Author's Profile Photo

မောရိသျှ

7/04/2025

စာစောင်လေးဆယ့်ခုနစ် - သတင်းကောင်းကို မျှဝေခြင်း

1 min read
Life Style
Personal Development
General Knowledge
စာစောင်လေးဆယ့်ခုနစ် - သတင်းကောင်းကို မျှဝေခြင်း
's photo

တပဓမ္မအကြောင်း ပြောရတာ သိပ်ပျော်တာပဲဗျ၊ လက်တွေ့လည်းဆန်သလို အကျိုးလည်း တကယ်ရှိလို့ပါ။ သိပ်မကြာသေးတုန်းက စတော့ဈေးကွက်တွေ ဟုန်းခနဲ့ ထိုးကျသွားသေးတယ်၊ ဒါပေမဲ့ ထုံးစံအတိုင်း လစဉ်မပြတ် ရင်းနှီးမြုပ်နှံနေကျ ပမာဏကိုပဲ အမြဲလိုလို သွင်းဖြစ်တယ်၊ စိတ်ထဲသိပ်ပြီးမခံစားဖြစ်လိုက်ဘူး။ ဘဏ်စာရင်းကို ကြည့်လိုက်မိတော့ တရက်အတွင်း ရှုံးသွားတဲ့ ငွေတွေက အတော်လေး မနည်းဘူးဗျ။ ဂရုစိုက်မနေတော့ပါဘူးဗျာ။ မေ့လိုက်တယ်။ မသိချင်ယောင်ဆောင်ပြီး ထားလိုက်တယ်။

အရင်တုန်းကတော့ ဒီလို မနေနိုင်ပါဘူးဗျာ။ လောင်နေတာပေါ့။ ဈေးကွက်ထဲ ဂဏန်းလေး ပြောင်းသွားရင်ပဲ မိုးမီးလောင်မတက် ကျွန်တော် လောင်ခဲ့တာပါ။ အခုတော့ ဒီလိုဖြစ်တာတွေနဲ့ အသားကျနေပြီ။ ရှုံးလည်းရှုံးပေါ့။ ခဏပဲ။ ပြီးရင် ဈေးကွက်ရဲ့ ထုံးစံအတိုင်း ပြန်တက်လာမှာပဲလေ။ မတက်လည်း ဘာဖြစ်လဲ၊ အမြတ်က သူ့ဟာနဲ့သူ ကျန်ဦးမှာပဲ။ စိတ်ထဲ သိပ်ပြီး ထည့်မထားတော့ဘူး။ ကိုယ်ရင်းနှီးထားတာ အလကားဖြစ်မသွားရင် တော်ပြီလေ။ တကယ်လို့ ကမ္ဘာ့စီးပွားပျက်ကပ်ထပ်ကြုံလို့ ကုန်သွားလည်း ဘာဖြစ်လဲ၊ တစ်ကနေ ပြန်စရုံပေါ့။ 

တချို့အတွေးအခေါ်တွေက ကောင်းလွန်းလို့ ကိုယ့်ဘဝအပေါ် အများကြီး ပြောင်းလဲတိုးတက်စေခဲ့ရင်၊ မနေနိုင်ဘူး ဒီလိုအကြောင်းအရာတွေနဲ့ အကျိုးဆက်သတင်းကောင်းတွေကို သူ့အလိုလို မျှဝေချင်စိတ် ပေါက်လာရော။ လူတွေကို လိုက်ပြီး ပြောပြချင်တယ်။ ကိုယ့်လိုပဲ သူတို့တတွေရဲ့ ဘဝတွေ တိုးတက်သွားကောင်းပါရဲ့ စေတနာဖြစ်မိတယ်။
သိပ်မကြာသေးတဲ့တနေ့က ကျွန်တော်တို့ တဆွေလုံးတမျိုးလုံး လူစုမိလို့ ညစာတူတူ စားဖြစ်ကြတယ်။

ညစာစားချိန်ဆိုတော့လည်း စကားအမျိုးမျိုးပြောကြတာပေါ့။ ထုံးစံအတိုင်း ကောင်းတာထက် မကောင်းတာတွေလောက်ပဲ ဦးစားပေး ပြောဖြစ်သွားကြတယ်။ ကိုဗစ်အကြောင်း၊ မျိုးပွားပိုးအကြောင်း၊ ရာဇဝတ်မှုတွေအကြောင်း၊ နိုင်ငံရေးအကြောင်း၊ ငွေကြေးဖောင်းပွလာတဲ့အကြောင်း၊ ဆိုရှယ်မီဒီယာ၊ စိတ်ရောဂါ စသဖြင့် နေ့စဉ်လူနေမှုဘဝထဲက အကြောင်းအရာတွေကို စုံလို့ပဲ။ ကျွန်တော်တော့ ဝင်မပြောဖြစ်ပါဘူး။ နည်းနည်းများလာတော့ လူလည်း မခံနိုင်တော့တာနဲ့ တခွန်းတည်းပဲ ကျွန်တော်ဝင်ဟန့်ဖြစ်သွားတယ်။ 

“ခင်ဗျားတို့ကလည်း ဘာမှလုပ်လို့မရတဲ့ အကြောင်းတွေ ပြောနေလို့ရော ဘာထူးမှာမလို့လဲ အစိုးမရတဲ့ကိ

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်သုံးဆယ့်ခုနစ်-အဆိုးထဲကအကောင်းစာစောင်လေးဆယ့်ကိုး - ဘဝရဲ့အစိုးမရမှု စာစောင်လေးဆယ် - အလိုကြီးအရနည်း မပြိုင်ပါနဲ့ဖန်တီးပါစာစောင်သုံးဆယ့်တစ်-အမှားတွေကနေရနိုင်တဲ့ တန်ဖိုးစာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းလက်ရှောင်တတ်တာကမှ အဆင်ပိုပြေသေးတယ် စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်

Unlock to read this premium article with 100 points.