Chitsu
ကျမက ပြိုင်ဆိုင်လိုစိတ် သိပ်ကြီးတယ် ။ သူများအမြင်မှာ ကိုယ့်ကိုယ် ဘယ်လိုမြင်မလဲဆိုတာကိုလည်း အရေးထားတယ် ။ အသေးအမွှားလေးကအစ သိပ်စိုးရိမ်တတ်ပြီး ကိုယ့်ကြောင့် သူများ စိတ်ခုသွားမှာကို စိတ်ပူတတ်တဲ့သူပေါ့ ။
အခုနေပေါ့( ကြုံနေရတဲ့ အခက်အခဲတွေ ၊ဘာမဟုတ်တဲ့ ပြဿနာလေးကို ကြည့်ပြီး) ကျမ တွေးနေ ၊ ဖြစ်နေတာတွေက တကယ်လည်း ဘာမှမဟုတ်ပါလားဆိုတာ တဖြည်းဖြည်း သဘောပေါက်လာပြန်တယ် ။
ကျမ ဘေးနားက သူတွေအကုန်လုံးက အဖြူထည်တွေ ဖြစ်ပြီး ကျမကိုယ်တိုင်ကလည်း အရမ်းကြီး ဖြူစင်ပါတယ်ဆိုတဲ့ပုံနဲ့ ကိုယ့်ကိုယ် ညာခဲ့သေးတာ ။
တကယ်တော့ ကျမတို့အားလုံးနီးပါးက တစ်ခုမဟုတ် တစ်ခုအတွက် ဟန်ဆောင်နေကြရတာပဲလေ။ ငွေရဖို့အတွက် ပင်ပန်းနေတာကိုလည်း မပင်ပန်းသလို ၊ တစ်ယောက်ယောက်ဆီက အချစ်ခံရဖို့အတွက် တကယ် အထီးကျန် ၊ ဝမ်းနည်းနေလည်း ဘာမှမဖြစ်သလို ....။
ကျမတို့ အပြုံးတွေကို ဟန်ဆောင်တဲ့နေရာမှာ ပေါပေါများများ သုံးပစ်လိုက်ကြတာ သိပ်နှမြောစရာ ကောင်းတယ်လို့ ထင်မိတယ် ။
ပြီးတော့ အရာအားလုံးက သူ့မူသူ့စံနဲ့ သွားနေကြတာ ။ လက်တွေ့မှာကိုက ဟန်ဆောင်ကောင်းသူတွေသာ အနိုင်ရကြတယ် ။
Keep Reading