ညနက္ခတ်
တိမ်တိုက်ပန်းချီကားလို ရွှေနီပြာရောင်
ညနေစောင်းမတိုင်ခင် လေပြေလေးတွေကြား
ငါဖွာလိုက်တဲ့ ဆေးလိပ်မီးခိုးတွေက
မင်းနာမည်ကို ကောင်းကင်မှာ ရေးမိနေတယ်...
ငိုသဲ့သဲ့အသံတစ်ခု - ဒီတစ်ခါဝေးရင်
ဘယ်တော့များမှ ပြန်ဆုံမလဲ...
ဝေးကွာခြင်းတွေကို တင်းခံရင်း..
ကိုယ်ပျိုးတဲ့ပန်း ခုဆိုဘယ်ရင်ခွင်မှာမှ မနွမ်းရလေအောင်။
အသက်နှင့်အမျှ ဆုတောင်းနေမိတယ်...
ဪ... ဉယာဉ်မှူးတစ်ယောက်ရဲ့ဘဝ
မင်းမကြိုက်တဲ့ ဒီဆေးလိပ်
ဒီတစ်ခေါက်...
အဆုတ်အသစ်တစ်စုံဘဲ ဝယ်လဲလိုက်တော့မယ်။
မီးခိုးမှုန်တွေနဲ့ ရှင်သန်တဲ့ဘဝကို
အနုပညာရှင်တစ်ယောက်ရဲ့ ပန်းချီလိုမျိုး
အဆုံးမရှိ ဆေးခြယ်မယ်...
Keep Reading