Min Han
ယနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေဟာ မိမိတို့ရဲ့ ပစ္စည်း/ဝန်ဆောင်မှုတွေနဲ့ ဈေးကွက်တွေကို ထိုးဖောက်တဲ့နေရာမှာ အဓိကအခန်းကဏ္ဍမှာပါဝင်လာတဲ့ ဒစ်ဂျစ်တယ်မီဒီယာ၊ ဒေတာနဲ့ နည်းပညာတွေကို သုံးပြီး မိမိတို့ရဲ့ Goal ကို ရောက်ရှိအောင်လုပ်နိုင်ဖို့အတွက် တိကျတဲ့ Digital Marketing Strategy တစ်ခုရှိဖို့ မရှိမဖြစ်လိုအပ်လာပါပြီ။
Digital Marketing Strategy မရှိဘဲဖြစ်လာနိုင်တဲ့ ပြဿနာတွေ
✅ Rampant Experimentation
သေချာတဲ့ Strategy မရှိတဲ့ စီးပွားရေး လုပ်ငန်းတစ်ခုဟာ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်နေမယ်ဆိုရင် ဒီအပေါ်မှာ သုံးစွဲတဲ့ ဘတ်ဂျက်တွေဟာလည်း အကျိုးမရှိဖြစ်တတ်ပါတယ်။
✅ Competitive Advantage
မိမိလုပ်ငန်းဟာ တခြား ပြိုင်ဘက် တွေထက် ပိုမိုထိထိရောက်ရောက်နဲ့ ဒစ်ဂျစ်တယ်မီဒီယာနဲ့ နည်းပညာကိုအသုံးချနိုင်ဖို့ မဟာဗျူဟာလိုအပ်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာအသစ်တွေက အခုဆို အချိန်နဲ့အမျှပေါ်ပေါက်နေတာဖြစ်လို့ သေချာတဲ့ Strategy မရှိတာက ကိုယ့်ရဲ့လုပ်ငန်းအပေါ်မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။
✅ နည်းပညာအသစ်တွေနဲ့ ဈေးကွက်အပြောင်းအလဲတွေကို စနစ်တကျဖြေရှင်းနိုင်ဖို့
နည်းပညာကအရမ်းမြန်မြန်နဲ့ပြောင်းလဲလာတဲ့ခေတ်မှာ စနစ်တကျ နဲ့ ရှင်းလင်းတဲ့ Digital Strategy မရှိဘဲ သွားနေတာဟာ ကိုယ့်ရဲ့ Business ကို loss ဖြစ်နိုင်ပါတယ်။
✅ Digital Transformation အတွက် အခြေခံဖြစ်စေတာဟာ
အကြီးစားလုပ်ငန်းအများစုဟာ Digital Transformation Program တွေစတင်နေကြပြီး ဒီအတွက် နည်းပညာရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ လိုအပ်လာပါတယ်။ ဒီလိုလုပ်ငန်းပြောင်းလဲမှုအတွက် ရေရှည်ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက်တွေ စနစ်တကျတည်ဆောက်ဖို့ မဟာဗျူဟာ လိုအပ်ပါတယ်။
✅ Marketing Channel တွေကြား ပေါင်းစည်းမှု (Integration)
Digital Marketing ကို သီးသန့်မဟုတ်ပဲ ကျွန်တော်တို့အနေနဲ့ Traditional Marketing Strategy နဲ့ပါတွဲပြီးတော့သုံးစွဲဖို့လိုပါတယ်။ Customer တွေဟာ စနစ်တကျ ပေါင်းစည်းထားတဲ့ Omni-channel Experience ကိုမျှော်လင့်ကြပါတယ်။
✅ ရည်ရွယ်ချက်ရှင်းလင်းမှုနဲ့ သတ်မှတ်ထားတဲ့ Value Proposition
မဟာဗျူဟာတစ်ခုမှာ ရောင်းအားမြှင့်တင်ခြင်း, Brand တည်ဆောက်ခြင်းနဲ့ မိမိရဲ့ Online Channel တွေမှာ ရှိသင့်တဲ့ Value Proposition တို့ကို တိတိကျကျ သတ်မှတ်ထားဖို့လိုပါတယ်။
Michael Porter ဆိုသူကလည်း “Start with the right goal” လို့ ပြောဖူးပါတယ်။
2021 ခုနှစ်က Smart Insights ရဲ့ သုတေသနအရ အဖွဲ့အစည်း ၄၈% ဟာ သတ်မှတ်ထားတဲ့ Digital Marketing Strategy မရှိဘဲ လုပ်ကိုင်နေကြတယ်။
၄၀% ဟာ မူလ Marketing Strategy ထဲကို Digital Strategy ထည့်သွင်းစီစဉ်ထားပြီး ၁၂% လောက်ပဲ သီးသန့် Strategy Document ထုတ်ထားတယ်လို့သိရပါတယ်။
ဒါကြောင့် Strategy တစ်ခုမှာ ရှိဖို့လိုတဲ့အချက်တွေကတော့
➡ Digital Goal
➡ Audiences
➡ Devices
➡ Platforms
➡ Media
➡ Data
➡ Technology
ဆိုတဲ့ 7Ds of Digital Marketing တွေပါဝင်ပါတယ်။
Strategy မရှိပဲ Digital Marketing ကို မိမိအနေနဲ့ စမ်းသပ်လုပ်ဆောင်နေမယ်ဆိုရင် ရလဒ်နည်းပြီး ကိုယ့်ရဲ့ ဘတ်ဂျက်ကို ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့် စီးပွားရေးအောင်မြင်ဖို့အတွက် Digital Marketing Strategy တစ်ခုက အလွန်အရေးကြီးတဲ့အကြောင်းရေးသားတင်ပြလိုက်ရပါတယ်။
Keep Reading