MaySky

Introvertဆိုတာဘာလဲ မြန်မာလိုဘာသာပြန်ရင် အနေအေးသောရှက်တတ်ကြောက်တတ်သောပင်ကိုဗီဇအားဖြင့်ငြိမ်ငြိမ်ကုပ်ကုပ်နေတတ်သောသူလေးတွေဘဲ ဖြစ်ပါတယ်။ လိုရင်းတိုရင်း ပြောရရင် အနေအေးသူတွေပေါ့။ သူတို့တွေက မွေးရာပါကိုက အနေကုပ်သူတွေဖြစ်ပါတယ်။ အေးဆေးနေတတ်ပြီး စကားအင်မတန်မှနည်းသူတွေဖြစ်ပါတယ်။ လူတွေကြောက်တဲ့နေရာမှာလည်းနှစ်ယောက်မရှိပေ။လူကြောက်တယ်ဆိုတာကလည်း လူတွေနဲ့ ပေါင်းသင်းဆက်ဆံရမှာကိုကြောက်တယ်ပြောတာပါ။ introvertတွေက အပေါင်းသင်းနည်းပါတယ်။ သူတို့ဟာ လူတစ်ယောက်ကိုခင်ပြီဆိုလည်း ဒီလူနဲ့ဆို စကားကိုရေပက်မဝင်အောင်ပြောတတ်ပြီး သူတို့နဲ့ဆိုရင် တဟီးဟီးတဟားဟားနဲ့ ပျော်ရွှင်အူမြူးနေတတ်ပါတယ်။ introvertလေးတွေရဲ့ ထူးခြားချက်က လူတစ်ယောက်ကို ခင်ပြီဆိုရင် ဒီလူနဲ့ပတ်သက်သမျှ သူဟာအလေးနက်ထားပါတယ်။ အဲဒီလူရဲ့ စကားလုံးမှန်သမျှ ဂရုတစိုက်မှတ်ထားတတ်ကြပါတယ်။ သူ့မွေးနေ့မွေးရက် သူဘာကြိုက်တတ်သလဲ စသည်ဖြင့်သူ့မျက်နှာရိပ်မျက်နှာကဲကိုပါကြည့်ပြီး သူဘာခံစားနေရသလဲဆိုတာကိုပါ အတပ်သိပါ
Unlock to read this premium article with 10 points.