Author's Profile Photo

နှောင်းရိပ်

23/06/2025

မိစံပယ်

1 min read
Art
18 Again
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ

မိစံပယ်ဆိုလို့ လူလို့မထင်လိုက်ပါနဲ့။မိစံပယ်က လူမဟုတ်ပါဘူး။တကယ်တော့ နွားမလေးတစ်ကောင်ပါ။နွားဆိုပင်မဲ့ ကျွန်မတို့မိသားစုကို အလုပ်အကျွေး ပြုခဲ့တဲ့ မိသားစုဝင်ဆိုလည်း မမှားပါဘူး။မိစံပယ်က ကျွန်မတို့မိသားစုထဲကို (၃)လအရွယ်ကရောက်ခဲ့ပြီ ဖြူဖြူဖွေးဖွေးလေးမို့ ကျွန်မကိုယ်တိုင် မိစံပယ်လို့ နာမည်ပေးခဲ့တယ်။အခုတော့ မိစံပယ်က ကျွန်မတို့နဲ့အတူတူ မရှိတော့ပါဘူး။
မိစံပယ်ရဲ့ ဦးချိုက လုတ်တုတ်လုတ်တုတ် ဖြစ်နေတယ်။ဒါကို လူတွေက ချိုစည်းစိမ် လို့ခေါ်တယ်။တစ်နည်းပြောရရင် သခင်ကိုကောင်းကျိုးပေးတဲ့လို့ပြောကြတယ်။တကယ်လည်း ကောင်းကျိုးပေးခဲ့ပါတယ်။မိစံပယ်က ကျွန်မတို့နဲ့(၁၁)နှစ်အထိ အတူတူနေသွားခဲ့ပြီ အဲ့ဒီအတောတွင်းမှာ နွားသားပေါက် (၇)ကောင်ကို မွေးပေးခဲ့တယ်။ အဲ့ဒီသားပေါက်တွေကို ရောင်းပြီး ကျွန်မတို့မိသားစု ခြံလေးတစ်ခြံဝယ်နိုင်ခဲ့တယ်။
ကျွန်မက မိစံပယ်ကို သံယောဇဉ် သိပ်ကြီးခဲ့တာ။ ငယ်ငယ်တည်းက မိစံပယ်ကို ကျောင်းရင် အတူတူကစားခဲ့တယ်။ကျွန်မစိတ်ထဲမှာ မကျေနပ်တာတွေရှိရင်လည်း မိစံပယ်ကို အကုန်ပြောပြခဲ့တယ်။မိစံပယ်က ကျွန်မအတွက် ကစားဖော်ကစားဖက် သူငယ်ချင်းကောင်းဖြစ်ခဲ့တယ်။ကျွန်မအခုထိ မိစံပယ်နဲ့ပက်သပ်တဲ့အမှတ်တရတွေ မှတ်မိသေးတယ်။
ကျွန်မတို့အတူနေလာတာ (၁၁)နှစ်ကြာခဲ့ပြီးတစ်မနက်မှာ မိစံပယ်ကို ရိတ်ကျွေးတဲ့မြက်တွေက မြက်သတ်ဆေးဖြန်းထားတဲ့မြက်တွေမှန်း မသိဘဲကျွေးခဲ့မိတယ်။ညနေရောက်တော့ ဆေးစွမ်းပြပါတော့တယ်။မိစံပယ်ရဲ့မျက်လုံးတွေနီလာပြီး ဗိုက်ကလည်းပူလာတယ်။နေနေသာသာ မရှိဘဲ ခုန်စွခုန်စွနဲ့ လမ်းလျှောက်နေတယ်။ကျွန်မတော်တော် စိတ်ပူသွားတယ်။နောက်တော့မြက်သတ်ဆေးစားမိတာ ရိပ်မိပြီး တိရစ္ဆာန်ဆရာဝန်နဲ့ခေါ်ပြခဲ့တယ်။ဆရာဝန်က အဆပ်တွေတစ်ကိုယ်လုံးပျံနေပြီး အကောင်းဆုံး ကြိုးစားကုသပေးမယ်လို့ ပြောခဲ့တယ်။နောက်နေ့တော့ ကျွန်မက စားမေးပွဲဖြေဖို့အတွက်မော်လမြိုင်ကို သွားခဲ့ရတယ်။မော်လမြိုင်မှာ ရှိတဲ့အချိန်မှာလည်း အမေကိုဖုန်းဆက်ပြီးမေးခဲ့တယ်။အမေက မိစံပယ်သက်သာတယ် ကောင်းတော့မယ်လို့ပြန်ဖြေခဲ့တယ်။နောက်တော့အမေက ကောင်းသွားပြီလို့ပြောတော့ ကျွန်မစိတ်သက်သာယာရပြီး စာကိုစိတ်နှစ်ပြီးလုပ်နိုင်တော့တယ်။အဲ့ဒီနောက်ပိုင်း ကျွန်မက စာတွေနဲ့အာရုံများပြီး မိစံပယ်အကြောင်းကိုထပ်မမေးမိတော့ဘူး။
စာမေးပွဲပြီးလို့ အိမ်ပြန်ရောက်မှ သိလိုက်ရတာ မိစံပယ်မရှိတော့ဘူး သေသွားပြီတဲ့ ကျွန်မရင်ထဲဆို့နစ်သွားပါတယ်။ရုတ်တရတ် ဝမ်းနည်းသွားပြီး မျက်ရည်ကျမှန်း မသိတော့တဲ့အထိ ငြိမ်သက်သွားခဲ့တယ်။ကျွန်မ မယုံနိုင်သေးဘဲ မိစံပယ်နေတဲ့ရုံထဲကို အပြေးသွားကြည့်လိုက်သေးတယ်။ဟုတ်ပါတယ် မိစံပယ် တကယ်မရှိတော့ပါဘူး။ကျွန်မကိုယ်တိုင်တောင် နှုတ်မဆက်ရဘဲ မိစံပယ်က ထွက်သွားခဲ့တယ်။မစံပယ်လည်း ဝဋ်ကြွေးကျေသွားတာပေါ့။ကျွန်မက မိစံပယ်ကို ကောင်းမွန်တဲ့ ဘဝရောက်အောင် ဆုတောင်းပေးရုံကလွဲလို့ ဘာမှမတက်နိုင်တော့ပါဘူး။

#နှောင်းရိပ်

Keep Reading

Elio (2025) Spoiler Free Movie Reviewမျက်နှာကို တော်တော်တည် ထားသည်How To Train Your Dragon (2025) Spoiler Free Movie Reviewလွင့်မျောနှင်းစက်များအနုပညာ ဟန် တစ်ခု ခိုင်ခိုင်မာမာနောက်လိုက်လျှောက်သူ ရှိမြဲ။ ( Trends အကြောင်း )ကိုဝင်းဦးသို့ အလွမ်းပြေပေးစာ❝ဈေးရောင်းခြင်း အနုပညာ❞"အချစ်ဦး"တဲ့လွမ်းသမျှ စာတင်ဦးညိုအေးကြီးကို ကျေးဇူးတင်တယ်