Author's Profile Photo

တင်ညွန့်

23/04/2025

အပူမကူးစေရန် လူထူးတွေရဲ့အကြံ

1 min read
Life Style
Education
General Knowledge
အပူမကူးစေရန် လူထူးတွေရဲ့အကြံ's photo

နယူတန် (Newton) အကြောင်း သိကြပါလိမ့်မည်။ သူ၏ Three Laws of Motion သည် ကမ္ဘာသိဖြစ်စေခဲ့ပြီး ယနေ့တိုင် ကျောင်းများတွင်ပါ သင့်ကြားလေ့လာနေကြရသည့် ပညာရပ်တစ်ခုဖြစ်ခဲ့သည်။ သူ့အကြောင်း တွေကိုလည်း ယနေ့တိုင်း ချီးကျူး ဂုဏ်ပြုနေကြဆဲဖြစ်သည်။ သို့သော် လူမသိသေးသည့် ကိစ္စတစ်ခုရှိသေး သည်။

တစ်နေ့တွင် သူ့မိတ်ဆွေတစ်ဦးက နယူတန်ကို မေးလေသည်။

“ခင်ဗျား ဖော်ထုတ်လိုက်တဲ့ ဥပဒေသတွေကတော့ ဂယက်ရိုက်သွားတော့တာပဲ။ ဒါနဲ့ နေပါဦးဗျာ ခင်ဗျားကို အဲဒီလို အတွေးမျိုးတွေကို ဖြစ်ပေါ်လာစေဖို့ တစ်ယောက်ယောက်ကများ လွှမ်းမိုးနေရော့သလား”

နယူတန်က ပြုံးလျက် ဖြေလိုက်သည်။

“ဟုတ်တာပေါ့ ကျုပ်ကို လွှမ်းမိုးတဲ့ တစ်ယောက်တော့ ရှိတယ်ဗျ”

“ဘယ်သူများလဲ”

“ကျုပ် အစေခံပေါ့”

“ဟာ ခင်ဗျားကလည်း မနောက်ပါနဲ့ … ခင်ဗျားအစေခံက ဘယ်လိုလုပ်ပြီး ခင်ဗျားအတွေးအပေါ် လွှမ်းမိုးနိုင်မှာလဲ”

“ကျုပ်ရှင်းပြမယ်။ တစ်နေ့တော့ဗျာ အေးကလည်း အေးသနဲ့ ကျုပ် မီးဖိုဘေးမှာ ထိုင်နေတယ်။ မီးဖိုထဲမှာ ထင်းတွေများသွားတော့ မီးတောက်ကအရှိန်များတာပေါ့။ ဒါနဲ့ ကျုပ်က အစေခံကို ခေါ်လိုက်ပြီး၊ ဟေ့ လာစမ်းကွယ် … မီးအရှိန်ပြင်းလိုက်တာ ထင်းတွေကို လျှော့လိုက်စမ်းလို့ ပြောလိုက်တယ်။ ကျုပ်အစေခံက ဘာပြောသလဲ သိလား”

“ဘယ်သိမလဲဗျ”

“သခင်ရယ်တဲ့ … ရှင်ဟာ အတော် ထူးဆန်းတဲ့သူပဲ။ သိပ်ပြီးတော့ ပူလာတာများ ထင်းတွေကို ဘာဖြစ်လို့‌ လျှော့ရမှာလဲ။ သခင်ပဲ မီးဖိုနဲ့ ဝေးတဲ့နေရာကို ကုလားထိုင် ရွှေ့ထိုင်လိုက်ရင် ပြီးရောတဲ့ဗျာ။ ကိုယ့်ပြဿနာကို ကိုယ့်ဘာသာ ချက်ချင်း ဖြေရှင်းလိုက်လို့ ရသားနဲ့ အကူအညီတောင်းလိုက်မှ ဟိုက ပညာပေးသွားတာ လှလိုက် တာဗျာ”

“ကောင်းပါပေ့ဗျာ … ပညာမဲ့တယ်ဆိုပြီးတော့လည်း အထင်သေးလို့ မရပေဘူးပဲ”

“ပညာရှိ သတိဖြစ်ခဲဆိုတာလိုပေါ့ဗျာ။ ကျုပ်အစေခံ ကျုပ်ကို ပေးလိုက်တဲ့ သင်ခန်းစာက ကျုပ်ဖော်ထုတ် လိုက်တဲ့ ဥပဒေသတွေထက်တောင် ကြီးမြတ်ပါပေတယ်။ သူက ကျုပ်ဘဝအတွက် သင်ခန်းစာပါ ပေးလိုက်တာ။ ပူနေသလား … ကယ်ပါ ကူပါလို့ ပြောနေ အော်နေမယ့်အစား အဲဒီ ပူနေတဲ့ နေရာကနေ နည်းနည်း ဝေးတဲ့ နေရာလေးကို ရွှေ့လိုက်ဆိုတဲ့ ဥပဒေသစ်ကို ကျုပ်အစေခံက ကျုပ်ကို သင်ခန်းစာသစ်ပေး လိုက်တာ။ ဒါကြောင့် လက်တွေ့ဘဝမှာ သူပေးလိုက်တဲ့သင်ခန်းစာက ကျုပ်ကို လွှမ်းမိုးခဲ့တယ်လို့ ပြောနိုင် တယ်”

“မှန်တယ်ဗျာ ကျုပ်လည်း လက်ခံပါတယ်”

“သူက ကျုပ်ကို ဘာတွေ သတိပေးလိုက်သလဲသိလား … ကျုပ်မှာ ငွေကြေးအခက်အခဲတွေ ဖြစ်နေရင် လိုချင်တဲ့ ဆန္ဒတွေကို အဝေးမှာထားလိုက်ဆိုတဲ့ အသိကို ပေးလိုက်သလိုဖြစ်စေခဲ့တယ်။ အပူမကူးချင်ရင် အပူနဲ့ ဝေးရာမှာနေလိုက်ဆိုတာ ကျုပ်သိလိုက်ရတဲ့ နောက်ထပ်ဥပဒေသတစ်ခုပါ”

(Ref: From Newton’s Three Laws of Motion to Financial Difficulties)

တင်ညွန့်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်