Nway Oo Maung
"အရမ်းကြီးသန်မာပြနေစရာမလိုဘူး ကုန်ထမ်းစားမှာမှမဟုတ်တာ"ဆိုတဲ့စကား
လိုင်းပေါ်မှာအတော်ခေတ်စားနေလို့ ၊တစ်ချို့သူတွေ နားလည်မှုလွဲနေတယ်ထင်တယ်၊ဒီနေရာမှာ သန်မာတယ်ဆိုတာ ကိုယ်ကာယသန်မာခြင်းထက် စိတ်ဓာတ်ကြံ့ခိုင်မှုကိုဆိုလိုတာပါ။တကယ်ကိုယ်ကာယ သန်မာတဲ့သူတစ်
ယောက်က လောကဓံတိုက်စားခြင်းခံရတဲ့အခါ စိတ်ဓာတ်ကြို့ခိုင်မှုနဲ့ တွေးခေါ်မြော်မြင်တတ်မှုမရှိရင် ပြိုလဲတာပဲ။ ကိုယ်ကာယကြံ့ခိုင်မှုက ကျန်းမာရေးအတွက် မလိုအပ်ဘူးလားဆိုတော့၊လိုအပ်ပါတယ် ကျန်မာရေးနဲ့ ဘဝအတွက် အမှန်တကယ်လိုအပ်တဲ့အရာပါ။ ဒါပေမဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဉာဏ်မြော်မြင်ရှိမှုကလောကဓံ၏ အထုအထောင်းကို ပိုပြီးခံနိုင်ရ
ည်ရှိဖို့ အထောက်အကူဖြစ်မယ်ထင်တယ်။
Keep Reading