Author's Profile Photo

Reviews by Benevolent

5/06/2025

နွေဦးအားမာန်

3 mins read
Book Review
Novel
Fiction
နွေဦးအားမာန်'s photo

နွေဦးအားမာန် (The Torrents of Spring) စာအုပ်ကနာမည်ကျော် အားနက် ဟဲမင်း‌ဝေ၏ "The Old Man and the Sea" ၊ "A Farewell to Arms "ကဲ့သို့ နာမည်ကြီးစာအုပ်များ၊ အခြားလက်ရာများနှင့် နှိုင်းယှဉ်ရင်တော့ အားနည်းနေပါလိမ့်မယ်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး အားနက် ဟဲမင်းဝေရေးသားခဲ့တဲ့ သရော်စာပိုင်းနှင့်ဆိုင်တဲ့ ဝတ္ထုတစ်ပုဒ်သာဖြစ်တယ်။စာပေဟန်တစ်မျိုးဖြင့် ၂၀ရာစုကာလ ၏ စာပေလောကကို ဟာသသဘောဖြင့် ပြက်လုံးထုတ်ထားတဲ့ လက်ရာလို့လည်းပြောရမယ်။ဘယ်သူကို သရော်စာ ရေးတာလည်းဆိုရင် အတူနေ၊ အတူစာရေးခဲ့တဲ့ သူငယ်ချင်းအရင်းဖြစ်သူ Sherwood Anderson ၏ "Dark Laughter" စာအုပ်လက်ရာကို လှောင်ပြောင်ထားခြင်းသာဖြစ်တယ်။ အမေရိကန်နှင့် ဗြိတိသျှစာရေးဆရာများ၏ စာပေလက်ရာများကိုလည်း သရော်စာ(Satire)ဆန်ဆန် ဖော်ကျူးထားသေးတယ်။

ချီကာဂိုစာပေကျောင်း၏ စာရေးဟန်များ၊ဇာတ်လမ်းပြောဟန်များ ဖြင့် ထိုခေတ်စာပေလောက၏ အလားအလာများကို ဟာသဆန်ဆန် ဝေဖန်ထားတယ်။Sherwood Anderson က Ernest Hemingway နဲ့ မိတ်သဟရဖြစ်ချိန် စာပေလွှမ်းမိုးမှုများရှိခဲ့တယ်။ဒါ‌ပေမယ့်ဒီစာအုပ်ကတော့ခေတ်ပြိုင်စာရေးဆရာများ၏ စာပေဟန်ကို လှောင်ပြောင်ရန် ရည်ရွယ်ရေးသားထားပြီး စာပေလောက၏ အချို့ အလားအလာများကို ဟာသမြောက် ဝေဖန်ပြထားတယ်။ဇာတ်လမ်းထက် စာပေလောက၏ အဓိပ္ပာယ်မဲ့တဲ့ အလေ့အထများကို လှောင်ပြောင်ရန်သာဖြစ်တယ်။

ဒီစာအုပ်ဇာတ်လမ်းက ဆခရစ်အိုနေးဇာတ်ကောင် နှင့် ယော်ဂီဂျွန်ဆန်ဇာတ်ကောင် နှစ်ဦးကိုမတူစာမျက်နှစ်ခု ဖြင့် သရုပ်ဖော် လှုပ်ရှားပြထားတယ်။အမေရိကန်၊ချီကာဂိုမြို့ငယ်လေးတစ်ခုရှိ လူမှုရေးနှင့် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို ရယ်စရာကောင်းတဲ့ ပုံစံဖြင့် သရုပ်ဖော်ထားတယ်။အဓိကဇာတ်ကောင်များဖြစ်တဲ့ ဆခရစ်အိုနေး နှင့် ယော်ဂီဂျွန်ဆန် တို့၏ ဘဝစာမျက်နှာဖြတ်သန်းမှုများကို စာရေးသူ ဟဲမင်းဝေ၏ ထင်ရှားတဲ့ တိုတိုနှင့်ထိရောက်တဲ့ စာပေဟန်ဖြင့် ရေးဖွဲ့ပြထားတယ်။

ဆခရစ်အိုနေး ဆိုသူမှာ မိန်းမနှစ်ယောက်ရှိတယ်။တစ်ယောက်က မက်ဆီလိုနာ မှာနေတယ်၊ နောက်တစ်ယောက်က ပီတော့စကီး မှာနေတယ်။ မက်ဆီလိုနာက မိန်းမ လူစီနဲ့ ဆခရစ်အိုနေးမှာ သမီးလေးတစ်ယောက်ရှိတယ် ၊ နာမည်က လောက်စီအိုနေး (သို့) ‌လူစီအိုနေး။
နှစ်ချီ စုထားတဲ့ငွေတွေကို ပြောင်တလင်းခါ အောင်သုံးဖြုန်းပြီးနောက် အလုပ်ရှာဖို့ ချီကာဂိုကို ထွက်ခဲ့တယ်။
စာပေကိုချစ်မြတ်နိုးပြီး စိတ်ကူးယဉ်ဆန် အလုပ်သမား ဖြစ်လာတယ်။ပရိဘောဂလုပ်ငန်းက တအားကြီးပွားနိုင်တယ် ဒါပေမယ့် ဆခရစ်က ချေးခါးအူမ မကျန် အဲ့အရာကိုသူသိတယ်၊ မလုပ်ဘူး။ ကမ္ဘာကျော်တွေ ငယ်စဉ်က သမ္မာအာဇီဝ အလုပ်တွေလုပ်ခဲ့ဖူးကြတယ်။သူလည်း ပိုက်လုံးစက်ရုံးမှာ အလုပ် လုပ်ချင်ပြန်တယ်။ပိုက်လုံးစက်ရုံးမှာ ယော်ဂီဂျွန်ဆန်၊ အင်ဒီးယန်း သူငယ်ချင်းများနှင့် အလုပ်လုပ်ဖြစ်တယ်။အလုပ်ခွင်ထဲ ဆခရစ် ခေါ်လာတဲ့ ငှက်ကလေး ၊ သူ့ရှပ်အင်္ကျီကို အပေါက်ကလေးဖောက်ပြီး ထည့်ထားတယ်။ပီတော့စကီး လမ်းပေါ် စားသောက်ဆိုင်က စားပွဲထိုး အမျိုးသမီးကြီး မန်ဒီ (ခေါ်) ဒိုင်ယာနာ နဲ့ ရွှေလက်တွဲသွားပြန်တယ်။

ယော်ဂီဂျွန်ဆန် ဆိုတာ စိတ်ဓာတ်ကျနေတဲ့ စစ်မှုထမ်းဟောင်း တစ်ယောက်၊ ပထမကမ္ဘာစစ်အတွေ့အကြုံများကြောင့် စိတ်ဒဏ်ရာရနေပြီး၊ အချစ်နှင့်ပတ်သက်ရင် ထူးဆန်းတဲ့ စိတ်ခံစားချက်များရှိနေတယ်။

စာအုပ်၏ အားနည်းချက်များလို့ပြောရမယ့်
သရော်စာအဖြစ် ရည်ရွယ်ထားတာကြောင့် ဇာတ်လမ်းအရ နက်နဲမှုနည်းတယ်။ဇာတ်လမ်း ၊ဇာတ်ကွက် ကိုတော့ ရေးချင်သလို ရေးထားပြ၊ ပြီးနောက် ပြန်ရှင်းပြ အဲ့လို ဟန်နဲ

တဇောက်ကန်းသမားနွေဦးအားမာန်ခေါင်းလောင်သံဟိုလိုလို ဒီလိုလို ဝေလည်လည်ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်သုံး (၆-၁၀) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၁၅-၂၅) ဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) မြကတ္တီပါလမ်း (Book review)ပန်းကြာဝတ်မှုံ - ခင်ခင်ထူး

Unlock to read this premium article with 100 points.