Author's Profile Photo

Noble

13/05/2025

သူ့ဖိနပ်လေး ကျွန်တော်စီးကြည့်တဲ့အခါ

1 min read
Life Style
Psychology
Self Improvement

ဒီနေ့ ကျွန်တော် သူ့ဖိနပ်ကို စီးကြည့်ပြီး ၁ မိုင်လောက် လမ်းလျှောက်ဖြစ်တယ် 

သူ့ဖိနပ်ကို စီးကြည့်တော့ သူ့စကားတွေ ပြန်ကြားယောင်လာတယ် 

သူ့နာကျင််မှုနဲ့ အဆင်မပြေမှုတွေကို ကျွန်တော် စာနာမိလာတယ် 

ဟုတ်တာပဲ… သူပြောတာတွေ မှန်တာပဲ…

သူပြောတာတွေ မလွန်ဘူးလို့ ကျွန်တော် တွေးမိတယ် 

Empathy လို့ ပြောတဲ့ ကိုယ်ချင်းစာစိတ် ဆိုတာ ဒါပဲ ထင်ပါရဲ့… 

ကျွန်တော်တို့တွေဟာ တခါတရံမှာ တခြားသူနေရာက ဝင်ကြည့်ပေးဖို့ အားမထုတ်မိကြဘူး 

ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လို စကားတွေ ပြောထွက်လာလဲဆိုရင်… 

အဲ့လောက်လေးကို ခံစားနေတာကွာ.. 

ဘာမဟုတ်တာလေးနဲ့ အပင်ပန်းခံလို့… 

ငါသာ သူ့နေရာမှာဆိုရင်.. သူ့လိုတော့ မငိုနေဘူး.. ဆိုတာလိုမျိုးပေါ့ 

တကယ်တော့ ဒါက သူ့ဖိနပ်ကို မစီးကြည့်ရသေးလို့ပါ၊

သူ့ဖိနပ်ကို စီးကြည့်ပြီး သူ့မျက်လုံးတွေနဲ့ သူ့မြင်ကွင်းကို ကြည့်တဲ့အခါမှပဲ သူမြင်တဲ့ ရှုထောင့်ကနေ ပီပီပြင်ပြင် မြင်နိုင်မှာ ဖြစ်တယ် 

စာနာနားလည်မှုဆိုတာ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ သိပ်ကို လိုအပ်ပါတယ် 

အလုပ်ရှင်က အလုပ်သမားနေရာကနေ စာနာနားလည်ပေးတဲ့ လုပ်ငန်းခွင်က နေပျော်စရာကောင်းတယ် 

မိဘနဲ့ သားသမီး အပြန်အလှန် စာနာနားလည်ပေးတတ်တဲ့ မိသားစုဟာ နွေးထွေးတယ် 

တဦးစိတ်ကို တဦးစာနာခံစားတတ်တဲ့ ချစ်သူစုံတွဲတွေဟာ Healthy Relationship ကို ပိုင်ဆိုင်ရနိုင်ချေ များတယ် စသဖြင့်ပေါ့ …. 

ဒါပေမယ့် ဘယ်အရာမဆို လိုတာထက် မပိုဖို့တော့ လိုပါတယ်

စာနာနားလည်တတ်တဲ့ စိတ်ခံစားချက်တွေက ပုံမှန်ထက်ပိုပြီး အလွန်အကြူး ဖြစ်လာပြီ ဆိုရင် ကိုယ့်ကို အနည်းနဲ့ အများ ထိခိုက်နိုင်ပါသေးတယ်။ တခါတရံ တခြားသူတွေရဲ့ ရင်နာစရာ အဖြစ်အပျက်တွေ၊ ကြီးမားတဲ့ ဆုံးရှုံးမှုတွေကို သူ့ နေရာမှာ  ကိုယ်တိုင် ဝင်ခံစားမိရာကနေ ကိုယ်တိုင်လည်း စိတ်ပင်ပန်းနွမ်းနယ်တာ၊ အိပ်မပျော်တာ၊ ဝမ်းနည်းကြေကွဲတာတွေအပြင် နောက်ဆက်တွဲ စိတ်ပြဿနာတွေကလည်း များစွာ ဖြစ်နိုင်ပါသေးတယ်… 

ဒါ့ကြောင့် စာနာမှုတွေ မျှချေဖြစ်ဖို့လည်း လိုသေးတာပေါ့….အရေးကြီးဆုံးကတော့ သူ့ခံစားချက်တွေကို အပြည့်အဝ နားမလည်ရင်တောင် လျစ်လျုမရှုမိဖို့၊ ဝေဖန်ပြောဆိုတာတွေ မပြုလုပ်မိစေဖို့ ၊ ရေနစ်သူ ဝါးကူမထိုး ဖို့ တော့ အထူးသတိရမှာ ဖြစ်ပါတယ်။ 

ကဲ…ဒီတော့ သူ့ဖိနပ်ကို စီးကြည့်ပြီးမှပဲ သူ့ခံစားချက်တွေကို နားလည်ဖို့ ကြိုးစားကြည့်ရအောင်ပါ 

Noble 

(13.5.2025) 

#Noble’sWellnessCorner 

#Empathy

#သူ့ဖိနပ်လေးကျွန်တော်စီးကြည့်တဲ့အခါ 

#Sharing

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်အပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)