သစ်တိုင်းမွှေး
"ပိထောက်တွေကို သိပ်သဘောကျတာပဲလားမောင်"
"ဟင့်အင်း ၊ကျနော် ကံကော်တွေကိုပိုသဘောကျတယ် ကိုငြိမ်းရဲ့"
ပန်းပိထောက်ဝါအား ပွေ့ချီထားသောမောင်ဟာ ပိထောက်တွေကိုမှ အားမနာ၊ရှက်ရွံလေအောင် ဆိုလေတော့ လွင်ငြိမ်း ပြောစရာ ပျောက်ရှသွားရချေပြီ။
မောင်ဟာ ပြောစရာပျောက်ရှသွားတဲ့ လွင်ငြိမ်းကို တစ်ချက်ငဲ့ကြည့်ကာ ဟက်ခနဲ ရယ်လိုက်တယ်၊
"ပိတောက်တွေက နောက်ကျလို့"
"ဟင်!"
မောင်ဟာ လွင်ငြိမ်းစိတ်ကို သိနေဆဲပဲလေ၊လွင်ငြိမ်းစိတ်ထဲက မေးခွန်းမှန်သမျှကို မောင်ကလေ လှလှပပဖြေရှင်းပေးခဲ့တာ အရင်တုန်းကအတိုင်းပါလား။
"အတာကိုကျော်ပြီး ပွင့်လာတဲ့ ပိတောက်နောက်ကျတယ်လို့ ဆိုလို့ရတယ်မလား ကိုငြိမ်း"
မောင်တို့ တွေ့ဆုံမှုကလဲသိပ်နောက်ကျတာ။ဟော ကိုငြိမ်းဖြေရခတ်နေပြန်ပြီလား။
"ဟုတ်တာပေါ့၊နောက်ကျတာပေါ့ကွာ"
စကားသံအဆုံးတောင် ဝေတေဝါးတားဖြစ်သွားတယ်။အကြောင်းကားဘူတာ တာဝန်ခံတွေရဲ့ ကြေညာချက်ကြောင့်လေ။
"ရထားက နောက်ကျမယ်လို့ပြောတယ် ကိုငြိမ်းစောင့်ပေးအုံးမလား၊မမေမျှော်နေလောက်ရော်ပေါ့"
ဘူတာတာဝန်ခံတွေရဲ့ ကြေညာချက်အပြီး မောင် ကိုငြိမ်းကို ခပ်တိုးတိုးနှိုးဆော်လိုက်တယ်။စကားဝိုင်းမှာ ကိုငြိမ်းရဲ့သက်ဆိုင်သူလဲ မပါမဖြစ်ပေါ့။
မမေ...မောင်မပိုင်ဆိုင်မဲ့သူအား ပိုင်ဆိုင်ထားသူလေ၊မမေက မောင့်ကို စွပ်စွဲဖူးပါရဲ့၊ဘာတဲ့ သူများအပိုင့်ကိုမှ ချစ်ရသလား တဲ့လေ။မောင်ကသူများအပိုင်ကို ချစ်တာမဟုတ်ဘူး။မောင်ချစ်ရတဲ့သူဟာ သူများအပိုင်ဖြစ်သွားရုံပဲ၊မောင်ဖြစ်ချင်ခဲ့တာမှ မဟုတ်ပဲလေ။ဖြစ်နိုင််မယ်ဆို ကိုငြိမ်းကို စတွေမဲ့ရက်တောင် ရှောင်လွှဲချင်ပါရဲ့ဗျာ။
"ဟာ မောင်တစ်ယောက်ထဲဖြစ်နေမှာပေါ့။"
မောင်ဟာ စကားမပြောပဲ ခပ်ဟဟရယ်ပြန်တယ်။မောင်ကိုက နားလည်ရခတ်ပုစ္ဆာမှန်း လွင်ငြိမ်းမေ့သွားပြန်ပြီ။မောင်ဟာ သိပ်ခတ်တာ၊ မပြောချင်တာတွေဆို ရယ်သံနဲ့ဖုံးတက်တဲ့အကျင့်ကလေးရော ခတ်လိုက်တာမောင်ရယ်။
"ကံကော်ပန်းရဲ့ အဓိပ္ပယ်ကို သိလားကိုငြိမ်း"
"ကိုယ်မသိဘူးမောင်၊မောင်ပြောပြရင်တော့ ကိုယ်မှတ်ထားမှာပါ"
မောင်ပြုံးမိပြန်ပြီ။မောင်နှစ်ဝင်မိပြန်ပြီ။မောင်ဟာ ကိုငြိမ်းရဲ့အပြောတွေထဲ ပျော်ဝင်မိပြန်ပြီ။
"ထာဝရအတွက် အချစ်တဲ့ ပိတောက်ရဲ့သစ္စာက ထာဝရအတွက်လုံလောက်မယ်လို့ ကျနော်မထင်ဘူး"
"လုံလောက်တာပေါ့မောင်ရယ်၊သိပ်ကိုလုံလောက်တာပေါ့၊"
လွင်ငြိမ်းစကားဟာ သိပ်ကို ကတိုက်ကရိုက်ဆန်တယ်။မောင်လျစ်လျှူရှုမိလိုက်တယ်။မကြားခဲ့သလို့လေ။
မောင်ဟာ မျက်လွှာချပြီး ပိုက်ထားတဲ့ ပိတောက်တွေရဲ့ ရနံခပ်သင်းသင်းကို ရှုနေဟန်နဲ့ငြိမ်လို့တိတ်လို့ရယ်၊သိပ်ကိုရှုမငြီးဖွယ် ကောင်လေးလေ မောင်က၊မျက်တောင် ခပ်ခပ်ကော့ကော့သို့ အကြည့်အရောက် နှင်းစက်လေး ပွင့်ဖက်ပေါ် ဖျက်ခနဲ ကျသလိုခံစားရတာက ဘယ်ဘက်ရင်အုံက သက်ဆိုင်ရာလား။
ရထားသံချောင်းခေါက်သံတစ်ဒေါင်ဒေါင်က သူတို့ကို အတိတ်ဆီမနှစ်မြုတ်လိုဟန်ဖြင့် လာတားသည်ထင်။
"ရထားတောင် လာပြီပဲ အချိန်တွေ မြန်လိုက်တာ "
မောင်ဟာ စကားတစ်တွက်တွက်ဆိုရင်း ပစ္စည်းတွေကောက်လွယ်တယ်။ပိတောက်တွေကိုလဲ လွတ်မပေးပဲ ပိုက်ထားတယ်။တွေ့ဆုံပြီးနောက်ခွဲခွာရမှာပါပဲလား၊အတူရှိနေခဲ့တဲ့အချိန်တွေက မြန်လိုက်တာ။
"မောင် ပန်းတွေကို လွှင့်ပစ်လိုက်တော့လေ"
ပန်းတွေအား ကြည့်ရင်းဆိုမိတော့ သူခေါင်းခါပြတယ်။ဒီပန်းတွေကိုသဘောမကျသောအမျိုးသားငယ်ဟာ ပန်းတွေကိုလဲ လက်လွှတ်မပေးပါချေ။
"ဟင့်အင်း ကိုငြိမ်း ကျနော်မပစ်ချင်ဘူး"
ကိုငြိမ်းပေးတဲ့ ပိတောက်တွေက ဆူးမပါဘူးဗျ၊ကျနော်အနေနဲ့တော့ ပိုက်ထားတဲ့ပန်းတွေ သိပ်နာသလိုပဲ၊မောင်ကလဲ သိမ်းထားချင်မိတုန်း၊အကယ်၍ သိမ်းထားဖြစ်ခဲ့ရင်တော့ဖြင့် ဒါဟာနောက်ဆုံးလက်ဆောင်ဘဲ ကိုငြိမ်း။
အမြန်ရထားပေါ် မောင် တက်ကာ ဘူတာရဲ့ တစ်ဖက်ကို မျက်နှာလွဲထားခဲ့တယ်။ရထားက တစ်ရွေ့ရွေ့နှင့် ထွက်သွားတော့ ကိုယ်ရှိခဲ့တဲ့ မြို့ကလေးက ရုပ်လုံးကြွလာတယ်၊အတိတ် တွေပါလေ။ ပြတင်းပေါက်ကနေ လက်ကိုအပြင်ဘက်မှာ ချကာ တိုးဝှေ့လာတဲ့ လေညင်းသွဲသွဲကို မောင်ခံစားမိနေတယ်။တိုးဝှေ့နေတဲ့ လေညှင်းကလဲ မောင့်ကိုနှုတ်ဆက်နေသယောင်။
နဖူးပေါ် ကိုငြိမ်းရဲ့လေငွေ့နွေးနွေးခြေ ချခဲ့တဲ့ချိန်တုန်းကလေ မောင့်လက်ဖျားဟာ သိပ်ကိုအေးစက်သွားခဲ့တာ၊အခုရော မောင်လက်တွေကအေးစက်နေတာပဲ၊ဒါမဲ့ ကြည်နူးမှုနဲ့ တုန်လှုပ်မှုဆိုတာလေးက သိပ်ကို ကွာခြားမှန်း မောင် သိလိုက်ရတယ်။မောင့် တုန်လှုပ်မှုနဲ့ ကြည်နူးမှုဟာ တွယ်တာမှုဆို ကိုငြိမ်းနဲ့သာ ဆိုင်လျက်။ဒီအချိန်တော့ မောင်ဟာ ဒီတွယ်တာမှုကို ဖြတ်ရပါတော့မယ်လေ။မေ့ပြစ်ရပါတော့မယ်လေ။
မောင်လေမြိုအနှံအထိ စကူတာအတူစီးခဲ့တာတွေလဲ မေ့ပစ်တော့မယ်၊ညဈေးတန်းကနေညစာ အတူစားခဲ့တဲ့အချိန်တွေကို မေ့မယ်၊ခိုးယူခဲ့တဲ့ အနမ်းတွေ၊အကြင်နာတွေ၊မေတ္တာတွေရော၊ကိုငြိမ်းနဲ့ ပတ်သပ်ခဲ့တဲ့အကြောင်းအရာတွေကိုမေ့ပြစ်တော့မလို၊ချစ်ခဲ့ရတဲ့ ကိုငြိမ်းကိုလဲ မောင်ဟာမေ့ပစ် တော့မယ်။သို့ပေသိ ကိုငြိမ်းပေးခဲ့တဲ့ ပိတောက်ပန်းဝါလေးတွေကိုတော့ ထာဝရအတွက် မောင်လေသိမ်းထားချင်ပါရဲ့...
A/N လွန်ခဲ့တဲ့၄နှစ်က စရေးဖြစ်တဲ့ဝတ္ထုတိုလေး၊ဒီနေ့ပိထောက်တွေ့ရလို့ အမှတ်ရသွားပါတယ်။
Keep Reading