မောင်ရှင်းသန့်(ရွှေညာမြေ)
စာရေးလိုသူ ဝါသနာရှင်များအတွက် ဖတ်သင့်တဲ့စာအုပ်လေးတစ်အုပ်ပါ။ စာရေးလိုသူလို့ ဆိုထားတဲ့အတွက် စာရေးဆရာဖြစ်လိုသူ၊စာရေးနည်းအတက်ပညာကိုလေ့လာနေသူတိုင်းဖတ်ကြည့်သင့်ပါတယ်။ ဒီဘက်ခေတ်အခေါ် Content Writer တွေ၊ Content Creater တွေ၊ Copy Writer တွေလည်း ဖတ်ကြည့်သင့်ပါတယ်။
စာအုပ်နာမည်အတိုင်း မိမိတို့ရဲ့ ကလောင်အစွမ်းဖြင့် ငွေရအောင် ရှာဖွေနိုင်တဲ့ နည်းလမ်းလေးတွေကိုလည်း တွေ့ရမှာပါ။ စာပေနဲ့ဆက်စပ်နေတဲ့ ဂျာနယ် အကြောင်း၊ အယ်ဒီတာ၊ အယ်ဒီတာချုပ် တို့ရဲ့ တာ၀န်နဲ့ ရှိသင့်တဲ့ အရည်ချင်းတွေအကြောင်း ကိုလည်း ထည့်သွင်းရေးသားထားပါသေးတယ်။သတင်းထောက်အလုပ်အကြောင်းကိုလည်းရေးသားထားပြီး နာမည်ရသတင်းထောက်တစ်ယောက်ဖြစ်ဖို့ နည်းလမ်းကိုလည်းဆရာက လမ်းညွှန်ထားပါသေးတယ်။အဆုံးသက်အခန်းမှာတော့ “၀တ္ထုရေးနည်း” ကို ဥပမာ စာပိုဒ်လေးတွေနဲ့ ဖေါ်ပြ လမ်းညွှန်ပေးထားပါသေးတယ်။
စာမျက်နှာ ၄၀ သာပါတဲ့ စာအုပ်အပါးလေးပါ။ ဒါပေမဲ့ လိုရင်းကို ထိထိမိမိနဲ့ရေးထားလို့ဖတ်ပြီး လက်တွေ့ ပြန်လည် အသုံးချနိုင်တဲ့ နည်းလမ်းအများကြီးကို ရစေမည့် စာအုပ်လေးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀ ကျော်က ရေးသားခဲ့ပေမဲ့လည်း လက်ရှိအချိန်ထိ အသုံး၀င်၊မှန်ကန်နေဆဲ နည်းလမ်းတွေနဲ့ လမ်းညွှန်ထားတာတွေကို ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ စာအုပ်တစ်အုပ်လုံးဖတ်ရန်ကြာချိန်က ၃၀ မိနစ်ပါ။
ဆိုပြီး ခေါင်းစဉ် ခြောက်ခု ပါ၀င်ပါတယ်။
ဆရာကြီးစာအုပ်မို့လို့ ဈေးများမယ်လို့ မထင်လိုက်ပါနဲ့။ စာအုပ်တန်ဖိုးက ၁၅၀၀ ကျပ်ပါ။ စာရွက်သားလည်းကောင်းလို့ ၀ယ်သိမ်းပြီး ထပ်ခါထပ်ခါဖတ်ဖို့ အဆင်ပြေပါလိမ့်မယ်။
Keep Reading