Author's Profile Photo

Hein Htet Ko Ko

26/03/2025

မြတ်စွာဘုရား ညွှန်ကြားတော်မူသော "သမ္ပဒါတရား၄ပါး"

1 min read
Life Style
General Knowledge
Culture

လူတိုင်းသည် မိမိဘ၀၏ ​အောင်မြင်မှုကို အလိုရှိကြသည်။ဗုဒ္ဓမြတ်စွာဘုရားညွှန်ကြား​တော်မူ​သော ကြီးပွား​ရေးလမ်းညွှန် ​လေးချက်(သမ္ပဒါတရား၄ပါး)ရှိပါသည်။

ထိုသမ္ပဒါတရား၄ပါးနှင့်အညီ​နေထိုင်ပါက ချမ်း​သောင့်ချမ်းသာစွာ ​နေထိုင်နိုင်မည်ဖြစ်သည်။

ထိုသမ္ပဒါတရား(၄)ပါးမှာ-

၁။ဥဋ္ဌာနသမ္ပဒါ
(ထကြွလုံ့လဝီရိယရှိခြင်း)

၂။အာရက္ခသမ္ပဒါ
(လုံခြုံစွာသိမ်းဆည်းစောင့်ရှောက်တတ်ခြင်း)

၃။သမဇီဝိတသမ္ပဒါ
(အကုန်နှင့်အရ မျှတသောအသက်မွေးမှုရှိခြင်း)

၄။ကလျာဏမိတ္တသမ္ပဒါ
(မိတ်ဆွေကောင်းရှိခြင်း)တို့ဖြစ်ပါသည်။

ဥစ္စာကိုကြိုးစားရှာရန်၊ရရှိပြီးစည်းစိမ်ကို မပျက်စီးရ​အောင် ထိန်းသိမ်း​စောင့်​ရှောက်ရန်၊ဥစ္စာကိုချိန်ဆပြီး အ၀င်အထွက် မျှတစွာသုံးစွဲရန်၊မိတ်​ကောင်း​ဆွေ​ကောင်းကို ​ပေါင်းသင်းရန်ဖြစ်သည်။

မြတ်ဗုဒ္ဓ၏ စကား​တော်များကို
သမ္ပဒါတရားဟု ကမ္ပည်းထိုးကာ ကြီးပွားလိုသူ၊ချမ်းသာလိုသူ၊ဟန်ကျပန်ကျ ​နေလိုသူတို့အတွက် လက်သုံးဖြစ်​သော ကြီးပွား​ရေးလမ်းညွှန်များဖြစ်​သော​ကြောင့် စက္ကန့်မလပ် အစဥ်အမြဲ ဤတရား​တော်များကို မှတ်သားကျင့်ကြံသင့်​ကြောင်း အကြံပြု​ရေးသားအပ်ပါသည်။

#Hein Htet
#SarPhat
#General Knowledge

Keep Reading

လူငယ်နှင့် အောင်မြင်မှု...စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးဒေါ့စတာယက်စကီးရဲ့ဘဝအမောပြေရွာရိုးကိုးပေါက်‘သားကောင်စိတ်နဲ့ ရှင်သန်မယ့်အစား သူရဲကောင်းဖြစ်ဖို့ကို ရွေးချယ်ပါ’ပျော်စရာနေ့ဆင်းရဲသားလေး ဂျက်လန်ဒန်သူဌေးဝါဒ (၂၃)မရိုးတရိုးအကျပ်ထဲမှာ ချောင်ကြည့်ခြင်း