Author's Profile Photo

Tain Hlwar Nge

4/04/2024

နာကျင်စရာများလွန်းတော့ လူရောစိတ်ပါထုံအသွားတာထင်ပါရဲ့....။

1 min read
Life Style
Personal Development
နာကျင်စရာများလွန်းတော့ လူရောစိတ်ပါထုံအသွားတာထင်ပါရဲ့....။'s photo

ထိသမျှ ဒဏ်ရာတွေက နာနေတာမို့

အရင်ကလို ထစ်ကနဲရှိ ဆေးထည့်ဖို့ပဲတတ်တဲ့

ကောင်မလေးမဟုတ်တော့ဘူးရယ်

ခိုက်မိတဲ့ ဒဏ်ရာတွေကို အံ့ကြိတ်ခံရင်း

နာကျင်မှုဆိုတဲ့ ခံစားချက်ကြားမှာ

ဟန်ဆောင်ပြီးပြုံးတတ်နေပါပြီလေ

ပျော်ပျော်ကြီး ရယ်တတ်နေပါပြီလေ

လောကဓံကပေးတဲ့ မျက်နှာဖုံးထင်ပါရဲ့

အဆင်မပြေမှုတွေကြားမှာလည်း မငိုတတ်တော့ပဲ

ဟန်ဆောင်ကာ ရယ်မောတတ်နေလေရဲ့

တစ်ခါတစ်ခါ နာကျင်စရာတစ်ချို့ကိုပါလှောင်ပြောင်ပြီး

ဟက်ဟက်ပက်ပက်ရယ်တတ်နေလေရဲ့

အခုဆို ရင့်ကျက်တယ်ဆိုတာထက်

နာကျင်စရာများလွန်းတော့ လူရောစိတ်ပါ

ထုံအသွားတာထင်ပါရဲ့

လောကကြီးကိုတောင် ဟားတိုက်တတ်နေပြီလေ....။

#ngalngal #ငယ်သွေးမြိုင်

Keep Reading

စာစောင်နှစ်ဆယ့်ရှစ်-လက်ကျန်အချိန်တိုလေးအာရုံစူးစိုက်မှုဒေါင်လိုက်ဒရာမာ (Vertical Drama)စိတ်ညစ်စရာကြားကဆေးတစ်ခွက်ပါပီလွန်နှင့်ဗင်ဂို စာအုပ်ထဲက နိုးစက်စိတ်ဓာတ်ကျနေတဲ့အခါရှောင်တာက ကြောက်ခြင်းမဟုတ်စာစောင်နှစ်ဆယ့်ကိုး-စိတ်ရောကိုယ်ပါပြုပြင်ပြောင်းလဲခြင်းအချိန်ဆွဲတာကိုကုစားမယ် "ငိုလို့မရတော့ဘူး ဆိုလျှင်