Author's Profile Photo

Dream for GREEN - Myanmar

22/03/2025

World Water Day 2025 💧

1 min read
General Knowledge
Environment & Sustainability
World Water Day 2025 💧's photo

သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးတဲ့ Greenies လေးတို့ရေ … 🍀
မတ်လ ၂၂ ရက်နေ့ဟာ “World Water Day” ကမ္ဘာ့ ရေအရင်းအမြစ်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်

၂၀၂၅ ခုနှစ်အတွက် ဆောင်ပုဒ်လေးကတော့ “Glacier Preservation“ ဖြစ်ပြီး ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ် ဆိုတဲ့အတိုင်း ရေခဲတောင်တွေ လျင်လျင်မြန်မြန် အရည်ပျော်လာခြင်းရဲ့ နောက်ဆက်တွဲ သဘာဝဘေးတွေကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ မကြုံရလေအောင် ကြိုတင်ကာကွယ်ရမယ်ဆိုတဲ့ သတင်းစကားလေး ပါးလိုက်ချင်တာ ဖြစ်ပါတယ်… 🗻

ကမ္ဘာတဝှမ်းမှာ သန်း ၂၂၀၀ သော လူသားတွေက သန့်ရှင်းလတ်ဆတ်သော ရေကို ရရှိသုံးစွဲဖို့ အခက်အခဲကြုံနေကြရပြီး ရေခဲတောင်တွေ အရည်ပျော်ခြင်းက ရလာတဲ့ ရေအရင်းအမြစ်တွေဟာ ကမ္ဘာပေါ်က သက်ရှိတွေအတွက် အလွန်အရေးပါတာ ဖြစ်ပါတယ်… 💦

မြောက်ဝင်ရိုးစွန်းနဲ့ တောင်ဝင်ရိုးစွန်းက ရေခဲတောင်တွေ လျင်မြန်စွာ အရည်ပျော်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ Global Warming ကမ်ဘာကြီး ပူနွေးလာခြင်း မဖြစ်ရအောင် Greenhouse Gas ထုတ်လွှတ်ခြင်းကို လျှော့ချကြဖို့ တိုက်တွန်းလိုက်ရပါတယ်… 💨


ကိုးကားချက် (References):
https://www.genevaenvironmentnetwork.org/events/world-water-day-2025/
https://www.un.org/en/observances/water-day/background

Ğŕėēñïëś လေးတို့ မျှဝေချင်တာလေးတွေ၊ အကြံပြုချင်တာလေးတွေ ရှိရင်
Facebook 👉 https://www.facebook.com/dreamforgreenmyanmar
Instagram 👉 https://www.instagram.com/dreamforgreen.myanmar/
Youtube 👉 https://www.youtube.com/channel/UCcoeghnZc88UBLiDk6Nueqw/featured
Tiktok 👉 https://www.tiktok.com/@dreamforgreenmyanmar တွေမှာ အချိန်မရွေး ဆက်သွယ် အကြံပြုလို့ ရပါတယ် …

#DreamforGREEN #စိမ်းလန်းခြင်းအတွက်အိပ်မက် #GREENforAllonEarth #WorldWaterDay2025

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအကျိုးဆက်ရလဒ်ကသာ အရေးကြီးဆုံးပါစာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းစာစောင်လေးဆယ့်တစ် - ပန်းတိုင်သို့အရောက်တက်လှမ်းခြင်းအာရုံများနေခဲ့ရင်ဘာလုပ်သင့်လဲစာစောင်သုံးဆယ့်ကိုး - အကြီးမားဆုံးဆုလာဘ်စာစောင်သုံးဆယ့်လေး-နေ့စဉ်နဲ့အမျှကြိုးစားခြင်းဧကရာဇ်မင်း၏ အတွေးမှတ်စု စာစောင်ငါး (၂၆-၃၂) အကျင့်ဆိုးဖျောက်နည်းကိုယ့်ကိုယ်ကိုယ်ကုစားနည်း