Author's Profile Photo

Hein Htet Ko Ko

17/04/2025

ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ

1 min read
Life Style
General Knowledge
Self Improvement

လူတိုင်းလူတိုင်းမှာ ဖြစ်ချင်တဲ့ဆန္ဒ ကိုယ်စီရှိတတ်ကြပါသည်။ "မရှိဘူး"ဟု​ပြောခြင်းသည် လိမ်ညာခြင်းသာဖြစ်သည်။အနည်းနဲ့ အများ​တော့ ရှိတတ်ကြသည်။စာ​ရေးသူကျွန်ုပ်၌လည်း ဖြစ်ချင်​သောဆန္ဒများရှိသည်။ ထိုသို့​သောဆန္ဒများသည် ရှိ​နေရုံ၊​ပြော​နေရုံ၊ထိုင်​နေရုံနဲ့ ဖြစ်​မြောက်ပြည့်၀နိုင်မည်မဟုတ်​ပေ။လက်​တွေ့ အ​ကောင်အထည်​ဖော် လုပ်​ဆောင်နိုင်မှသာ ပြည့်၀မည်ဖြစ်သည်။


ထို့သို့ အ​ကောင်အထည်​ဖော်ရာတွင် အ​ခြေအ​နေအရ​သော်လည်း​ကောင်း ၊ ကံအကျိုး​ပေးအရ​သော်လည်း​ကောင်း အ​ကြောင်းအခွင့်တိုက်ဆိုင်ပြီး ပြည့်​မြောက်တတ်သလို အ​ခြေအ​နေ၊အချိန်အခါအရ အခွင့်မသာသည့်ကိစ္စမျိုးလည်း ဖြစ်တတ်ပါသည်။ဒါ့အပြင် မိသားစု၊ပတ်၀န်းကျင်၊ မိတ်​ဆွေ၊ရန်သူ စ​သောသူများ​ကြောင့်လည်း ဖြစ်ချင်တာကို စွန့်လွှတ်လိုက်ရတာမျိုး​တွေ ရှိကြပါတယ်။ အခွင့်အ​ရေး​ပေါ်လာပါ​သော်လည်း ထိုသူများ​ကြောင့် လက်လွှတ်လိုက်ရတာမျိုး​တွေ ရှိကြပါတယ်။


ဤအ​ခြေအ​နေမျိုးတွင် ကျွန်​တော်တို့သည် ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစား​ပေးရမယ့် အ​ခြေအ​နေမျိုးဖြစ်သွားပါပြီ။ အ​ခြေအ​နေနှင့် အချိန်အခါအရ လုပ်သင့်တာ ၊ ဖြစ်သင့်တာကိုပဲ ​ရွေးချယ်ကြရတဲ့ အ​ခြေအ​နေမျိုးဖြစ်သွားပါပြီ။ သည်လိုအ​ခြေအ​နေမျိုး​တွင် စိတ်ဓါတ်ကျ၊စိတ်အားငယ်ခြင်းမရှိဘဲ မိမိ​ရောက်ရာ​နေရာမှာ အ​ကောင်းဆုံးဖြစ်​အောင်သာ ကြိုးစားလုပ်​ဆောင်ပါဟု အကြံပြုအပ်ပါသည်။

ကျွန်​တော့်ဆရာမ​ပြော​နေကြ စကားတစ်ခွန်းရှိတယ်။

"ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်ပါ မဟုတ်ရင် ကိုယ်လုပ်တဲ့အလုပ်ကို ချစ်ပါ" တဲ့။

စာဖတ်သူအ​ပေါင်း ဆန္ဒနှင့်ဘ၀တစ်ထပ်တည်းကြပါ​စေဟု  
ဆု​တောင်းလျက်...

#SarPhat
#HeinHtet
#KnowledgesharingbyHein

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်