Author's Profile Photo

isA

12/06/2025

လူငယ်များနှင့် ရည်မှန်းချက်

1 min read
Life Style
General Knowledge
Motivation
လူငယ်များနှင့် ရည်မှန်းချက်'s photo

ဒီခေါင်းစဉ်နဲ့ပက်သက်ပြီးတော့ ပထမဉီးဆုံးပြောချင်တာက ခုခေတ်လူငယ်တော်တော့များများက Social media မှာပဲအချိန်ကုန်နေကြတာ များတယ်။ တချို့တွေဆိုရင် တစ်နေ့တစ်နေ့Tiktok,Face book, Telegram မှာ အချိန်တွေကို ဖြုန်းပစ်နေတာမျိုး။

ခေါင်းစဉ်အကြောင်းကို ပြန်ပြောကြရအောင်။ စာဖတ်သူကို ကျွန်တော်ဉပမာတစ်ခုပေးမယ်။ လမ်းမှာတွေ့တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကို “မင်းကြီးလာရင် ဘာလုပ်မှာလဲ”လို့မေးလိုက်ပါ။
70%နှုန်းလောက်က စမ်းတဝါးဝါး။ ကျန်တဲ့သူတွေကတော့ ရည်မှန်းချက် ကိုယ်စီရှိကြတယ်




အကြောင်းအရင်းကနှစ်ခုရှိပါတယ်။ အဲ့တာက




၂။ မိဘတွေရဲ့ အတင်းအကြပ်ချုပ်ခြယ်မှုကြောင့် ရည်မှန်းချက်ပျောက်သွားရတာ




၁။ အပေါ်မှာပြောခဲ့သလိုပဲ အဓိကကတော့ ဖုန်းကိုလွဲမှားစွာအသုံးပြုနေကြလို့ပါ Application တစ်ခုချင်းစီပြောပြပါ့မယ် TikTok မှာ ဖင်လှုပ်ရင်လှုပ်တွေက Like ကိုသိန်းချီရနေပြီးတော့ ဉပမာ ဆရာတေဇာဘုန်းမြင့်ရဲ့ Video တွေကတော့ ‌Like ထောင်ကျော်လေးပါပဲ အစကရည်မှန်းချက်ရှိပါလျက်နဲ့ အဲ့လို Video တွေမှာစိတ်ကမျောသွားတာပါ
၂။ သူငယ်ချင်းအပေါင်းအသင်း သိပ်ကိုအရေးကြီးပါတယ် လူပေါင်းမှားရင်ကိုယ့်ဘဝကြီးတစ်ခုလုံးပါ ဆုံးရှုံးလိုက်ရမှာပါ ခုခေတ်က “ဝိ, ဆေးလိပ်, Vape တို့သောက်မှ ခေတ်မှီတာထင်ပါရဲ့ စာဖတ်သူ ခင်ဗျားစဉ်းစားကြည့်ပါ လည်ပင်းမှာ Vape,Podတို့ဆွဲထားတာနဲ့ လက်ထဲမှာစာအုပ်လေးကိုင်ထားတာက ဘယ်ဟာကပိုပြီး ကျက်သရေရှိမလဲ ကိုယ့်ကို Clubသွားဖို့ခေါ်တဲ့သူငယ်ချင်းနဲ့ စာကြည့်တိုက်ခေါ်ဖို့ခေါ်တဲ့သူငယ်ချင်း အဲ့တာကြောင့် အပေါင်းအသင်းဆိုတာလဲ သိပ်ကိုအရေးကြီးပါတယ် အပျော်ဆိုတာက ခဏတာပါ အပျော်ပြီးရင်တော့ အပျက်ကြီးပါပဲ




တချို့တွေက ခံယူထားကြတယ် “ငါကဆရာဝန် ငါ့သားကလဲဆရာဝန်ပဲ ဖြစ်ရမယ်”ဆိုတဲ့ ခံယူချက်မျိုးပါ လူငယ်‌တွေကို လိုက်ပြီးချုပ်ခြယ်နေလို့မရပါဘူး မိဘတွေကတော့ ကိုယ့်သား/သမီးကိုသူများထက်သာစေချင်လို့ ဆုံးမတယ် ‌အနေအထိုင်ကအစ အစားအသောက်အဆုံး ဒါပေမဲ့ “သူတို့ရဲ့ စိတ်ထဲမှာဘယ်လိုတွေးနေမလဲ”ဆိုပြီးစဉ်းစားကြည့်ပါ ရှင်းပြပါ အပြစ်လုပ်လို့ ဆူတာထက် လူငယ်တွေက ရှင်းပြတာကို ပိုပြီးသဘောကျပါတယ် မိဘတွေဘက်က ကြည့်ရင်လဲ ကိုယ့်သား/သမီး ကောင်းစားဖို့ချည်းပါ
လူငယ်တွေဘက်က ကြည့်ရင်လဲ မမှားပါဘူး

ချုပ်ခြယ်မှုတွေများလာတဲ့အခါ ရင်ဖွင့်စရာရှာလာကြပါတယ် အဲ့တာကြောင့်ဆယ်ကျော်သက်အများစုက ရည်းစားထားလာကြတာပါ ဒါဟာသဘာဝပါပဲ ဒီအသက်အရွယ်က စိတ်ကစားတဲ့အရွယ်ပါ ဒါပေမဲ့ ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားပါ ဒီလိုမျိုးကိစ္စတွေဆိုတာက ပညာရေးအတွက် အနှောင့်တွေပါ

ဒီအကြောင်းကို ဆက်ပြောရင် ပြီးတော့မှာမဟုတ်ပါဘူး ဒီစာရဲ့ပေးချင်တဲ့ Message ကိုသိလောက်ပြီထင်ပါတယ် နောက်လဲ Daily life နဲ့ပက်သက်တဲ့ ပြဿနာတွေ၊ အကြောင်းအရာတွေစုံစုံလင်လင်ကို တင်ပေးသွားမှာဖြစ်တာကြောင့် Follow လုပ်ပေးခဲ့ကြပါအုန်း။

12.6.2025 •
isA •

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်