Author's Profile Photo

Whisper of Words

25/03/2025

အချစ်ဆိုသောအရာ

1 min read
Book Review
Novel
အချစ်ဆိုသောအရာ's photo

"အချစ်ဆိုသောအရာ"တဲ့ စာအုပ်နာမည်လေးက ရိုးရိုးလေးနဲ့တွေးစရာ အများကြီးပေးတဲ့ စာအုပ်လေးပါ။
"အချစ်ဆိုသောအရာသည်မည်သည့်နေရာမှ စတင်ပေါက်ဖွားလာပါသလဲ။အသည်းနှလုံးကလား၊ရင်ထဲကလား၊ဦးနှောက်ကလား"
"အချစ်သည် ပူဆွေးသောကကိုပင် အစဉ်ပေးတတ်ပါသလား"
"အချစ်ကြောင့် ပျော်ရွှင်ကြည်နူးရသည့် အချိန်ကာလထက် ပူဆွေးလောင်ကျွမ်းရသည့် အချိန်ကများနေသည်ဆိုတော့ အချစ်သည် အချိုထက် အခါးဘက်ကဲနေပြီဟုပင် ထင်ချင်၏"
ဒါတွေကတော့ ဆရာမမိုးမိုး(အင်းလျား)က အချစ်အပေါ် ထုတ်လိုက်တဲ့ မေးခွန်းလေးတွေပါ။
ဒီစာအုပ်လေးမှာ အပိုင်း(၃)ပိုင်းပါ ပါတယ်။ပထမပိုင်းဖတ်အပြီး ဒုတိယပိုင်း ကိုအကူးမှာ တခြားဇာတ်လမ်းဖြစ်သွားသလိုလိုထင်ရပေမဲ့ တတိယပိုင်း ဆက်မှ ဆရာမရဲ့ လှပတဲ့အရေးအသား လှပတဲ့ဇာတ်အိမ်ကို ထိထိမိမိခံစားရပီး လက်ကမချချင်လောက်အောင် ဆွဲဆောင်ထားခြင်းခံခဲ့ရတယ်။

အချစ်မရှိရင်မနေတတ်လို့ အချစ်ကိုလိုက်ရှာနေတဲ့ သက်အောင်...။ပင့်ကူအိမ်နွယ်ယှက် ဘယ်လိုဖျက်ရပါ့ ဆိုတဲ့ သက်အောင်...။

ချစ်ရက်နဲ့ အမူလွန်..ကိုယ်ပိုင်ဆုံးဖြတ်ချက်မချတတ်ခဲ့ပဲ နောက်မှ နှမြောတသ နေခဲ့ရတဲ့ မမြအေး...။

ကိုယ်အထင်ကြီးစိတ်ဝင်စားသူက ကိုယ့်ဘက်မရှိမှန်းသေချာမှ ဘက်ပြောင်းချစ်ခဲ့တဲ့ ချော...။ကိုယ့်ခြံမှာလည်း ဝေဆာနေပါရက် တဖက်ခြံက သစ်သီး ကိုယ့်ဘက်ကြွေစေချင်ခဲ့တဲ့ ချော...။

အချစ် ကိုတွေ့နေရက်နဲ့ မထိုက်တန်ခဲ့တဲ့ ထူးမောင်...။အရာရာအဆင်ပြေပါရက်နဲ့ ချစ်သူက ကိုယ့်ကိုယ်ချစ်ပါရက်နဲ့ မမြင်ခဲ့တဲ့ ထူးမောင်...။

ဘာကြောင့်များ အရာဝတ္ထုတစ်ခုကို ကင်းကင်းရှင်းရှင်းနဲ့ တစ်ဦးတည်းပိုင်သောကိုယ် မဖြစ်ရပါလိမ့် ဆိုတဲ့ လတ်လတ်...။စိတ်သဘောထားကောင်းပါရက်နဲ့ စိတ်အပြည့်အဝ မချမ်းသာခဲ့ရလေသော လတ်လတ်...။စုဖုရားလတ်ရဲ့ ကျဆုံးခန်းပေတည်း ဆိုတဲ့ လတ်လတ်...။

ဒီစာအုပ်လေးထဲက ဇာတ်ကောင်တွေရဲ့ dark side ကို ဆရာမက မမြင် မြင်အောင် ပြသပေးမှာပါ။perfect ဖြစ်တဲ့သူမရှိဘူး ဆိုတာကိုလဲ နားလည်လာစေတယ်။အချစ်အကြောင်းဆိုပေမဲ့ "ကိုကို"team တွေ "မောင်" team တွေတွေ့ရမှာမဟုတ်ပါဘူး။ယောက်ျား၊မိန်းမတွေ ရဲ့ မမြင်နိုင်တဲ့ ဘက်ခြမ်းကို လှစ်ဟပြသထားပေးပါတယ်။ဒါကို ယောက်ျားလေးတွေကဖတ်မိရင်တော့မိန်းကလေးတွေရဲ့  ဘယ်လိုအမူအရာ၊အပြုအမူ၊စကားလုံးတွေက ဘယ်လိုဖြစ်နေတယ်ဆိုတာရယ်၊ပြောတာကတစ်မျိုး တကယ်ကတစ်မျိုးဆိုတာတွေ ကြိုတင်ရိပ်မိ ကြိုတင်ပြင်ဆင်နိုင်မှာပဲဖြစ်ပါတယ်🥲။မိန်းက‌ေလး‌ေတွဖတ်မိရင်တော့ ယောက်ျားလေးများ ဘယ်လိုအကွက်ရွေ့မယ်၊ဘယ်လိုထွင်လုံးတွေ လာတော့မယ် ၊ဘယ်လိုစကားတွေနဲ့ချုပ်မယ်ဆိုတာ ကြိုတင်ခန့်မှန်း ၊ကာကွယ်နိုင်မှာပဲဖြစ်ပါတယ်🫢
"အရမ်းချစ်နေကြပြီဆိုပေမဲ့ ဝမ်းမသာသေးနဲ့ဦး"လို့ motiပေးမဲ့စာအုပ်လေး🥹။ဆရာမရဲ့ထုံးစံအတိုင်း လောကကြီးကို (အထူးသဖြင့် အချစ်ဆိုတာကို)အရှိ အရှိအတိုင်း မြင်တတ်အောင်ပြပေးမဲ့ စာအုပ်လေးပါရှင်။ဆောင်ရန် ၊ရှောင်ရန်တွေ သင်ယူရမဲ့ စာအုပ်လေးမို့ ဖတ်စေချင်ပါတယ်။
ကဲ...စုံတွဲလိုက် တူတူဖတ်ပြီး အချစ်ဆိုသောအရာ ကို တူတူအဖြေရှာ ငြင်းခုံဆွေးနွေး(ရန်ဖြစ်😂)နိုင်ကြပါပြီနော်...။
               အချစ်ဆိုသောအရာ မိုးမိုး(အင်းလျား)
               Review by -ဝဿန်အေးချမ်း

Keep Reading

အာရုံစူးစိုက်မှုပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်အချိန်ဆွဲတဲ့အကျင့်ဆိုးစိတ်ဓာတ်ကျနေတဲ့အခါအချိန်ဆွဲတာကိုကုစားမယ် စိတ်ညစ်စရာကြားကဆေးတစ်ခွက်အင်တာနက်နဲ့ လူနေမှုဘဝ လိုမှသုံးပါညဖြူဖြူ သူတော်စင်ရူး သူခိုးငရိုးရှောင်တာက ကြောက်ခြင်းမဟုတ်