ့
"ငါတော့ ပိုက်ဆံကုန်ရတော့မယ်၊
ကျန်နေသေးတဲ့ နားကြပ်တစ်ဘက်ကလည်း ဘာလုပ်ရမှန်း မသိဘူး" ဆိုတဲ့ စာတန်းကြီးကို
သူထုတ်ပြောစရာ မလိုဘဲ ကျွန်တော်က အတိုင်းသား ဖတ်မိနေပါတော့တယ်။
ဒါကြောင့်ပဲ ကျွန်တော်က နှစ်သိမ့်တဲ့ အနေနဲ့
"အမက ပစ္စည်းကောင်းတွေနဲ့ပဲ ထိုက်တန်တယ်
ထင်တယ်နော် ၊ quality ပိုကောင်းတဲ့ အသစ်လေးကိုင်ရတော့မယ်၊ ကျွန်တော်ဆို
အသစ်လဲချင်နေတာ budget မနိုင်လို့၊
အသစ်ဝယ်ဖြစ်ရင် ဘယ်ဆိုင်ကဝယ်၊
ဘာအမျိုးအစားလေးကတော့ အဆင်ပြေတယ် ၊ ဘာအရောင်လေးဆို အမနဲ့လိုက်မှာ " ဘာညာ
ပြောလိုက်တော့ သူ့မျက်နှာလေး ညှိုးနေရာက တဖြည်းဖြည်း ဝင်းလဲ့လာခဲ့ပါတယ်။
အနည်းဆုံးတော့
ကိုယ့်အတွက်ကိုတောင် နှမြောတွန့်တိုနေတဲ့ စိတ်လေးပျောက်သွားပြီး ရရှိလာမယ့်
ပစ္စည်းအသစ်လေးအပေါ် ရင်ခုန်မက်မော
စေမယ့် အတွေးလေး ပေးလိုက်နိုင်တယ်
ထင်တာကြောင့် ကျွန်တော်လည်း
ဝမ်းသာမိပါတယ်။
ကျွန်တော်တို့တွေဟာ တစ်ခုခုဆို
"ငါဟဲ့ နစ်နာသူကြီး" ဆိုတဲ့ victim mindset နဲ့
ရှင်သန်နေကြတာ များပါတယ်။
(လူဆိုတာကလည်း ကိုယ်အသာစီးရမှ
ပျော်တတ်ကြတာမလား)
နားကြပ်လေးတစ်ဘက် ပျောက်သွားတယ်။
ဒါလေးကို နေ့တိုင်း သုံးနေရတာကြောင့်
ကိုယ့်ရဲ့ daily life မှာ ဒါလေး ရှိမှ ဖြစ်မယ်။
ကိုယ့်မှာ ဝယ်ဖို့ ပိုက်ဆံလည်းရှိတယ်။
ဝယ်လည်း ဝယ်ချင်နေတယ်။
ဒါဆို ဘာတွေ တွေးနေတော့မှာလဲ။
Quality ပိုကောင်းတဲ့ အသစ်လေးတစ်ခု
ကိုင်ရတော့မယ် လေ။
စိတ်ပျက်ဝမ်းနည်းနေမယ့်အစား
လိုအပ်တဲ့အချိန်မှာ လိုချင်တာကို
ချက်ချင်းရနိုင်အောင် ဖန်တီးပေးတဲ့
ကံတရားအပေါ် "Gratitude" ဆိုတဲ့
ကျေးဇူးတရားလေး ထားလိုက်ရင်
ကိုယ့်အတွေးထဲမှာပဲ ကိုယ်က "နစ်နာသူ" ဘဝ
ကနေ ချက်ချင်း လွတ်မြောက်သွားတော့တာပါပဲ။
ဒီလိုပဲ Toxic relationships/friendships နဲ့ Family တွေကနေ ကျွန်တော်တို့
ရုန်းထွက်ဖို့ ကြိုးစားကြတယ်။
ကိုယ်က ဖက်တွယ်ထားချင်ပေမယ့်
ကိုယ်အပေါ် မခင်တွယ်ဘဲ
အပေးအယူ မမျှတော့တဲ့အခါ
ကိုယ့်ရဲ့မာနလေးကို အသည်းနာခံပြီး
ကာကွယ်ဖို့ကိုလည်း ရွေးချယ်ခဲ့ဖူးကြမှာပါ။
အစပိုင်းမှာတော့ "ဒီလူတွေ ကိုယ့်ဘဝထဲ
မရှိရင် မဖြစ်ဘူး" ဆိုတဲ့ ထင်ယောင်ထင်မှား mindset ကြောင့် " ဘာလုပ်ရမှန်းမသိဘူး /
ကိုယ့်ကိုယ်ကို ပျောက်ဆုံးသွားတယ်" စသဖြင့်
ခံစားကြရတဲ့အခါ
အမြဲတမ်း ကိုယ့်ကိုယ်ကို remind လုပ်ပါ
"Life isn't full all about feelings.You have a lot of things to do"
(ဘဝကြီးက ခံစားချက်တွေနဲ့ပဲ
ပြည့်နှက်နေတာ မဟုတ်ပါဘူး၊
မင်းမှာလည်း လုပ်စရာတွေမှ အများကြီးပါပဲ)
ဒီနေရာမှာလည်း တစ်ချို့က
"ငါကတော့ ပေးဆပ်လိုက်ရတာ ၊
ဖက်တွယ်လိုက်ရတာ၊
ငါပြန်ရလိုက်တာကတော့ ... "စသဖြင့်
သို့လော သို့လော အတွေးတွေနဲ့
ကိုယ့်ကိုယ်ကို နစ်နာသူကြီးအဖြစ်
ပြောင်းလဲလိုက်ကြတဲ့အခါ
ဆွေးတမြေ့မြေ့နဲ့ လောင်မြိုက်ရင်း
မပြီးနိုင် အရီးမြိုင်တွေဖြစ်ပြီး
မိမိ အတွေးတွေထဲ "ကိုယ်ပိုင် အကျဉ်းသား" ဆိုတဲ့ ဘဝကို ရောက်မှန်းမသိ ရောက်သွားပါ
တော့တယ်။
ဒီလိုဘဝမျိုးက "စာရေးသူရော
မရောက်ဖူးဘူးလား / မဖြစ်ဖူးလား" လို့မေးရင်
"ကျွန်တော်လည်း အလူးအလဲပါပဲ" လို့
ဖြေပါရစေ။
ကျွန်တော်က
"over care/ over think/ over feel "သမား
ဆိုပေမယ့် Self-love လည်း abundant ဖြစ်ပါတယ်။ဒါကြောင့် ရပ်ဝန်းတစ်ခုခုက ကျွန်တော့်ကို victim mindset တွေ အရမ်းဖြစ်လာစေပြီဆိုရင် ကျွန်တော်က နာကြည်းမုန်းတီးစိတ်တွေနဲ့
မဟုတ်ဘဲ Gratitude ဆိုတဲ့ ကျေးဇူးတရားနဲ့ ကျောခိုင်းလိုက်ဖို့ကိုပဲ ကြိုးစား ရွေးချယ်ပါတယ်
ဒီလို challenging ဖြစ်တဲ့ ကာလတွေ
လွန်ပြီးရင်တော့
ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကို
ရှာဖွေနိုင်လာတယ်၊
ကိုယ်လိုချင်တဲ့အရာနဲ့ မလိုချင်တဲ့အရာတွေကိုကွဲကွဲပြားပြားသိလာတယ်၊
ကိုယ့်ကိုယ်ကိုယ် သေချာ နားလည်သဘောပေါက်လာနိုင်ပြီး
ကိုယ့်ရဲ့ ideal type နဲ့ Standard တွေကိုလည်း တစ်ဆင့်မြှင့်တင်နိုင်ပါတယ်၊
ပြီးတော့ ကျွန်တော်တို့ ဝါသနာပါတဲ့
activities တွေကို ချုပ်နှောင်မှုတွေ မရှိဘဲ
လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီး
တစ်ယောက်ထဲကို အချိန်ပေးမယ့်အစား
Field (ရပ်ဝန်း) တူပြီး အပေးအယူ မျှတတဲ့ မိတ်ဆွေသစ်တွေလည်း ရှာဖွေနိုင်ပါတယ်။
ဒီထပ်ပိုပြီး advice လုပ်ရမယ် ဆိုရင်တော့
အရင် relationship ထက်သာတဲ့
Emotional Educated ဖြစ်တဲ့ လူပုဂ္ဂိုလ်၊
ကိုယ်နဲ့ Passion တူတဲ့ လူကောင်းသူကောင်းလေးနဲ့တောင် ဆုံနိုင်ပါသေးတယ်။
ဒါဆို ဘာလို့ အရင်လူတွေနဲ့ အရင်ကိစ္စကြီးတွေကို တွေးပြီး နာကြည်းမုန်းတီးနေတော့မှာလဲ။
အားတိုင်း Negative thinking တွေ ထဲမှာ
ဘာလို့ ပိတ်မိနေတော့မှာလဲ။
ဘာလို့များ ကိုယ့်ကိုယ်ကို Victim လို့ သတ်မှတ်ပြီး အတွေးတွေနဲ့ နှိပ်စက်နေတော့မှာလဲ။
လောကကြီးမှာ
ကျွန်တော်တို့ ထိန်းချုပ်လို့ မရတဲ့
အရာတွေလည်း ဒုနဲ့ဒေးမို့
စိတ်ညစ်ညူးစရာ ကိစ္စတွေ ကြုံလာတိုင်း
ကိုယ်က နစ်နာသူ တစ်ကယ် ဟုတ်/မဟုတ်
သေချာ ဆန်းစစ်ပြီး
အတွေးတွေကို တစ်နေရာထဲမှာ
ထိန်းချုပ်မထားဘဲ ရှုထောင့်မျိုးစုံကို
ဖြန့်ကျက်ကြည့်စေချင်ပါတယ်။
ဒီဆောင်းပါးလေးဟာ
ကျွန်တော့်လို အရာရာတိုင်းမှာ
Over mindset ထားတတ်တဲ့ audiences
တွေအတွက် ဘဝမှာ နေပျော်စေဖို့
intention အပြည့်နဲ့ ရေးသားထားခြင်း
ဖြစ်ပါတယ်။
ဆက်ဆံရေးတိုင်းမှာ
အပေးအယူမျှတဖို့ အရေးကြီးပါတယ် ။
ဒါကြောင့် အပေးအယူမျှတတဲ့
ဆက်ဆံရေးတွေ ဖန်တီးပါ ။
ကိုယ့်မှာ ရှိနေတဲ့အရာတွေအတွက်
ကျေးဇူးတင်ပါ။
မရှိတော့တဲ့ အရာတွေကိုလည်း
ကျေးဇူးတင်ပါ။
နစ်နာသူမဖြစ်ဖို့ self-love and gratitude နဲ့ ရှေ့ဆက်ပါ။
#Selflove#Gratitude#Mindset
#VictimMindset#LifeLessons
#ToxicFree#EmotionalEducation
#RavenLinn#SarPhat
Keep Reading