Author's Profile Photo

မောင်ဘုန်း

19/03/2025

ကိုယ့်ချစ်သူက Bad Mood ဖြစ်နေချိန် မလုပ်သင့်သည့် အရာများ

1 min read
Life Style
Novel
Motivation

ဘဝကြီးက မအေးအေးဝင်းစီစဉ်တာ မဟုတ်လို့ ပျော်စရာအချိန်တွေပဲ ရှိတာ မဟုတ်ပါဘူး။ လူတိုင်းမှာ စိတ်ညစ်တဲ့အချိန်၊ Bad Mood ဝင်တတ်တဲ့ အချိန်ဆိုတာ ရှိတတ်ကြပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူက bad mood ဖြစ်နေတဲ့ အချိန်မှာ သူ့စိတ်အခြေအနေ ပိုဆိုးသွားတာမျိုးမဖြစ်အောင် မလုပ်သင့်တဲ့ အရာ၄ခုကိုပြောပြပေးလိုက်ပါတယ်။

🖇️ ပစ်မထားပါနဲ့

သူဖြစ်တာ ငါဖြစ်တာမှမဟုတ်တာ၊ ငါနဲ့ မဆိုင်ဘူးဆိုပြီး ပစ်ထားတာမျိုး မလုပ်ပါနဲ့။သူပြောတာတွေ နားထောင်ပြီးအားပေးပါ။သူ့စိတ်ခံစားချက်ကို နားလည်ပေးပါ။ အတတ်နိုင်ဆုံး ဘေးမှာနေပြီး အားပေးနှစ်သိမ့်ပါ။စိတ်သက်သာရာရအောင်၊ ပျော်ရွှင်အောင် ကူညီပေးပါ။

🖇️ Negative ဆန်စွာ မတုံ့ပြန်ပါနဲ့။

သူ့ခံစားချက်တွေကို နားမလည်ပေးနိုင်တောင်မှ negative ဆန်စွာ မတုံ့ပြန်ပါနဲ့။ ငါ့ချစ်သူက ငါ့အပေါ်ဒီလိုတုံ့ပြန်တာပဲဆိုပြီး စိတ်အခြေအနေ ပိုဆိုးသွားနိုင်သလို ကိုယ့်အပေါ်လည်း ဒေါသထွက်နိုင်ပါတယ်။

🖇️ သင့်ခံစားချက်ကို ဦးစားမပေးပါနဲ့။

သူများစိတ်ညစ်နေတဲ့အချိန်၊ စိတ်အ‌ ခြေ အ နေ မကောင်း ဖြစ်နေတဲ့ အချိန်မှာ ကိုယ့်ခံစားချက်ကို ဦးစားပေးပြီး ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လုပ်ချင်တာတွေကို လုပ်တာ မဖြစ်သင့်ပါဘူး။ Bad Mood ဝင်တဲ့သူဟာ ကိုယ့်ရဲ့ ချစ်သူ၊ သူငယ်ချင်း၊ မိသားစုဝင်ဖြစ်နေမယ်ဆိုရင် ပိုလို့တောင် ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားမပေးသင့်ပါဘူး။

🖇️ ထပ်ပြီး ပြဿနာ မရှာပါနဲ့။

Bad Mood ဝင်နေတဲ့ အချိန်မှာ ကိုယ့်ကို ဂရုမစိုက်တာမျိုး၊ ပစ်ထားတာမျိုးဆို နားလည်ပေးလိုက်ပါ။ အဲ့ဒါတွေပါ ထပ်ပြီး သင်က ပြဿနာရှာမိတာမျိုး၊ ကိုယ့်ရဲ့စိတ်တိုင်းမကျမှုတွေကိုပါ ပြဿနာရှာတာမျိုး မလုပ်မိပါစေနဲ့။သူ့ရဲ့စိတ်အခြေအနေ ပိုဆိုးသွားပါလိမ့်မယ်။


#Moon
#Relationship_advice

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးပဲဟင်းတစ်ခွက် ဂုဏ်ယူလျက်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအဆုံးသည်......စာစောင်သုံးဆယ် - အရင်းအမြစ်ပြည့်စုံခြင်းအသစ်နှင့်အဟောင်းပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စာစောင်သုံးဆယ့်နှစ်-ကိုယ့်ကိုယ်ကိုယ်နှစ်သိမ့်ခြင်းစာဖတ်ခြင်းအလေ့အကျင့်ကို မြှင့်တင်ပေးမယ့် နည်းလမ်းကောင်းများ...ရပ်တန့်ရမယ့်အချိန်