Aung Thu Ya Kyaw
အိမ်ငှားပေးတဲ့ အခါမှာ
လက်ရှိ နေနေတဲ့သူ ရှိရင် အရမ်းအားနာမိတယ်။
အိမ်ငှားတယ် ဆိုပေမယ့်
သတ်မှတ်ရက် မတိုင်မီ
ငှားရမ်းသူပိုင်တဲ့ အိမ်ပါ။
အိမ်ရှင်ဖြစ်တဲ့ အလျောက်
အိမ်ရှင် ခွင့်ပြုချက်ဆိုတာ
လိုကို လိုပါတယ်။
တနေ့က ကိုယ်တိုင် ငှားပေးခဲ့တဲ့
အိမ်ငှား မိသားစု စီ သွားခဲ့တယ်။
သွားခဲ့တာကလည်း
အိမ်ရှင် အနေနဲ့
လာမဲ့ ၁၅ ရက်နေ့ ပြည့်ပြီ ဖြစ်ကြောင်း
ထို့ကြောင့် ဆက်ငှားပေးရန်
ပြောခဲ့တာကြောင့်ပါ။
ပုံမှန်ဆိုလျင်
တစ်ခါတည်း ၁၆ ရက်နေ့ရမည်ဆိုပြီး
တစ်ခါတည်း အငှားနဲ့ ချိတ်ပေးတယ်။
သို့ပေမယ့် ဒီတစ်ခေါက်တော့
အိမ်ငှား အစ်မစီသွားတယ်
ဆက်ငှားဖြစ် မဖြစ်နဲ့ အခြေအနေလေး
မေးခဲ့ပါတယ်။
တက္ကသိုလ်တွေ နောက်ဆုပ် စာမေးပွဲ
ဖြေရမှာ ဖြစ်တဲ့ အတွက်ကြောင့်
နောက်ထပ် ၁၅ ရက် မတ်လ အကုန်မှ
ရမယ် ပြောလာတော့...
တော်သေးတာပေါ့လို့...
ခေါင်းထဲတွေးမိလိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် အငှားဆိုတာ
ဘယ်နေ့ဆင်းရမယ် ဆိုတာ မှန်ပေမယ့်
သူ့မှာလည်း ရက်မတိုင်မီ အရေးကြီးတာ
လေးတွေ ရှိနေနိုင်ပါတယ်။
တစ်ခါကတော့ ဒီလိုမမေးမိဘဲ
လုပ်ခဲ့မိတာကြောင့် ဒီတစ်ခေါက်တော့
မမှားရအောင် အရင်မေးမိတာ မှန်သွားတယ်။
အဓိက ပြောချင်တာက အခုမှစတာပါ။
အိမ်ငှား အစ်မ အနေနဲ့
"ကြားထဲ လာပြလို့ ရတယ်နော်..."
ပြောပေမယ့်။
ကျွန်တော် မပြရက်ပါဘူး...
ဘယ်လိုပဲဖြစ်ဖြစ်
ငှားရမ်းစဉ်ကာလအတွင်း
တစ်ခြားသူက ကိုယ့်အိမ်ထဲလာကြည့်တာ
ဘယ်လိုအဆင်ပြေနိုင်ပါ့မလဲ။
စိတ်ထဲမှာတော့
ကျွန်တော်သာဆို အားငယ်စိတ်
ဘာရယ်မဟုတ်ပေမယ့် ဝင်မိတယ်။
ဒါက တစ်ဖက်သားကို ခံစားပေးတတ်ခြင်း
ဖြစ်ပါတယ်။
အိမ်ရှင်အနေနဲ့ အရင်က
ကိုယ်ကပိုင်ပေမယ့်
အခု သူများကို ငှားထားလျင်
ခဏခဏ ၀င်ကြည့်တာ
ကြားထဲ ဧည့်သည်တွေကို
အိမ်ပြတာတွေ ငှားရမ်းကာလအတွင်း
မလုပ်စေချင်ဘူး။
အိမ်ငှား ဘ၀ဟာ
အရမ်း အားငယ်ဖို့ကောင်းတယ်။
ဒါကြောင့် လူတိုင်း
လုံခြုံစိတ်ချပြီး နွေးထွေးတဲ့အိမ်လေး
ပိုင်ဆိုင်စေချင်တယ်။
#MyanmarRealtyAgent
Keep Reading