Nway Oo Maung
လူတွေပျက်စီးသေးကျေနေကြတာတို့ကို မြင်တွေရတဲ့အခါ ဝမ်းနည်းခြင်း,သနားကြင်နာတတ်
ခြင်း,ကိုယ်ချင်းစာတရားရှိခြင်းတို့သည် စိတ်သဘောထားနုညံ့သူတွေ (စိတ်ဓာတ်အခံကောင်းသူ)မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နိယာမတရားတို့ဖြစ်ကြ၏။ မိမိနှင့်နီးစပ်လေ ပိုပြီး ဝမ်နည်းခြင်းဖြစ်ရ၏။ တကယ်တမ်းစဉ်းစားကြည့်ပြန်တော့ သဘာဝဘေးအန္တရာယ်ကြောင့် လူတွေသေ အိုးအိမ်တွေပျက်စီးကြတာကို လူအချင်းချင်း ထောက်ပံ့ကူညီကြပြီး၊ ဘာမှအပြစ်မရှိပဲ ဗုံးဒဏ်ကြောင့် သေကျေပျက်စီးရသော ကလေးသူငယ်
များ,သံဃာတော်များ, အသက်ရွယ်ကြီးရင့်တဲ့သူတွေအတွက်ကြ လူသားချင်းစာနာမှုက အကြုံးမဝင်သလိုဖြစ်နေတယ်။ သဘာဝဘေးကြောင့်သေသေ ဗုံးဒဏ်ကြောင့်သေသေ သေတာချင်းကအတူတူပဲမဟုတ်လား၊ သဘာဝဘေးကြောင့် သေကျေရင် ကရုဏာသက်ပြီး စစ်ဘေးကြောင့် သေကျေတဲ့အခါ ဘာခံစားမှုမှ မရှိတာဟာ ကရုဏာအစစ်မဖြစ်နိုင်ဘူး။ ကရုဏာ တရားသည် ဒုက္ခရောက်နေသော လူသားမှန်သမျှကို သနားခြင်းဖြစ်၏။ ဒုက္ခရောက်စေသော အကြောင်းတရားတို့ကို ရွေးနေရသည်မဟုတ်၊ "ဘယ်အကြောင်းကြောင့် လူသားတွေ ဒုက္ခရောက်မှ ကူညီမည်" ဟုတွေးထားခြင်းသည် လူသားချင်းစာနာမှုမဟုတ်တန်ရာ။ အတ္တကို ဆေးဆိုးထားခြင်းလေလော။
Keep Reading