Author's Profile Photo

Kaung Set Lwin

5/06/2025

ညဘက်လက်သည်းမညှပ်ရခြင်းနှင့် ထူးခြားဆန်းပြားအကြောင်းအရင်းများ

1 min read
General Knowledge
Culture
History
ညဘက်လက်သည်းမညှပ်ရခြင်းနှင့် ထူးခြားဆန်းပြားအကြောင်းအရင်းများ's photo

ငယ်ငယ်တုန်းက လူကြီးတွေပြောတာ စာဖတ်သူတို့ကြားဖူးကြပါလိမ့်မယ်။ "ညဘက်လက်သည်းမညှပ်နဲ့။"
ဘာလို့လဲမေးလိုက်ရင်လဲ အချို့ကလည်း "မညှပ်နဲ့ဆို မညှပ်နဲ့ပေါ့"ပြောရင်ပြော၊ မဟုတ်ရင် သရဲ၊ မကောင်းဆိုးဝါးတွေက ဘာလုပ်တတ်တယ်၊ ဘယ်လိုမျိုး မကောင်းဆိုးဝါးတွေနဲ့ ဆက်စပ်နေတယ်ပြောရင်ပြောပေါ့။ ဒါပေမယ့် ဒီလိုအယူအဆရှိတာ ကျွန်တော်တို့နိုင်ငံတင်မဟုတ်ပါဘူး။ အခြားအာရှနိုင်ငံမှာလည်း ဒီအယူအဆရှိကြပါတယ်။ ဒီဆောင်းပါးမှာတော့ အာရှနိုင်ငံတွေက ညလက်သည်းညှပ်ခြင်းအယူအဆတွေကို ရေးသားသွားမှာပဲဖြစ်ပါတယ်။



ကျွန်တော်တို့နိုင်ငံအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံက အယူအဆကတော့ နာနာဘာဝ၊ သရဲတစ္ဆေအကြောင်းအရာတွေနဲ့ ဆက်စပ်နေပါတယ်။ အိန္ဒိယအယူအဆကတော့ ညဘက်လက်သည်းညှပ်တာဟာ အိမ်နားက ဝိညာဉ်တွေနဲ့အိမ်စောင့်နတ်တွေကို အနှောင့်အယှက်ပေးနိုင်တယ်လို့တွေ့ရပါတယ်။ တရုတ်အယူအဆတစ်ခုကလည်း ညဘက်လက်သည်းညှပ်တာဟာ သေပြီးသားလူတစ်ယောက် ကိုယ့်အိမ်လာအောင် ဖိတ်ခေါ်သလိုဖြစ်နေပါတယ်။



ဖိလစ်ပိုင်က လူတွေကလည်း ညဘက်လက်သည်းညှပ်ရင် ကံဆိုးစေတယ်လို့ယူဆခဲ့ကြပါတယ်။ အိန္ဒိယက အခြားအယူအဆတစ်ခုကလည်း ညဘက်လက်သည်း၊ ဆံပင်ညှပ်ခြင်းဟာ သူတို့ရဲ့ကြီးပွားချမ်းသာခြင်းနဲ့သက်ဆိုင်တဲ့နတ်ဘုရားတွေကို မလေးစားရာ ရောက်တယ်၊ တကယ်လို့ညှပ်မယ်ဆိုရင် ကြီးပွားချမ်းသာမှုတွေ ပျောက်ဆုံးသွားနိုင်တယ်၊ တစ်နည်းအားဖြင့် ကံဆိုးမိုးမှောင်ကျစေနိုင်တယ်လို့ပြောရပါမယ်။



ဒီအကြောင်းအရာနှင့်ပတ်သက်ပြီး ဂျပန်ပြောစကားတစ်ခုတော့ ထူးခြားတယ်။ အဲဒီအဆိုအရ.....

တကယ်လို့ သင်ဟာညဘက်မှာလက်သည်းညှပ်ခဲ့မယ်ဆိုရင် သင့်မိဘတွေရဲ့အသုဘမှာ သင်ရှိနေနိုင်မှာ မဟုတ်ဘူး။

ရိုးရိုးလေးပဲတွေကြည့်ရင်တော့ ဒီတိုင်းပဲပေါ့။ ဒါပေမယ့် ဒီစကားရဲ့ဆိုလိုရင်းကို ကောက်ကြည့်မယ်ဆိုရင် သင်ဟာ သင်မိဘတွေမသေခင် သေမယ်လို့ပြောနေတာလည်းဖြစ်နိုင်ပါတယ်။ တကယ်ကျောချမ်းစရာပါပဲ။



ညဘက်လက်သည်းညှပ်ဖူးတဲ့ စာဖတ်သူတွေနေနဲ့ ​အပေါ်က စာတွေဖတ်ပြီး အကြောက်လွန်မနေပါနဲ့ဦး။ ကျွန်တော်တို့ ရိုးရိုးလေးပဲတွေးကြည့်ပါမယ်။ ပထမဆုံးပြောရမှာက လက်သည်းညှပ်ကို Valentine Fogerty
က ၁၈၇၅ခုနှစ်မှာ တီထွင်ခဲ့တယ်ဆိုတာပါ။ အဲဒီလို မတီထွင်ရသေးခင် ကာလက လက်သည်းညှပ်မယ်ဆိုရင် အခြားချွန်ထက်တဲ့ ကိရိယာတွေကို သုံးရပါတယ်။ နောက်တစ်ချက်က ရှေးတုန်းက လျှပ်စစ်မီးမရှိတဲ့အတွက်ကြောင့် မီးအိမ်တွေကိုပဲအားကိုးရတယ်ဆိုတာပါ။ အဲဒီလိုညဘက် မီးမှိန်မှိန်နဲ့ ချွန်ထက်တဲ့ကိရိယာကိုသုံးပြီး လက်သည်းညှပ်မယ်ဆိုရင် ထိခိုက်ဒဏ်ရာရနိုင်ပါတယ်။ ဒီအကြောင်းအရင်းကပဲ ညဘက်လက်သည်း မညှပ်ဖို့ပြောတဲ့ အကြောင်းအရင်းဖြစ်နေနိုင်ပါတယ်။

အခုဆိုရင် စာဖတ်သူတို့လည်း ညလက်သည်းမညှပ်ရတာဘာကြောင့်လဲဆိုတာနှင့် အာရှတလွှားက အကြောင်းအရင်းများကို သိရှိသွားပြီလို့ထင်ပါတယ်။

နောက်ထပ်သုတဆောင်းပါးတွေ ရေးသားသွားမှာဖြစ်လို့ တင်ရင်သိရအောင် Followလုပ်ထားကြပါဦးခင်ဗျာ။




  • 5:45 P.M.


Keep Reading

မင်းမရှိခဲ့ရင်Strategy တွေ ထိရောက်ဖို့....မုန်းခိုင်းတိုင်း မုန်းမှာလား ဒါတို့ပြည် -------------စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဟာရူကီမူရာကာမိဆိုတာစာရေးဆရာနတ်နွယ်ဆိုတာThe Fall Of SpartacusPersonal Finance Levels𝙅𝙤𝙝𝙣 𝙎𝙩𝙚𝙞𝙣𝙗𝙚𝙘𝙠 𝘾𝙤𝙡𝙡𝙚𝙘𝙩𝙞𝙤𝙣 📚