Nicolette
“မချစ်နိုင်ပါဘူး”
“ပိုက်ဆံ မချေးနိုင်ပါဘူး”
“မကူညီနိုင်ပါဘူး”
စသည်ဖြင့် ငြင်းပယ်ကြတဲ့အခါမှာ ငြင်းပယ်ခံရတဲ့ လူတော်တော်များများက စိတ်ဆိုးတတ်ကြပါတယ်။
တချို့ဆိုရင် သူတို့ကို ငြင်းရကောင်းလားဆိုပြီး အညှိုးထားတာမျိုးတောင် လုပ်ကြပါသေးတယ်။
တကယ်တမ်းကျတော့ “ငြင်းပယ်တယ်” ဆိုတာ လူသားတစ်ယောက်ရဲ့ အခွင့်အရေးပါ။
ကိုယ့်ဘက်က တောင်းဆိုပေမယ့် သူ့ဘက်က အဆင်မပြေတဲ့အခါ သူ့ရဲ့ အခွင့်အရေးကို ထိပါးတဲ့အခါမျိုးမှာ ငြင်းပယ်ပိုင်ခွင့်ရှိပါတယ်။
လူတော်တော်များများဟာ အခြေအနေအမျိုးမျိုးမှာ မငြင်းပယ်နိုင်ဘဲ ကိုယ့်ဘက်က အဆင်မပြေဖြစ်နေပေမယ့် တောင်းဆိုတာကို လုပ်ပေးလိုက်ကြတာမျိုး ရှိပါတယ်။
အထူးသဖြင့် ကိုယ့် အထက်လူကြီး၊ မိဘ ၊ ဆရာသမား နဲ့ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေက အကူအညီတောင်းတဲ့အခါမျိုးမှာ ဆိုရင် ကိုယ်က မလုပ်ပေးလိုက်ရင်
ကိုယ့်အပေါ်မှာ အမြင်စောင်းသွားမလား ရိုင်းရာများကျသွားမလား စိတ်ပူတာကြောင့် မလုပ်ပေးချင်တဲ့အလုပ်ကို လုပ်ပေးလိုက်ရတာမျိုးတွေ
ပြီးတော့ ကိုယ်အရမ်း ခင်ရတဲ့ မိတ်ဆွေအပေါင်းအသင်းက အကူအညီတောင်းတဲ့အခါမှာ
ကိုယ်မလုပ်ပေးလိုက်ရင် သူဒုက္ခရောက်သွားတဲ့အခါ ကိုယ့်မှာ အပြစ်ရှိသလို ခံစားရတာမျိုးတွေ
ကိုယ် ငြင်းပယ်လိုက်ရင် တဖက်သား စိတ်ခံစားသွားရမှာကို စိုးရိမ်တာ
အရမ်းကို အားနာတတ်တာ
သူများကို ကူညီချင် စိတ်ပြင်းပြလွန်းတာ
စတာတွေကြောင့် ငြင်းပယ်တယ် မလုပ်နိုင်ဘူး ဆိုတဲ့ စကားကို သုံးဖို့ ခက်ခဲလွန်းလှပါတယ်။
“ကူညီတယ်ဆိုတာ ကောင်းတဲ့ အလုပ်ပဲ ကူညီလိုက်ပါ” စတဲ့ ပတ်ဝန်းကျင်ရဲ့ တွန်းအားတွေ ကြောင့်လဲပါပါတယ်။
ကူညီတာ ကောင်းပါတယ် ဒါပေမယ့် ကူညီလွန်းတာ မကောင်းပါဘူး။
ခဏခဏ ကူညီလွန်းတဲ့အခါမှာ လူတွေက ကိုယ့်ရဲ့ ဘောင်ကို ကျော်လာတာ
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဝင်စွက်ဖက်တာ
ကိုယ့်ကို မထီမဲ့မြင် မလေးမစားပြုမှုပြီး ကိုယ့်စကားကို အလေးမထားတော့တာ
တစ်ခါလောက် မကူညီမိလိုက်တာနဲ့ အလွန်အကြူး ပြစ်တင်ပြောဆို ဆက်ဆံတာမျိုးတွေကိုပါ ခံစားရနိုင်ပါတယ်။
ဒါဆို ဘယ်လို ငြင်းပယ်ကြမလဲ…….?
ငြင်းပယ်တဲ့အခါမှာ ကိုယ် ငြင်းကြောင်းကို တဖက်သူ သေချာသိအောင် ရှင်းရှင်းလင်းလင်းပြောပါ။
မလုပ်ပေးနိုင်တဲ့ အကြောင်းပြချက်ကိုပါ သေချာထည့်ပြောပါ။
ယဉ်ယဉ်ကျေးကျေး ပြုံးပြုံးရွှင်ရွှင် ငြင်းပယ်ပါ။
ငြင်းလိုက်ရတဲ့အတွက် မတောင်းပန်ပါနဲ့။
ကိုယ့်ရဲ့ အကြောင်းပြချက်ကိုပဲ ပြောပြလိုက်ပါ။
ငြင်းလိုက်ရတဲ့အတွက် တောင်းပန်ကြောင်း မပြောပါနဲ့။
သူ့ရဲ့ ပြဿနာက ကိုယ်ဖန်တီးထားတာ မဟုတ်ဘူးဆိုတာ နားလည်ရပါမယ်။
ဒီလို ငြင်းလိုက်ရတဲ့အတွက်လဲ စိတ်မကောင်းမဖြစ်ပါနဲ့။
လူတိုင်းမှာ ငြင်းဆိုပိုင်ခွင့်ရှိပါတယ်။
တချို့ ကိစ္စရပ်တွေမှာ လူတွေက ကိုယ်တိုင် လုပ်နိုင်ရဲ့သားနဲ့ တဖက်သားကို တင်စီးပြီး ခိုင်းတာမျိုး ရှိတတ်ပါတယ်။
ဒါမျိုးဆိုရင်တော့ ဘာအကြောင်းပြချက်မှ ပေးမနေပါနဲ့။
သူတောင် အားမနာဘဲ လုပ်ခိုင်းသေးရင် ကိုယ်လဲ အားမနာဘဲ ငြင်းပါ။
ကိုယ့်ရဲ့ သနားကြင်နာမှု စိတ်ထားကောင်းမှုကို အလဟသ မဖြစ်အောင်နေပါ။
ကိုယ်လဲ ကူညီနိုင်တယ် တဖက်သားလဲ တကယ် အကူအညီ လိုအပ်နေတယ်။
ကိုယ့်အတွက်လဲ ဘာဒုက္ခမှ မဖြစ်ရင်တော့ ကူညီပေးလိုက်ပါ။
ဒီလို ငြင်းပယ်တဲ့ အကြောင်း ရေးသားထားတဲ့ စာအုပ်တွေ များစွာရှိတဲ့ အနက် စာအုပ်လေး နှစ်အုပ်ကိုလဲ ညွှန်းပေးချင်ပါတယ်။
စာရေးဆရာမ Susan Newman ရေးသားထားတဲ့
The Book of No: 250 Ways to Say It -- And Mean It and Stop People-pleasing Forever
စာအုပ်ထဲမှာ ငြင်းဖို့ နည်းလမ်းပေါင်း (250) တောင်ပါလို့ မငြင်းပယ်တက်တဲ့သူတွေအတွက် အလွန်အသုံးဝင်မှာပါ။
စာရေးဆရာ Henry Cloud ရဲ့ Boundaries: When to Say Yes, How to Say No to Take Control of Your Life စာအုပ်ဟာလဲ
ကိုယ့်ရဲ့ စည်းထဲကို လူတွေ ကျော်မလာအောင် ငြင်းပယ်နည်းနဲ့ ဘယ်လိုအချိန်မှာတော့ မငြင်းပယ်သင့်လဲဆိုတာကို ရေးသားထားပါတယ်။
ဒီစာအုပ်လေးတွေ နှစ်အုပ်လုံးကို အောက်ပါ Telegram Channel လေးထဲမှာ တင်ပေးထားပါတယ်။
https://t.me/+fDx3Hhe9OWoyZmY1
ဖတ်သင့်တဲ့ English စာအုပ်ကောင်းလေးတွေနဲ့ စာအုပ် review လေးတွေကိုလဲ ရေးပေးသွားဦးမှာမိုလို အကောင့်လေးကို follow လုပ်သွားကြပါဦးနော် ☺️
Keep Reading