Author's Profile Photo

Par Te

5/04/2024

လူတိုင်းဟာ မေတ္တာတရားအောက်က အရှုံးသမားတွေပါ

1 min read
Life Style
Personal Development
General Knowledge
လူတိုင်းဟာ မေတ္တာတရားအောက်က အရှုံးသမားတွေပါ's photo

ချစ်ခြင်းမေတ္တာတရားရဲ့အောက်မှာ လူတိုင်းဟာ အရှုံးသမားတွေပါ။ ဒီအရှုံးသမားတွေ ထဲမှာလည်း လူကြမ်းကြီးပါဆိုတဲ့ သူတွေ၊ စိတ်ဓာတ်မာကြောနေပါတယ်ဆိုတဲ့ သူတွေ၊ လူဆိုး၊ဓားမြ၊သူခို၊ ကလေး၊ လူငယ်၊ လူကြီး ကစလို့ မချစ်တတ်ဘူးထင်ကြတဲ့ လူပျိုကြီး၊ အပျိုမကြီးတွေလည်း ပါပါတယ်။

ကျွန်တော်/မတော့ မချစ်တတ်ပါဘူးပြောရင် ဒါက လိမ်တာပဲ ဖြစ်မှာပါ။ လူတိုင်းဟာ မမွေးဖွားလာခင် ကတည်းက မေမေ့ဝမ်းထဲမှာ နွေးထွေးစွာအချစ်ခံရပြီး မွေးဖွာလာကြတဲ့သူတွေဖြစ်လို့ မေမေ့ဝမ်းနဲ့ခဏလေး ခွာလိုက်တာနဲ့ စပြီး ငိုကြွေးလာကြပါပြီ။ ဒါကြောင့် လူတိုင်းဟာ ချစ်တတ်ကြတယ် အချစ်ခံချင်ကြတယ်ဆိုတာ သိနိုင်ပါတယ်။

ဒါကြောင့်လည်း လူတွေဟာ မေတ္တာတရားတွေနဲ့ တွေ့လာကြတဲ့အခါ မရင်ဆိုင်နိုင်လောက်ဘူးလို့ ထင်တဲ့အရာတွေတောင် ရင်ဆိုင်ဖို့ အင်အားတွေရလာကြတယ်။အဘိုးအိုရဲ့ချစ်ချင်းမေတ္တာကြောင့် တောင်ကြီး ၂ ခြမ်း ကွဲသွားစေခဲ့တယ် ဆိုတဲ့အတိုင်းပေါ့။

ဒီလိုပါပဲ ကျွန်မတို့ လုပ်နေတဲ့အလုပ် ရင်ဆိုင်နေတဲ့ အခက်ခဲတွေကို ချစ်တတ်တဲ့ စိတ်နဲ့ကြည့်မယ်ဆိုရင် ကျော်လွှာနိုင်ဖို့အတွက် ခွန်အားတွေ၊ နည်းလမ်းတွေ ရှာတွေ့လာမှာပါ။ ကျွန်မမှားဘူးဆိုရင် ဘယ်နေရာမှာ ဘာတွေပဲ လုပ်နေနေ တစ်ယောက်တည်း လုပ်ကိုင်ပြီး ဘယ်သူ့အကူအညီမှမပါဘဲ တစ်ယောက်တည်းအောင်မြင်လို့ရတဲ့ အရာဆိုတာမရှိပါဘူး။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ကျွန်မတို့လို လူသားတွေရှိနေပါတယ်။ ဒီလူသားတွေနဲ့ ပေါင်းသင်းဆက်ဆံလာတဲ့အခါ အမြဲတမ်းအဆင်ပြေနေမှာဘဲလို့ မုချ ပြောလို့မရပါဘူး။

ဒါပေမဲ့ လူတိုင်းဟာ မေတ္တာတရားအောက်က အရှုံးသမားတွေပဲဖြစ်လို့ အရာရာကို ချစ်ခြင်းမေတ္တာလေးနဲ့ တွဲကြည့်မယ်ဆိုရင် အဆင်မပြေမှု % ကနေ အဆင်ပြေမှု ရာခိုင်နှုန်းများစွာ တက်လာနိုင်ပါတယ်။ ဒါကြောင့် အရှုံးသမားတွေရဲ့ကြားမှာ အရှုံးသမားတွေ ဒူးထောက်ပြီး အရှုံးပေးနေကြတဲ့လက်နက် မေတ္တာကိုအခြေခံပြီး လုပ်ဆောင်ကြည့်ပါ။ လူတိုင်းဟာ ချစ်ချင်းမေတ္တာတရားရဲ့အောက်က အရှုံးသမားလေးတွေ မို့အဆင်ပြေပါတယ်...

ချစ်ခြင်းမေတ္တာဟာ လူတွေကို ကျရှုံးစေတယ်ဆိုပေမဲ့ ဒီမေတ္တာတရားဟာ အောင်မြင်ဖို့ စွမ်းအားအကြီးဆုံး လက်နက်တစ်ခုဆိုလည်း မမှားပါဘူး....


#ကျမအတွေး ?
5/04/2024

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်