Author's Profile Photo

မောရိသျှ

9/04/2025

စာစောင်လေးဆယ့်ရှစ် - အနားယူခြင်းနဲ့ အလုပ်လုပ်ခြင်း

2 mins read
Life Style
Personal Development
General Knowledge
စာစောင်လေးဆယ့်ရှစ် - အနားယူခြင်းနဲ့ အလုပ်လုပ်ခြင်း
's photo

ပြီးခဲ့တစ်ပတ်က နားရက်ယူလိုက်သေးတယ် တမင်နားချင်လို့ပါ။ ဒါကလည်း ဒေးကာနက်ဂျီဆီကနေ ပြန်သင်ယူထားတဲ့ သင်္ခန်းစာကြောင့်ပါ။ How to Stop Worrying and Start Living မှာ “မပင်ပန်းခင် အနားယူပါ” လို့ သူရေးထားခဲ့ဖူးတယ်ဗျ။ အမှန်တိုင်းပြောရရင် ခြေကုန်လက်ပမ်းကျပြီး ပင်ပန်းဆင်းရဲတာကို ရှောင်နိုင်မယ့် တစ်ခုတည်းသော နည်းဖြစ်နေတော့ အတော်လေး အလုပ်ဖြစ်တယ်။ အတော်လေး ကောင်းတဲ့ အကြံပါဗျာ။

အရင်တုန်းက အဲဒီလို နားသင့်ကြောင်း မသိသေးတော့ အလုပ်လုပ်လို့ မရလောက်တော့အောင် ပင်ပန်းသွားတော့မှ နားဖြစ်ခဲ့တယ်။ ရေဆာမှ ရေသောက်သလို ဖြစ်သွားတော့ အဆင်မပြေဘူး။ ပိုပင်ပန်းတယ်ဗျ။ နားပေမယ့်လည်း ပြေလျှော့မသွားဘူး။ ဒေးကာနက်ဂျီ ဖြစ်စေချင်တာက ရေမဆာခင် အစောကြီးကတည်းက ရေဓါတ်ပြည့်ဝနေအောင် သောက်ထားဖို့ပါ။ အနားယူတာလည်း ထိုနည်းလည်းကောင်းပဲဗျ။ ခန္ဓာကိုယ်က မဖြစ်မနေ နားဖို့လိုမှ နားတာထက် နားနားနေနေ နေပြီး အလုပ်လုပ်ရင် ပိုပြီး ထိရောက်သလို ပင်ပန်းနွမ်းနယ်တာ အတော်လေး သက်သာတယ်။

ခဏခဏ ခေါင်းအုံနေမယ်၊ မျက်လုံးတွေ လေးမယ်၊ အိပ်ငိုက်မယ်၊ ညကြီးသန်းခေါင် လန့်နိုးမယ်၊ တစ်နေကုန် စိတ်လေနေမယ်၊ စိတ်တိုစိတ်ဆတ်လွယ်မယ်၊ စိတ်မကြည်မလင်ဖြစ်နေမယ်ဆိုရင် သေချာတယ် ပင်ပန်းနေလို့ပဲ။ စိတ်ပင်ပန်းတာလည်း ဖြစ်နိုင်သလို၊ လူပင်ပန်းနေတာလည်း ဖြစ်ဖို့များတယ်။ ဒီလိုတွေဖြစ်မှ နားမယ်ဆိုရင် ဘယ်လောက်နားနား မသက်သာဘူး။ မအိပ်ရင် မရတော့တဲ့ အခြေအနေမှ အိပ်ယာထဲ ဝင်အိပ်ရင် ဘယ်လောက် အိပ်အိပ် မဝဘူး။ ဒီသဘောပဲ မဖြစ်မနေ နားဖို့ လိုတော့မှ သွားနားရင် ဘယ်လောက်နားနား မသက်သာဘူးဗျ။ ဒါကြောင့် တစ်ခုခုလွဲနေပြီဆိုတာနဲ့ ကြိုပြီး လုပ်သင့်တာ လုပ်ထားလိုက်။ ပင်ပန်းသလို ဖြစ်နေလား၊ ဒါမှမဟုတ် အချိန်အကြာကြီး အလုပ်လုပ်ထားရင် ခဏတဖြုတ်လောက် နားနား နေနေ နေလိုက်ပါ။ 

အလုပ်က အရေးကြီးပါတယ်။ ဒါပေမဲ့ ကျန်းမာရေးနဲ့ ခွန်အားတွေ ပြည့်ဝနေဖို့က ပိုပြီး အရေးကြီးပါတယ်။ 
ဘာမှ လုပ်မရတော့တဲ့အဆုံး နားပစ်လိုက်တာမျိုးက လုံးဝ မကောင်းပါဘူး။ အဲဒီလိုပဲ လုပ်လိုက် နားလိုက်နဲ့ အလုပ်လည်း မဖြစ် နားတာလည်း မဝတာမျိုး မဖြစ်သင့်ပါဘူး။ တစ်ခါတစ်လေကျပြန်တော့ နားပြီးရင်းနားနေလိုက်တော့ အပျင်းထူသွားရော။ လုပ်သာ လုပ်

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ် - အလိုကြီးအရနည်း စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်နှစ်ဆယ့်ငါး-ခက်ခဲမှုတို့ရဲ့နောက်ကွယ်တန်ဖိုးစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄) စာစောင်လေးဆယ့်ငါး - သာမှန်ဘဝ ထင်ရာမြင်ရာ ဝင်ပါကြသောအခါ

Unlock to read this premium article with 100 points.