Author's Profile Photo

မောင်ဘုန်း

22/03/2025

တစ်ဦးကိုတစ်ဦး တကယ်ချစ်ကြတဲ့ချစ်သူစုံတွဲတွေမှာ သေချာပေါက်တွေ့ရတဲ့အချက်များ

1 min read
Life Style
Novel
SarPhatနဲ့အတူနွှဲစာပေပြိုင်ပွဲ


💠 - ဦးစားပေးတယ်

အချစ်ရေးတစ်ခု ရေရှည်တည်တံ့စေတဲ့အရေးကြီးဆုံးအရာတွေထဲကတစ်ခုကတော့ တစ်ယောက်ကိုတစ်ယောက် အလေးထားဆက်ဆံမှုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်ရှိတဲ့ အချစ်ဖြစ်ဖို့ဆိုတာ အချိန် ၊ ဒုက္ခဆင်းရဲတွေနဲ့အခြေအနေအမျိုးမျိုး ဖြတ်ကျော်ပြီးမှရလာတာပါ။

တကယ်ချစ်တယ်ဆိုရင် ဘယ်သူကပိုပြီးအနစ်နာခံပေးဆပ်ရမယ်ဆိုတာထက် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဦးစားပေးဆက်ဆံကြတာဖြစ်ပါတယ်။

💠 - ဂရုစိုက်ကြတယ်

လေးလေးနက်နက်ချစ်ကြတဲ့ချစ်သူစုံတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက် တကယ်အလေးထားဂရုစိုက်ကြပါတယ်။ မျက်နှာအမူအယာလေးပြောင်းတာကနေစလို့ အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ကြတာမျိုးဖြစ်ပါတယ်။

ကိုယ့်ချစ်သူရဲ့ခံစားချက်ကို သိရဖို့အမြဲလမ်းဖွင့်ပေးထားသလို နှစ်ဦးအကြားကဆက်ဆံရေးမှာ အဖုအထစ်ဖြစ်မယ့်အရာတွေကို လည်း ချက်ချင်းရှင်းပစ်ကြပါတယ်။

💠 - ပျော်ရွှင်ကြတယ်

အချစ်ကြောင့် သက်သက်တော့ အမြဲတမ်းပျော်နိုင်ဖို့ မလွယ်ပါဘူး။ တစ်ယောက်ပေါ်တစ်ယောက် လေးစားမြတ်နိုးပြီး သံယောဇဉ်မြဲတဲ့စုံတွဲတွေကတော့ သူတို့ရထားတဲ့ဘဝအတွက် ကျေနပ်ပျော်ရွှင်ကြပါတယ်။

သူတို့အတွက် ဒီလိုအချစ်မျိုးရ တာကိုဂုဏ်ယူနေတတ်သလို ကံကောင်းတယ်လို့လည်း အမြဲခံယူထားကြသူတွေဖြစ်ပါတယ်။

💠 - ရင်ဆိုင်ရဲတယ်

လူတစ်ယောက်ကို တကယ်ချစ်လာပြီဆိုရင် သူနဲ့ပတ်သက်တဲ့အဆိုးအကောင်းတွေအပြင် ကြုံလာတဲ့အခက်အခဲအားလုံးကိုပါ ရင်ဆိုင်ဖြေရှင်းပေးဖို့သတ္တိတွေ ၊ ခွန်အားတွေရှိလာပါတယ်။ အဆိုးဆုံးအချိန်တွေမှာလည်း အနားကမခွာဘဲ အမြဲအားပေးတတ်ကြပါတယ်ခင်ဗျာ။

#forward_only
#Relationship_advice
#credit

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးစိတ်ညစ်စရာကြားကဆေးတစ်ခွက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်လေးဆယ် - အလိုကြီးအရနည်း ဟိုလိုလို ဒီလိုလို ဝေလည်လည်စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းစာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၉-၁၄)