မောင်ဘုန်း
1️⃣ အမှားပေါင်းများစွာ
2️⃣ အကျိုးမဲ့ပေါင်းများစွာ
3️⃣ ဆုံးရှုံးမှုပေါင်းများစွာကို
အကောင်းဆုံးသော တားဆီးပေးတဲ့နည်းပါပဲ။
➡️ ဒေါသနဲ့ပြောတဲ့ စကားတွေဟာ ဉာဏ်ပညာကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ ကျေးဇူးသိတတ်သော စိတ်ကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ မေတ္တာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ အကြင်နာတရားကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ အနှစ်နှစ်အလလ ချစ်ခဲ့သမျှတွေကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ သည်းခံစိတ် ခန္တီတရားကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ အတိတ်က ကောင်းခဲ့တာတွေကိုလည်း ဖျက်ဆီးနိုင်တယ်။
➡️ အနာဂါတ်အတွက် မျှော်လင့်ချက် အိပ်မက်တွေကိုလည်း ဖျက်ဆီးပစ်နိုင်တယ်။
1️⃣ သူငယ်ချင်းဘဝတွေ
2️⃣ လုပ်ဖော်ကိုင်ဖက်ဘဝတွေ
3️⃣ ညအစ်ကို မောင်နှမဘဝတွေ
4️⃣ ချစ်သူရည်းစားဘဝတွေ
5️⃣ မသားစုဘဝတွေရဲ့
ချစ်ခင်ညီညွတ်နေမှုတွေကို တစ်စစီ တစ်စစီ ကြေမွပြိုကွဲသွားအောင် ဖြိုခွင်းနိုင်တယ်။
💅 ဒေါသထွက်လာတဲ့အခါ
အကောင်းဓာတ်တွေ ပျောက်ဆုံးသွားတယ်။
➡️ ပါပဆိုတဲ့ မကောင်းဓာတ်တွေ ဝင်စီးလွှမ်းမိုးလာတယ်။
➡️ ယဉ်ကျေးတဲ့ အမူအရာတွေ ပျောက်ဆုံးသွားတယ်။
➡️ ရိုင်းစိုင်းတဲ့အမူအရာတွေ ထွက်ပေါ်လာတယ်။
➡️ ချစ်စရာအကောင်းဆုံးရုပ်က ကြောက်စရာအကောင်းဆုံးရုပ်အဖြစ် ပြောင်းလဲသွားတယ်။
⏩ အမှန်အမှား မခွဲခြားနိုင်တော့ဘူး။
⏩ အကောင်းအဆိုး မတွက်ဆနိုင်တော့ဘူး။
➡️ စကားတွေဟာ မှားပြီးရင်း ဆက်မှား နေတတ်တယ်။
⏩ ဆူပွက်နေတဲ့ နှလုံးသားကို ဉာဏ်ပညာက တားဆီးနိုင်စွမ်း မရှိတော့ဘူး။
👉 ဒါကြောင့် တစ်ခဏတာ ဒေါသစကားတွေက တစ်ဘဝစာ ကြေမွအောင် ဖျက်ဆီးပစ်နိုင်တာမို ချစ်ကြတဲ့ ...
1️⃣ သူငယ်ချင်း အချင်းချင်း
2️⃣ ညီအစ်ကို မောင်နှမအချင်းချင်း
3️⃣ ချစ်သူရည်းစား အချင်းချင်း
4️⃣ မိသားစု အချင်းချင်း
5️⃣ ဆရာတပည့် အချင်းချင်း
6️⃣ လုပ်ဖော်ကိုင်ဖက် အချင်းချင်း
7️⃣ ရင်းနှီးကျွမ်းဝင်သူ အချင်းချင်း
အခန့်မသင့်လို ဒေါသထွက်ကြတဲ့အခါ စကားမပြောဖြစ်အောင် နေပေးကြပါ 👈
Keep Reading