Author's Profile Photo

ဧဝရ

5/04/2024

အယ်လ်နီညိုကို ရင်ဆိုင်ခြင်း

2 mins read
Life Style
Health
General Knowledge
အယ်လ်နီညိုကို ရင်ဆိုင်ခြင်း's photo

ဒီနေ့မှာတော့ ကျွန်တော်က အပူပြင်း El Niño ရာသီဥတုကို ရင်ဆိုင်နိုင်ဖို့၊အပူဒဏ်ကိုလျှော့ချနိုင်ဖို့၊အန္တရာယ်ကင်းဖို့၊ လုံခြုံမှုရှိဖို့အတွက် ဆောင်ရန် ရေှာင်ရန် အချက် (၁၀) ချက်ကို မျှဝေပေးသွားပါမယ်။






(၁) ရေဓာတ်ပြည့်ဝအောင်နေပါ။

ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် ရေများများသောက်ပေးသင့်ပါတယ်။ကလေးငယ်နဲ့ သက်ကြီးဘွားတွေအတွက်အရမ်းအရေးပါပါတယ်။ရေဓာတ် ခမ်းခြောက်တဲ့အခါ အပူရှိန်ကြောင့် မူးဝေမောပန်းခြင်းကို ဖြစ်စေနိုင်တာကြောင့် ရေဓာတ်အခမ်းခြောက် မခံပါနဲ့။ရောဓာတ်မလုံလောက်တဲ့အတွက် ပူနေတဲ့ရာသီဥတုမှာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ Shock တွေ ဖြစ်နိုင်တာကြောင့် ရေဓာတ်ပြည့်ဝအောင် နေပေးသင့်ပါတယ်။



(၂) အပူမရှပ်ပါစေနဲ့။

အပူရှပ်တာကဆိုးပါတယ်။ခန္ဓာကိုယ်က အပူချိန်က တက်နေချိန်မှာ ခန္ဓာကိုယ်ကို ရုတ်တရက်အေးအောင်လုပ်လိုက်တာမျိုး၊ နေပူထဲ အကြာကြီးထွက်နေမိတာမျိုး၊ ခန္ဓာကိုယ်အေးနေရာကနေ ရုတ်တရက် အပူရှိန်ခံလိုက်ရတာမျိုးမှာ အပူရှပ်နိုင်ပါတယ်။အပူရှပ်ရင် ပန်းဖျားလို အဖျားမျိုးလည်း ဝင်နိုင်သလို သက်ကြီးရွယ်အိုတွေမှာဆို သွေးဖိအား တိုးလာတာကြောင့် ဦးနှောက်သွေးကြော ပေါက်တာ၊ ပြတ်တာထိဖြစ်တတ်ပါတယ်။ဒါကြောင့်အထူးသတိထားသင့်ပါတယ်။ပူလို့ဆိုပြီး ရေချိုးတာမျိုးကို လုံးဝလုံးဝ မလုပ်ပါနဲ့။ ရေချိုးချင်ရင် အပူချိန်သိပ်မများသေးတဲ့အချိန်မှာ ကြိုချိုးထားပါ။ အပူရှိန်တက်နေတဲ့အချိန် လူကြီးဖြစ်ဖြစ် လူငယ်ဖြစ်ဖြစ် လုံးဝလုံးဝ ရေမချိုးပါနဲ့။



(၃) နေရောင်ကာလိမ်းဆေးသုံးပါ။

အိမ်ထဲမှာပဲနေနေ၊ အိမ်ပြင်ပဲထွက်နေနေ ဒီလိုရာသီဥတုမျိုးမှာ နေရောင်ကာလိမ်းဆေး လူတိုင်းလိမ်းသင့်ပါတယ်။ဒီလို အပူရှိန် ပြင်းနေတဲ့ရာသီဥတုမှာ နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့ရင်တောင်မှ Radiation တွေကြောင့် ခရမ်းလွန်ရောင်ခြည်တွေက ကျွန်တော်တို့ အရေပြားကို မလွဲသာမရှောင်သာ ထိတွေ့နေရပါတယ်။အဲ့တာကြောင့် SPF ပါတဲ့ နေရောင်ကာလိမ်းဆေးတွေကို လိမ်းပေးသင့်ပါတယ်။




(၄) ပေါ့ပေါ့ပါးပါးပဲ ဝတ်ပါ။အနက်ရောင် လုံးဝလုံးဝ မဝတ်ပါနဲ့။

လေထုနဲ့ အဝတ်အသားအောက်က ကိုယ့်အသားအရေကြား လေဝင်လေထွက်ကောင်းစေမယ့် ပါးပါးလျလျ အဝတ်အစားတွေသာ ဝတ်ဆင်ပါ။အနက်ရောင်လုံးဝမဝတ်ပါနဲ့။အနက်ရောင်က နေရောင်ခြည်ကလာတဲ့ ခရမ်းလွန်ရောင်ခြည်နဲ့ အခြားရောက်ခြည်တွေကို အချိန်အတော်ကြာ ပိတ်လှောင်ပေးထားတိုင်တာမို့ ကိုယ့်ရဲ့ အသားအရေကို ဒီရောင်ခြည်တွေနဲ့ တိုက်ရိုက်ထိတွေ့စေပါတယ်။




(၅)တစ်နေ့တာရဲ့ အပူချိန်အမြင့်ဆုံး အချိန်မှာ အမိုးအကာအောက်မှာပဲနေပါ။

Peak sun hour လို့ခေါ်တဲ့ နေပူရှိန် အမြင့်ဆုံးအခြေအနေတွေမှာ အမိုးကအကာအောက်၊ လေဝင်လေထွက်ကောင်းတဲ့နေရာတွေမှာပဲနေပါ။လိုအပ်ရင် အပူရှောင်စခန်းတွေကိုသွားပါ။ ရေချိုးချင်တဲ့သူတွေက ဒီအချိန်မရောက်ခင် ကြိုချိုးထားပါ။ကလေးနဲ့ သက်ကြီးဘိုးဘွားတွေကို ဂရုစိုက်ပါ။




(၆) ပန်ကာလေတိုက်ရိုက်မခံပါနဲ့။

အပေါ်က အပူရှပ်တာမျိုးဖြစ်နိုင်တာမို့ ပန်ကာလေ တိုက်ရိုက်မခံပါနဲ့။ဝေဝေးကခံပါ။ဖြစ်နိုင်ရင် ယပ်တောင်ပဲသုံးပါ။




(၇) အားသုံးရတဲ့အလုပ်တွေ သိပ်မလုပ်ပါနဲ့။

ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်ပြီး အားကုန်စေနိုင်တဲ့ အလုပ်မျိုး၊ရေဓာတ်ခမ်းခြောက်စေတဲ့ အလုပ်မျိုးကိုရှောင်ပါ။ပေါ့ပေါ့ပါးပါးအလုပ်တွေပဲ ရွေးလုပ်ပါ။ဟင်းသီးဟင်းရွက် နဲ့ သစ်သီးဝလံ တွေ များများစားပါ။အပူအစပ်တွေ လုံးဝမစားပါနဲ့။




(၈) လျှပ်စစ်မီးသီးနဲ့ မီးချောင်တွေ ထွန်းမထားပါနဲ့။

လျှပ်စစ်မီးသီးနဲ့ မီးချောင်းတွေက လျှပ်စစ်စွမ်းအင်ကြောင့် အိမ်တွင်းအပူချိန်တက်စေတဲ့အပြင် အလင်းတုကြောင့်လည်း ပူပြင်းတဲ့ရာသီမှာ အိမ်တွင်း အပူချိန်ကို တက်စေပါတယ်။အဲ့ဒါကြောင့် မှောင်နေရင်တောင်မှ လျှပ်စစ် မီးသီးနဲ့ မီးချောင်းထွန်းတာတွေ ရှောင်သင့်ပါတယ်။






(၉) ကလေးသူငယ်နဲ့ သက်ကြီးမိဘတွေကို ဂရုစိုက်ပါ။

ကိုယ့်ရဲ့ ကလေးတွေ။အဖေအမေ နဲ့ အဘိုးအဘွားတွေကို ဂရုစိုက်ပေးပါ။ဖြစ်နိုင်ရင် အနီးကပ်ပြုစု စောင့်ရှောက်ပေးပါ။အပူဒဏ်မခံရအောင် ကာကွယ်ပေးပါ။ရေများများတိုက်ပါ။လေဝင်လေထွက်ကောင်းတာတွေ ဝတ်ဆင်ပေးပါ။




(၁၀) မိုးလေဝသသတင်း နားထောင်ပါ။

ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သတ်ပြီး ပညာရှင်တွေကနေ ခန့်မှန်းချက်တွေနဲ့ ဆောင်ရန်ရှောင်ရန်တွေ၊ သတိထားရမှာတွေကို မျှဝေပေးနေတာမို့ မိုးလေဝသသတင်းကို စောင့်ကြည့်နားထောင်ပါ။


ဒီအချက်တွေကို လိုက်နာမယ်ဆိုရင်တော့ အယ်လ်နီညိုကို သတ္တိရှိရှိ ကျော်ဖြတ်နိုင်မှာဖြစ်ပြီး အပူဒဏ်ကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ကိုယ့်ကလေးတွေနဲ့ ကိုယ့်မိဘဘိုးဘွားတွေကို ဂရုစိုက်ပါ။ အပူပြင်းတဲ့ ရာသီကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ကြပါစေ။



-ဧဝရ
(၂၀၂၄ ဒီဇင်ဘာ ၅)
Do not copy please.
©2025 Everah

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအပေါ်ယံသမားစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)