Author's Profile Photo

Monologue By Mon

6/04/2024

ငါတို့လို လူတွေ

1 min read
Life Style
Poetry
Culture
ငါတို့လို လူတွေ 's photo

လူတွေက ပုံသွင်းမခံပါဘူး လို့ သာပြောကြတာ
အချိန်ကာလ နဲ့ အခြေအနေတွေက လူတွေကို သိတောင်မသိလိုက်စေဘဲ
ဖြည်းဖြည်းချင်းပုံသွင်းသွားလိုက်တာများ
မိတ်ဆွေဟောင်းတစ်ယောက်ယောက်နဲ့ ပြန်ဆုံတိုင်း
ငါ့မှာ ပါးစပ်အဟောင်းသားဖြစ်ရတယ်။
သူတို့လည်း ငါ့လိုပါပဲ....
ငါတို့တွေက အံဝင်ခွင်ကျ မှုတွေထဲမှာ
မဲ့တာလား ပြုံးတာလား မရေရာတဲ့ မျက်နှာထားတွေနဲ့
တစ်ရက်ပြီး နောက်တစ်ရက်ကို ကူးကြရတယ်။
ဒီနေ့ ငိုပြီး နောက်နေ့ ရယ်ကြတာပါပဲ။
ဒီလိုလူတွေကပဲ
တစ်ယောက်နဲ့တစ်ယောက် ဘယ်သူ IQ ပိုမြင့်လဲ ယှဥ်ကြသေးတယ်။
နေမလား သေမလားဆိုတဲ့မေးခွန်းအရောက်မှာ
ငါတော့ သေလို့မဖြစ်သေးဘူးကွာ လို့ အများစုကဖြေကြတုန်းပါပဲ
အရူးအချင်းချင်း တစ်မူးသာကြောင်း ပြချင်ကြတာလည်း ငါတို့ပါပဲ
ပျော်ရွှင်မှုအစစ်အမှန်ကို မင်းလည်းမတွေ့သလို
ငါလည်း မသိဘူး
ဘယ်သူမှလည်း မသိလောက်ဘူး
မပျော်နိုင်တဲ့ သူတွေအချင်းချင်း
ကိုယ်က သောကပေးတဲ့သူ မဖြစ်ရုံနဲ့
မင်း တာဝန်ကျေနေပါပြီ
ရှင်သန်ချိန်ခဏလေးမှာ
ပျော်ရွှင်မှုလို့ မြင်လို့ရတဲ့ အရာတွေကို
မျှဝေလိုက်ကြတာပေါ့
လောကကြီးမှာ စိတ်ချမ်းသာတက်ရင်
မျက်ရည်နည်းပြီး ပိုပြုံးနိုင်ပါတယ်။
.
April 27, 2023

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)